.

AlinShin

Wednesday, February 5, 2014

လက်ပတောင်းတောင်နှင့် လယ်တီဆရာတော် ( ခ )

Photo: လက်ပတောင်းတောင်နှင့် 
☀ ☀ ☀ ☀ ☀ ☀  လယ်တီဆရာတော် ( ခ )
 “ဒကာ ကိုသားစိုး နဲ့ ဒကာကိုမင်းစံ ၊ ကိုတိုးကြီးတို့ရေ  .. ’’
“အခုတို့ရေးတဲ့ လယ်တီနဲ့လက်ပတောင်းတောင်သမိုင်းကို’’
 “နားကြားသူလှပျိုဖြူတစ်ယောက်တော့ တိုးပြန်သကွ ’’

“မှန်ပ့ါဘုရား . . ’’ 
“ဘယ်သူများတုန်းဘုရား’’

“သြော်  ..  အခြားသူဟုတ်ရိုးလား ဒကာကိုသားစိုးရယ်  ..  ဒကာတို့ရုံးက
လှပျိုဖြူ        မေလေး လေ။’’
“တို့ဓမ္မသာစ္ဆာစကားဝိုင်းကတော့ တစ်ယောက်ကစတစ်ရာဆိုသလိုဖြစ်နေပြီ’’
“ဒကာကိုသားစိုးရေ  .. ’’
“အမှန်ဆိုတော့လည်း ’’ 
 “တို့ဗုဒ္ဓမြတ်စွာတောင် သူ့ရဲအသင်္ချေများစွာသောပါရမီခရီးမှ ဗုဒ္ဓဖြစ်တယ်ဆိုဆို
ခြင်း နားကြားသူလူပရိတ်သတ်က ၊ ငါးပါးထဲပဲမဟုတ်လား။’’
“ကဲ  .. တို့တွေ ’’
 “လယ်တီနဲ့လက်ပတောင်းကိုပြန်ဆက်ကြရအောင် ’’

“မှန်ပါ့ဘုရား’’

“ဒကာတို့ရေ  .. .’’
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုလေ့လာရင် အနော်ရထာမင်းကို ချန်လှပ်ထားလို့မ
ဘူးကွ။ ဒီကနေ့မြန်မာလူမျိုးတွေယဉ်ကျေးတယ်ဆိုတာ အနော်ရထာကြိုးစားခဲ့
တဲ့ ရှင်အရဟံမထေရ်မြတ်ရဲ့အားထုတ်မှု့ ဗုဒ္ဓ၀ါဒရဲ့ အငွေ့အသက်တွေပဲဆိုတာ
တာသမိုင်းသက်သေခံတယ်နော် . . ၊။

“မှန်ပါဘုရား’’  
“ဒါ့ကြောင့်လည်း သာသနာအစပုဂံကလို့ပြောကြသလို’’
အနောရထားမင်းနဲ့ ရှင်အရဟံကိုလည်းတွဲပြီး ကြည်ညိုတက်ကြပါတယ်ဘုရား။

“ ဟုတ်ပါတယ်  .. ဒကာကိုမင်းစံ’’
အဲဒီလိုသာသာဟာ အခုတိုင်နှစ်ကလာပရိစ္ဆေဒတွေကြာလာတာနဲ့အမျှ ၊ တို့ 
မြန်မာနိုင်ငံမှာ ဗုဒ္ဓစာပေတွေကို မြန်မာလိုဖတ်လို့ရလာတယ် ။ နားလည်လာကြ
တယ်။ အဲလိုနားလည်ဖို့အတွက် ကျမ်းပြုအကျော်အမော်တွေရဲ့ကျေးဇူးတွေပေါ့
ဒကာ ကိုမင်းစံရယ် ’’ 

“မှန်ပါ့ဘုရား ’’ 
“အမိန့်ရှိပါဘုရား ’’

“ တို့ အခုပြောတဲ့ ကျမ်းပြုဟာဘယ်သူတွေတုန်းလို့မေးရင်’’
အများသိကြတဲ့ ရှင်မဟာဗုဒ္ဓဃေ သတို့ကို ဝေးလွန်းလို့ခဏထားပါဦး။
အဲဒီအထဲကမှ  မြန်မာလို သံခိပ်တွေလင်္ကာတွေနဲ့ ဖန်တီးခဲ့တဲ့ လယ်တီဆရာ
တော်တစ်ဆူတစ်ပါးဆိုတာ အမြူတေကြီးပါကွာ။
သူတို့ခေတ်အခါက လယ်တီဆရာတော်ပြုစုတဲ့ သံခပ်ကျမ်းတွေဆိုတာ ပလူပျံ
အောင်လူကြီးမိဘများရကြတယ်ကွ။ ဒါတင်ပဲလားဆိုရင် “ဒီပနီ’’နာမည်နဲ့ဖွင့်ဆို
ရေးသားခဲ့တဲ့ကျမ်းတွေဟာ မြန်မာစာတက်တဲ့သူမှန်သမျှ ဘုရားရှင်အဆုံးအမ
များကိုသိနိုင်သွားတယ်။ ဟိုးအထက်ကဆရာတော်ဘုရားကြီးများဟာ သကဋ၊
ဗြာကရဏဘင်္ဂလီ ၊ နာဂရီကျမ်း စတာတွေကိုထုံးချေမွှေနှောက်ခြောက်ခြား
တော်မူခဲ့သော်လည်း မြန်မာလိုမရေးခဲ့ကြဘူးကွ။ ပါဠိလိုတွေပဲ ရေးမှတ်ခဲ့ကြ
တာ။ ဒါကို လယ်တီဆရာတော်က သနားတော်မူရာက အဘိဓာန်အလင်္ကာ၊
သဒ္ဒါပုဒ်ပဌ် ၊ရုပ်ဓာတ်ပစ္စည်း ဆန်းနည်းမတ္တရာ၊ဂါထာဖွဲ့မှုအစုစိုတို့ကို တခုမ
ကျန် ပိဋကတ်ကိုမွှေနှောက်ခြောက်ခြားကာ တို့သူငှာတွေဖတ်နိုင်သိနိုင်ဖို့ကို
အပင်ပန်းခံပြီး ခက်ဆစ်တစ်မျိုး ဥပါယ်တမျဉ်တစ်ဖုံ ကျမ်းရိုးကိုအနွယ်လိုက်
ကာ “ ဒီပနီ’’ရယ်လို့ကျမ်းနာမည်ပေး စာတွေရေးခဲ့တာပါ။ ဒီနေ့ခေတ်လူငယ်
တွေမဖတ်ကြလို့ ဗုဒ္ဓဘာသာဆိုတာဘာမှန်းမသိတာပါ။ 

“ ဟာ  .. ’’ “ဆရာတော်ပြောမှပဲ ဒီလိုကို ဒီလောက်အထိ’’
“ထူးမြတ်တဲ့ဆရာတော်ကြီးပါလားလို့ အံ့တောင်အံ့သြပါရဲ့ဘုရား’’

“အေးပေါ့ ဒကာကိုမင်းစံရယ် ’’
ပတ္တမြားဆန်ကျိုးလေးကို ကျုပ်တို့က တစ်သိန်းလောက်ရရင်ပဲအတော်ရပြီ
လို့ ပျှော်နေတာကိုဗျ။ ဟို မိုးကုတ်သား ကျောက်ဆရာလက်ထဲလည်းရောက်
သွားရော အဲဒီဆန်ကျိုးပတ္တမြားက ငမောက်တဲ့  . .ဗျ။ အဖိုးကတော့ ပြည်နိုင်
ငံအထိကို တန်သွားတယ်  . . မဟုတ်လား’’
“ဒီလိုပဲ ဒကာကိုမင်းစံ ’’ “လယ်တီရဲ့ဂုဏ်ကျေးဇူးဟာ’’ မိုးကုတ်သားကျောက်
ဆရာသာဓကလိုပဲ  .. ဗျ။

“မှန်ပါ့ဘုရား’’  
 “အခုအရှင်ဘုရားလို  မိုးကုတ်သားကျောက်ဆရာလက်ထဲရောက်သွားတဲ့ 
လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီကျမ်းတွေက ပြည်တန်အဖိုးအနဂ္ဃဖြစ်
သွားသလိုပေါ့  . .ဘုရား။

“ကဲ  . .ရှိပါစေတော့  ..ဒကာရယ်’’  
“လိုရင်းပြန်ဆက်ကြရအောင် ’’ 

တို့မထေရ်ကျော်ကြီးဟာ မင်းတို့ငါတိုထင်ထားသလို ပိဋကတ်ဆိုတဲ့ပင်လယ်
သမုဒ္ဒရာကြီးကိုသာ သည်မှာဘက်ကမ်းမှနေ ဟိုမှာဘက်ကမ်းဆီသို့ ကူးခပ်
နိုင်ခဲ့တာမဟုတ်ဘူး  .. ကွ။ 
မြန်မာနိုင်ငံအ၀ှမ်းလုံးမှာရှိတဲ့ တော်တွေတောင်တွေ မြိုင်ဂနိုင်တွေမှာလည်းပဲ
ဝါတော်အလီလီသုံးတယ်၊  တောရဆောက်တည်ကာတောငွေ့တောင်ငွေ့မှာ 
ကမ္မဋ္ဌာန်းအဆီနဲ့ပျှော်မွေ့နေရင်းနဲ့ပဲ သူကျင့်ခဲ့တဲ့ အကျင့်စရဏကျမ်းများကို
“မဟာသရဏဂုံဒီပနီကျမ်း’’ စသည်ဖြင့် ရေးသားပြီး နှောင်းလူတို့အတွက် ကျင့်
စဉ်မြတ်များအဖြစ်အပင်းပန်းခံရေးသားပြုစုခဲ့တယ်လေကွာ။

“ ဆရာတော်ရယ် ’’  “ဘုရားတပည့်တော် ’’
“ကြက်သည်းမွှေးညှင်းများထာကကြည်ညိုမိပါရောလား  . . ဘုရား။’’

“အေး  . .ထရမယ် ကြွရမယ် ဒကာရဲ့’’ 
“ဒီလိုခံစားကိုခံစားရမယ်’’
“ဒါလောဘမဟုတ်ဘူးကွ ဒေါသမဟုတ်ဘူးကွ။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်၊ကရုဏာဓာတ်စတဲ့ အဟုန်အငွေ့တွေဟာ 
ငါပြောနေတဲ့အခိုက်မှာ မင်းရဲ့စိတ်ထဲမှာ ပကတိရှိနေတဲ့ စာလိုပြောတော့ . . 
ပသန္နာနံ ဗုဒ္ဓဓမ္မသံဃကို ကြည်ညိုနေတဲ့စိတ်ဟာ ဘိယောဘာဝယ ပိုပြီးတော့ 
တိုးတိုး တိုးတိုးလာတယ် ဒီရေတိုးသလို မသိမသာမသိမသာလေး ကြည်ညိုစိတ်
တွေတစ်ဖွားဖွားတိုးလာတာပဲ  .. ကွ။ 
ဒီလိုဖြစ်ဖို့ဆိုတာ မင်းမှာမူလဓာတ်ခံပဋိသန္ဓေစိတ်ရှိလို့ဖြစ်တာပါ။

“မှန်ပါ့ဘုရား’’
“ဆရာတော်ရဲ့ အလင်းစကားများကြောင့်လည်းပါပါတယ်ဘုရား’’

“မဟုတ် ဘူးဒကာ မင်းစံရဲ့’’
“ဒီလိုကြည်ညိုတဲ့စိတ်ဖြစ်ဖို့ဆိုတာ  .. ကာယကံရှင်နဲ့ပဲဆိုင်တယ်’’
ဒီအကြောင်းကို ရှင်းပြရင် လက်ပတောင်းတောင်လိုရင်ပြောက်သွားမှာမို့ပါ။
နဲနဲတော့အခုပြောရင်း နွယ်ပြီးပြောပြပါ့မယ်။  .. 

“မှန်ပါ့ဘုရား’’  
“ကျေးဇူးတင်ပါတယ်ဘုရား’’ 

“အခု  .. တရုတ်ဝမ်ပေါင်ဖြိုချနေတဲ့ ’’
လက်ပတောင်းတောင်ဆိုတာ လယ်တီဆရာတော်ဘုရားကြီး “အဋ္ဌတိံသတိမ’’
ခေါ်(၃၈)၀ါမြောက်ဝါဆိုဝါကပ်တော်မူခဲ့တဲ့တောင်ပဲ ဒကာကိုမင်းစံရဲ့။
မြန်မာသက္ကရာဇ် ၁၂၆၅-ခုနှစ် ၀ါတွင်းကာလ (AD -1903- ခုနှစ် ဇူလိုင်လ) မှာ
နိရုတ္ထိဒီပနီကျမ်းကိုရေးသားလို့အပြီး လက်ပတောင်းတောင်မှာဝါဆိုဝါကပ်ခဲ့တာ
ပါ။ မုံရွာမြို့မှာနေတဲ့ အမိန့်တော်ရ မောင့်ကြော့၊ မောင်စံလင်းတို့က ဆရာတော်
ဘုရားကြီးလက်ပတောင်းတောင်တောထဲမှာ သီတင်းသုံးရန် ၀ါဆိုစင်္ကြံကျောင်း
တစ်ဆောင်ကို ဆရာတော်မကြွမီအမြန်ဆောက်လှူခဲ့ကြတယ်ကွ။ 
“ကဲ’’ “အဲလို အမွေအနှစ်တွေဟာ ’’ 
“မကြည်ညိုသူတွေအတွက်တော့ မြေပြင်ဖြစ်သွားတယ်မဟုတ်လား’’
“အာဏာအတွက် စက်တင်ဘာမှာ သံဃာတွေကိုသေနတ်နဲ့ပစ်သတ်တယ်။’’
“အာဏာအတွက် ပြည်သူပိုင်ပစ္စည်တွေကိုငါပိုင်လုပ်တဲ့အပြင် အခုလို ရှေး
ဟောင်းအမွေအနှစ်တွေကိုလည်း မိုင်းခွဲ့နေပြီပဲမဟုတ်လား’’ 
သူတို့ကို ဘယ်လိုမှတရားဟောလို့မရဘူး . .  “ဒကာကိုမင်းစံ’’ ဘာဖြစ်လို့လဲ
ဆိုရင် သူတို့ရဲ့ ပဋိသန္ဓေစိတ်မှာ ဗုဒ္ဓဓမ္မသံဃဆိုတဲ့ အမြတ်ဓာတ်အမြိုက်ဓာတ်
တွေ မွေကတည်းက ပါမလာခဲ့ဘူး ’’  
“မိရိုးဘဖရိုး ဗုဒ္ဓဘာသာများအဖြစ်နဲ့သာဖြတ်သန်းကြီးပြင်းလာခဲ့ကြတာလေ’’
ဒီတော့သူတို့ရဲ့စိတ်မှာ လောဘစိတ် ဒေါသစိတ် မောဟစိတ်တွေကြီးပဲကိန်း
နေတာ။  ရတနာသုံးပါးကို သူတို့က ယတြာခြေဖို့လောက်ပဲသဘောထားကိုး
ကွယ်ပြီး သူတို့ရင်ထဲမှာတော့ တကယ့်ကို ဗုဒ္ဓဓာတ်တွေကိန်းနေတယ်လို့ထင်
နေတယ်။’’
“အမှန်က ’’ “သူတို့ရင်ထဲမှာရှိနေတာက ’’
“လောဘဓာတ်၊ဒေါသဓာတ်၊မောဟဓာတ်တွေ  . .ပဲ ဒကာကိုမင်းစံ’’

“ဆရာတော် ’’  
“ ဆရာတော်ဟာ . .  တယ်လည်း ’’
“အမြင်ပေါက်အောင်ပြောနိုင်ပါရောလားဘုရား’’

“သြော်  .. ဒကာရယ် ’’  
“လယ်တီဒီပနီနဲ့ကြီးပြင်းလာခဲ့မှတော့’’
“ဒီအရွယ်မှမမြီးမပေါက်တဲ့မြောက် ဘယ်အရွယ်အမြီးပေါက်ပမတုန်း’’
တို့ဟာ လယ်တီဆရာတော်ရဲ့တပည့်ရင်း သေက္ချတောင်ဆရာတော်ဦးတိလော
ကရေးသားတဲ့ “ပဏ္ဍိတဝေဒနိယကျမ်း’’ ကို ကိုရင်ဘ၀ကတည်းက ဖတ်ခဲ့မှတ်
ခဲ့တာ ဒကာရ။  ဒါ့ကြောင့် သိတယ်လို့ဆိုသော်လည်း ဒီနေ့ခေတ်က Color 
သမားတွေအတွက်ပဲ အလုပ်ဖြစ်တာကို ဒကာရဲ့။ တို့က Black and Wihe 
တွေမဟုတ်လား ။

“ကဲ  .. ကဲ  တို့စကားက’’ 
လက်ပတောင်းတောင်ကိုမပတ်နိုင်သေးဘူးဖြစ်နေတယ် 
“ကဲ . . ’’  
“ပတ်လိုက်ကြရအောင် ဒကာမင်းစံရဲ’’

“မှန်ပါ့ဘုရား ’’ 

“ အဲဒီ  ’’အခါသမယဆီတုန်းက  . .
လက်ပတောင်းတောင်အပါအ၀င် ချင်းတွင်းမြစ်ကို ရဲ့အနောက်ဖက်ကမ်းမှာ ယှဉ်ပြီးရှိနေတဲ့တောင်တွေဟာ စပယ်တောင်၊မြရိပ်တောင်၊ ကြေးစင်တောင်၊
ကျောက်မျက်တောင်၊ ရွှေဘုံသာတောင်၊ ဖိုလ်ဝင်တောင် ဆိုပြီးတောင်တွေများ
စွာရှိတယ်ဆိုပဲ . . .။ အဲဒီတောင်တွေဟာ ဟိုးတစ်ချိန်က မီးတောင်ဟောင်းတွေ
ဖြစ်ခဲ့တယ်လို့လည်းမှတ်သားရတယ်။ အဲဒီအထဲကမှ လက်ပတောင်းတောင်က
တောင်သုံးလုံးဖိုကနောက်ဆိုင်နေတဲ့တောင်ကြောကြီးလို့ဆိုတယ်။ တောင်ရဲ့အ
လယ်မှာ လျှိုမြောင်တွေ မရေနိုင်အောင်ပေါတယ်တဲ့ . . ။ ထူးခြားတာကတော့
လက်ပတောင်းတောင်မှာ တောင်ထွတ်ပေါင်း (၃၃)လုံးတိတိရှိတယ် . . ကွ။ 
တောင်ကုန်းတွေ တောင်တန်းတွေရဲ့ဆင်ခြေလျောတွေမှာ ဆူးချုံ၊ ချုံနွယ်၊ စတဲ့
သဘာဝပေါက်ပင်တွေပေါက်ရောက်ကြောင်းလည်းဆိုတယ်။ လက်ပံတောင်း
တောင်ကြီးရဲ့ မြောက်ဘက်မှာတော့  .  . ‘ညောင်ပင်ကြီးဆိပ်ကမ်းရွာ’၊ ရှိပြီး
အနောက်မြောက်ဘက်မှာတော့ ‘ကျော်ရွာ’ ‘တောင်ပလူရွာ’ရှိတယ်။အနောက်
ဘက်မှာတော့ အခုလက်ရှိသပိတ်စခန်းအဖြစ်နာမည်ကြီးတဲ့  ‘မိုးကြိုးပြင်ရွာ’ 
တောင်ဘက်မှာလည်း တုံရွာသပိတ်စန်းလို့အခုနာမည်ကြီးတဲ့ ‘တုံရွာ’ ‘ဖေါင်းက
တာရွာ’  ‘ဆားထုံးရွာ’ နဲ့ ‘ဆားလင်းကြီးရွာ’ တွေဟာ တို့လက်ပတောင်းတောင်
ကြီးကို ရံထားလေရဲ့ . . ။

“မှန်ပါဘုရား’’

“မှန်ပါမလုပ်နဲ့ဦး ’’   “တို့ဆရာဒကနှစ်ဦး ’’
“လက်ပတောင်းတောင်ကိုပတ်ဖို့အချိန်တော်တော်ယူလိုက်ရတယ်နော် ’’

“ဟား ဟား ဟား ’’  
“ကြာတယ်ဆိုပေမယ့် ’’ 
“မျက်စေ့လည်လေ ဖိုးသူတော်ဆံရလေကိန်းပါပဲဆရာတော်  . .ရယ် ’’
တပည့်တော်တို့အတွက် ဗဟုသုတများ စုံရတာပေါ့ဘုရား။

“အခြားကြောင့်တော့မဟုတ်ဘူး ’’
“အခု ဦးဇင်းနဲ့တကာ ’’
“ပြောဆိုဆွေးနွေးသမျှကို ဖုန်းနဲ့ Recor လုပ်ထားတာဒကာရဲ့ ’’
ဒကာပြန်သွားတာနဲ့ အသံဖွင့်ပြီး စာချရေးကာ ဖေ့ဘွတ်ပေါ်ကို 
ဓမ္မဒါနဝေငှရမယ်လေ’’

“သြော် . . .’’  “အဆင်သင့်လိုက်တာဘုရား’’
“တပည့်တော်ကလည်း တပည့်တော်ခံစားသိရှိရသလို ’’
“အများသိစေချင်လို့ ဆရာတော်ကိုလျှောက်ထားမလိုပါဘုရား။’’
အခုတော့ ဖေ့ဘွတ်ပေါ်က စာဖတ်ပရိတ်သတ်များလည်း 
သုတများတိုးပွား စေတာပေါ့ဘုရား’’
“ဒါဆိုရင် ဆရာတော်လည်း ပန်းနေရော့ပြီဘုရား ’’
စာလည်းရေးရဦးမှာဆိုတော့  .. တပည့်တော် မနက်ဖန် ဆွမ်းစားပြီးတော့မှာ
ဆက်လာလာရောက်နာယူမှတ်သားပါ့မယ်ဘုရား’’

“အင်း ’’  “ဒကာကိုမင်းစံက တယ်လဲအလိုက်သိသကိုး’’
သာဓုပါ သာဓုပါ သာဓုပါဒကာတော် 
ဒီကနေ့ဟောကြနာကြရသမျှ ဗုဒ္ဓပသန္နာ၊ ဓမ္မပသန္နာ၊သံဃပသန္နာစိတ်ဂုဏ်
ဟိတ်ကြောင့် အားလုံးသော သူတော်ကောင်းတွေ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေ
ရဲ့ဘေးရန်အသွယ်သွယ်နဲ့ ၀န်ကြီးတွေရဲ့နယ်လှည့်ပါးရိုက်ခံရမယ့်ဘေးကနေ
ကင်းဝေးကြပါစေ  .. ဗျာ။ 

“ဆရာတော်ဘုရား’’
“ဒီလိုဆုတောင်းမျိုးကို တပည့်တော် ပိုသဘောကြလို့’’အိမ်ရောက်တဲ့အထိ
ဆရာတော်ဟောကြားတဲ့ ဗုဒ္ဓပသန္နာ၊ ဓမ္မပသန္နာ၊သံဃပသန္နာစိတ်ဂုဏ်ဟိတ်
တွေကို ထုံးမွှမ်းပြီးသွားပါမယ့်ဘုရား။’’

“အေး  . .အေး သာဓုပါ ဗျာ။
☛ ☛ ☛ ☛ ☛ ဆက်ရန် ☛  ☛  ☛  ☛
► ►ကိုးကား
လယ်တီဂန္တ၀င်ကျော်များ(လယ်တီဦးလှပိုင်)
မိုးကြိုးပြင်မှကျောက်လက်နက်များနှင့်မုံရွာခရိုင်မှကျောက်လက်နက်များ
သုတေသနပြုလေ့လာခြင်း၊(ဦးသန်းထွန်းအောင်၊ပညာရေးဝန်ကြီးဌာန)

█ ░ အလင်းရှင် ░ █

“ဒါလောဘမဟုတ်ဘူးကွ ဒေါသမဟုတ်ဘူးကွ။ ဆရာတော်ဘုရားကြီးရဲ့

 မေတ္တာဓာတ်၊ကရုဏာဓာတ်စတဲ့ အဟုန်အငွေ့တွေဟာ

လက်ပတောင်းတောင်အပါအ၀င် ချင်းတွင်းမြစ်ကို ရဲ့အနောက်ဖက်ကမ်းမှာ 

ယှဉ်ပြီးရှိနေတဲ့တောင်တွေဟာ စပယ်တောင်၊မြရိပ်တောင်၊ ကြေးစင်တောင်၊

အိပ်ချင်ဟန်ဆောင်သူသည် အနှိုးရခက်သည်။

အိပ်ချင်ဟန်ဆောင်သူသည် 
♥  ♥  ♥  ♥  ♥  ♥  အနှိုးရခက်သည်။
“ခေါ်  . . ခေါ . .  ခေါ် . . .’’
“ခေါ်  . . ခေါ . .  ခေါ်. . .’’

“ ဒကာ ကိုသားစိုး’’
“အဲဒီတစ်ခေါခေါနဲ့အသံဟာဘာသံတုန်း ဒကာရဲ့’’

“မှန်လှပါဘုရား ’’
“လက်ပတောင်းတောင်လယ်တီသိမ်ဖျက်မယ့်အရေးမှာ
အွန်းလိုင်းပေါ်က ရုပ်စုံများတင်သခင်အမည်
တပ်လော်ဘီများမသိဟန်ဆောင်အိပ်ပျှော်နေဟန်ဆောင်တဲ့အသံပါဘုရား’’
ထိုနည်းတူစွာပါပဲဘုရား’’ 
“လယ်တီသိမ်အတွက်လည်း’’ 
“သူတို့ကစစ်ခွေးလော်ဘီများဖြစ်လေတော့ ’’ ..  
“(၅၉-စ)အကွက်နဲ့ရူးချင်ဟန်ဆောင်နေကြပါတယ်ဘုရား’’

“သြော် . . ’’
“ဒါဆို မှတ်တောင်ထားရဦးမှာပေါ့  ..နော် ’’
►► သတင်းဖြစ်စဉ်အကျဉ်း◄ ◄
လက်ပံတောင်းဒေသတွင် မသွဲ့သွဲ့ဝင်းအပါအဝင် ဒေသခံ၇ဦး ခေတ္တထိန်းသိမ်းခံရ
ကိုတိုးကြီး| ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၅ရက်၊ ၂၀၁၄ခုနှစ်။
ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းကြေးနီ စီမံကိန်းအတွက် မြေယာလျော်ကြေး မယူထားသူများ၏ မြေပေါ်၌ ဖေဖော်ဝါရီလ ၅ရက် နံနက်တွင် ကုမ္ပဏီက ခြံခတ်၊ မြေညှိရာက စကာ ဝက်မှေးကျေးရွာဟောင်းက ဒေသခံများနှင့် အာဏာပိုင်များ ပဋိပက္ခဖြစ်ပြီး ဒေသခံ ၇ဦးကိုခေတ္တ အထိန်းသိမ်း ခံခဲ့ရသည်။
ယင်းသို့ ဖမ်းဆီးထိန်းသိမ်း ခံရသူများသည် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ ကိုသိန်းနိုင်ဝင်း၊ ကိုအာနိုး၊ မစိန်၊ မဆယ်တင်နှင့် မအေးနက်တို့ဖြစ်ပြီး ၎င်းတို့ ၇ဦးကို အချုပ်ကားပေါ်တွင် ဖေဖော်ဝါရီလ ၅ရက် နံနက်က ဖမ်းဆီးခဲ့ပြီး ညနေ ၆နာရီတွင် ဒေသခံနှင့် ဒေသအာဏာပိုင်ရဲများ ညှိနှိုင်းကာ ပြန်လည် လွှတ်ပေးခဲ့သည်။
ယင်းသို့ ပြန်လွှတ်ပေးခြင်းသည် အပြည့်အဝ ပြေလည်မှု ရရှိမှု မဟုတ်ဘဲ ကုမ္ပဏီ ဘက်က မြေညှိခြင်း၊ ခြံခတ်ခြင်း ရှေ့တိုးလုပ်ဆောင်တိုင်း အချုပ်ကား ပေါ်တွင် ဖမ်းဆီးသူ တစ်ယောက်ကို ပြန်လည်လွှတ်ပေးသည့် ပုံစံဖြင့် ၇ဦးစလုံး ပြန်လွတ် မြောက်လာခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၅ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး ယူမထားသည့် ဝက်မှေးရွာဟောင်း ရွာသားများ၏ လယ်မြေပေါ်တွင် မြေညှိခြင်း၊ ခြံဝန်းခတ်ခြင်း
များ လုပ်မည်ဟု သတင်းရထားသဖြင့် ဝက်မှေးရွာဟောင်း ရွာသားများက ညအိပ် စောင့်ခဲ့သည်။ ၅ရက်နေ့ နံနက် ၄နာရီတွင် ကုမ္ပဏီ ဝန်ထမ်းများ ရောက်ရှိလာကာ မြေညှိခြင်း၊ ခြံခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့သဖြင့် စစ်ကိုင်း တိုင်းအတွင်း ရဲတပ်ရင်းနှစ်ရင်းက ရဲမှူးများအပါအဝင် ရဲအင်အား ၄၀၀ခန့်ရောက်ရှိ 
လာပြီး ညှိနှိုင်းပေးခဲ့ရသည်။
ထိုသို့ ရဲအာဏာပိုင်များက လာရောက်ညှိနှိုင်းသော်လည်း ပြေလည်မှုမရဘဲ ရဲအာဏာပိုင်များနှင့် ဒေသခံတို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မသွဲ့သွဲ့ဝင်း အပါအဝင် ၇ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
Photo Caption>>>>>> လက်ပံတောင်းဒေသရှိ အာဏာပိုင်ရဲများက ဝက်မှေးရွာဟောင်းမှ ဒေသခံ မသွဲ့သွဲ့ဝင်းကို ဖေဖော်ဝါရီလ ၅ရက် နံနက်က ဖမ်းဆီးထိန်းသိမ်းစဉ်။ (ဓာတ်ပုံ- ကိုတိုးကြီး၊ မဇ္ဈိမ)
█ ░ အလင်းရှင် ░ █

ါ်

█ ░ အလင်းရှင် ░

လက်ပတောင်းတောင်နှင့် လယ်တီဆရာတော်သမိုင်း(က)

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/t1/q71/s720x720/62951_458047634322102_1261287496_n.jpg

“ဒီနေ့ညတော့ ’’
“ကိုယ်ဖေါ်တဲ့ဆေးကို ကိုယ်ပြန်စားရပေတော့မည်။’’
အကြောင်းမူကား . .၊
မိမိသည် လက်ပတောင်းတောင်ရှိလယ်တီသိမ်နှင့်စေတီတို့အား ၀မ်ပေါင်ဦးပိုင်
တို့ ဖျက်ကြမည်ရွေ့ကြမည်ကို မဖျက်သင့်ကြောင်းမရွေ့ပြောင်းသင့်ကြောင်း
ဆောင်းပါးများ ၀တ္ထုတိုများ ကဗျာများဖြင့် ရေးသားတင်ပြခဲ့သည်။
အဲဒီလို ရေးသားမှုကြောင့် အွန်လိုင်းပေါ်ရှိ ဒကာများက လယ်တီဆရာတော်နဲ့
လက်ပံတောင်းတောင်တို့ပတ်သက်မှုကိုသိလိုကြသည်။ တိုက်ရိုက်မေးလျှောက်
လာသူကတော့ .. အမျိုးဘာသာသာသနာကို စာလုံးအမည်းကြီးကပ်ရုံတင်မ
က နှလုံးသားထဲမှာပင် ဗုဒ္ဓတံဆိပ်ရိုက်နှိပ်ထားသည်ဟူသော .. ဒကာ မင်းစံ
တို့အဖွဲ့ပင် . . တည်း။
အွန်လိုင်းပေါ်တွင် ၊ ကိုယ့်ဓာတ်ပုံကိုတင်၊ အမျိုးသားရေးဟုစာတပ်ကပ်၊
တကယ်တမ်းကတော့ စစ်ခွေးလော်ဘီနဲ့ မွတ်ဒေါင်းလော်ဘီတွေကိုလည်း
တွေ့ရသည်။ သက်သေပြရရင် ..
မြန်မာနိုင်ငံ Sea Games မှာတော့ အမျိုးသားရေးဆိုပြီး Games လိုက်ကြတာ
ဖေ့ဘွတ်ပေါ်မှာ ရှုတ်ရှက်ခက်နေတာပဲ။ ဒါနဲ့ အလင်းရှင်သည် ၎င်းတို့အားအ
မြင်ကပ်၍ ဘလော့ပစ်လိုက်သည်။ အမြင်ကပ်သည်ဆိုတာ ၊ Sea Games ကို
အလင်းရှင်အားမပေးလို၍မဟုတ်၊ Rice Games ကို နှပ်မှန်ကြတဲ့ သန်းပေါင်း
များစွာသော ဆင်းရဲသားကြောမွဲလူတမ်းစားများအတွက် စိတ်မကောင်းဖြစ်မိ
လို့ပါ။ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ ဆိုသော ကျေးလက်စကားအရ
Rice Games မမှန်တော့ ရပ်ကွက်ထဲကဘုန်းကြီးကျောင်းလည်းမှန်မှန်မရောက်
ဖြစ်။ ဒီလိုသံဃာနဲ့ဝေးတော့ အသိတရားတွေသည်လည်း ကင်းကွာရတော့တာ
ပေါ့။ ဒါ့ကြောင့် ‘အူမတောင့်မှသီလစောင့်နိုင်တယ်’ ဆိုတဲ့ ကျေးလက်စကား
ပုံလေးက အတော်ကိုသဘာဝကျပါသည်။
ဒါ့ကြောင့် ‘မယောင်ရာဆီလူး’ တက်ကြသော ဓလေ့စွဲအကျင့်လေးများကို ပ
ပျောက်စေရန် အလင်းရှင်သည် ထို Sea Gmaes ကာလတွင် ကဗျာပေါင်းများ
စွာရေး၍ ပြည်သူကို အလင်းပေးခဲ့ဖူးပါသည်။ ကိုယ်ကျင့်တရားဟူသည် ထမင်း
နပ်မှန်မှလည်း တည်နိုင်သည်။ ဒီလိုပြောလို့ အလင်းရှင်ကို စကားကပ်ပြောမယ်
မကြံပါနဲ့။ အလင်းရှင်ကိုးကားသောစကားများသည်ကား ပိဋကတ်ကိုလွှတ်၍
မပြောပါ။ ရံခါတွင် ဘုရားအလောင်းတော်ကြီးများသည်လည်း ပါရမီဖြည့်ရာ
တွင် မိသားစုရဲ့အသက်ဘေးအတွက် ‘ခိုးဝှက်’ရသောအလုပ်များကိုလုပ်ခဲ့ရ
သေးသည်။
(စာကြွင်း -ထိုဘုရားအလောင်းတော်ကြီးများသည်မုသားတော့မပြောကြပါ)
ထို့ကြောင့် မြန်မာပြည်သူလူထုအတွက် အရေးကြီးသည်ကား ထမင်းနပ်မှန်ရေး
ပင်ဖြစ်သလို ဥရောပသားများအတွက်တော့ ပေါင်မုန့်ရှိမှဖြစ်မည်။ ထို့ကြောင့်
အွန်လိုင်းပေါ်တွင် ကိုယ်ဓာတ်ပုံပြကာ စစ်ခွေးလော်ဘီများမွတ်ဒေါင်းလော်ဘီ
များသည် ပြည်သူကို ‘သတင်းအမှောင်အလင်းအမှောင်ဖြင့်’ ဖုံးဖိသတ်ရန်အား
ထုတ်နေကြသည်။ ဒါ့ကိုမသိသော အွန်လိုင်းသုံးလူငယ်အချို့က “အဟုတ်ထင်
အပုတ်ဘင်ဟုမသိကြ’’ ဘဲ .. အမျိုးသားရေးအမျိုးသားရေး . . ဘာသာရေး ..
ဘာသာရေးဟု လက်သီးလက်မောင်းတန်းကာ ဘာမှန်းမသိသော ဂလယ်အူ
ကြောင်ယောင်တောင်တောင်နဲ့ ထမင်းငတ်ပြည်သူများရဲ့တကယ့်အရေးတ
ကယ်ဘေးကိုမားမားမတ်မတ်ရပ်တည်ရာမှာကိုတော့ မေ့လျှော့နေကြသည်။
သတိထားကြည့်ပါ။ အွန်လိုင်းတွင်သခင်တပ်ပြီး ဓာတ်ပုံပြနေကြတဲ့အချို့သော
သူတွေဟာ ပြည်သူ့အတွက်မားမားမတ်မတ်မရပ်ပါဘူး။ ဥပမာပြောမယ်။
မီတခတွေ တစ်ယူနစ်(၅၀) ကျပ်တက်မယ်လို့ လျှပ်စစ်ဝန်ကြီးကကြော်ငြာတဲ
အခါ အစောကပြောနေတဲ့ သခင်တပ်ပြီး အမျိုးသားရေးဝါဒီတွေ မသိဟန်
ဆောင်နေကြပါတယ်။ အခြားထောင်ထွက်များကသာ မြို့တော်ခန်းမရှေ့မှာ
ဖယောင်တိုင်မီးထွန်းပြီးဆန္ဒပြလို့ ပုဒ်မ၁၈နဲ့တရားဆွဲခံရပါတယ်။ တရားသူကြီး
က ထောင်ဒါဏ်(၃)လဖြစ်စေ ဒါဏ်ငွေ တစ်သောင်းကျပ်ဖြစ်စေ ကျခံစေရမယ်
လို့အမိန့်ချခဲ့ရာ အမှုလိုက်ရှေ့နေဦးရောဘတ်စန်းအောင်က ထောင်ဒါဏ်သုံးလ
အစား ဒါဏ်ငွေတစ်သောင်းဆောင်ပေးခဲ့ရပါတယ်။ (ထိုသတင်းရေးပြီးပြီ)
အခုလည်း ၀န်ကြီးအုန်းမြင့်ကပါးရိုက်မယ်လုပ်တာကို သခင်အမည်တပ်တဲ့
ကောင်တွေ ဆန္ဒပြကြပါသလား? ဆိုတာ စာဖတ်သူများသတင်းတွေဖတ်ကြည်
ပါ။ လက်ပတောင်းတောင်မှာ ပြည်သူဘက်ကရပ်တည်နေတာတွေဟာ ဖေ့
ဘွတ်ပေါ်က ဓာတ်ပုံပြစားနေတဲ့ သူတွေမပါဘူး။
(ဒီအကြောင်းသိချင်ရင်အလင်းရှင်ရေးသားပြီးသောဆောင်းပါးများရှာဖတ်ပါ။)
ဒေါ်နော်အုန်းလှတို့အဖွဲ့၊ ဟန်ဝင်းအောင်တို့ မသွဲ့သွဲ့ဝင်းတို့ ၊နောက် နေမျိုးဇင်
(ဗိုလ်ကြီးဟောင်း) တို့စတဲ့အဖွဲ့တွေပါ။တိတိကျကျ သိချင်သပ
ဆိုရင်အခုပေးထားတဲ့ဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းလို့ရပါတယ်။
ဆက်သွယ်ရန်ဖုန်း၊၀၉၃၃၀၉၈၂၀၄ ၊၀၉၄၂၀၇၆၈၄၇၄ ၊၀၉၄၂၁၀၇၀၅၉၁
ဒ့ါကြောင့် ဖေါ့ဘွတ်ပေါ်မှာ ဓာတ်ပုံပြလုပ်စားနေတဲ့ စစ်ခွေးလော်ဘီတွေမွတ်
ဒေါင်းလော်ဘီတွေကို သတိထားရှောင်ရှားတက်ဖို့အသိပေးတာပါ။
ကဲ .. အခု လက်ပတောင်းတောင်မှာ လယ်တီသိမ်ကိုနေရာရွေ့မယ်တဲ့ ..

သိမ်ကိုနေရာရွှေ့လို့ရကောင်းတဲ့ အကြောင်း ပိဋကတ်သုံးပုံမှာမှမပါတဲ့အပြင် အဋ္ဌကထာမှာလည်းမပါဘူး နောက် ဋီကာမှာလည်း သိမ်တစ်လုံးကို နေရာအ
စားထားပေးလို့ရတယ်ဆိုတာမပါပ
ါဘူး။
မှတ်ချက်။ စာရှည်မှာကြောင့် သိမ်အကြောင်းကို အလင်းရှင်ေ၇းသားသည့်
http://aungminkhoung.blogspot.com/2014/02/blog-post_5.html
တွင်ဝင်ဖတ်ပါး စာအုပ်ကိုဒေါင်းလုတ်ဆွဲလို့
၇ပါသည်။။
ကဲ . . ဒီအတွက်ကြောင့် မိမိတို့အကောင့်ထဲမှာရှိတဲ့
မျိုးချစ်သူရဲကောင်းတွေ
လယ်တီသိမ်အတွက်ဘယ်လိုများခု
ခံကာကွယ်ပေးသလဲ ? သတင်းဆောင်းပါး
တွေရေးသလဲ ? ဆိုတာ ကိုယ်တိုင်ပဲဖွင့်ကြည့်ရင်သ
ိပါလိမ့်မယ်။ ဖေ့ဘွတ်
က မျိုးချစ်အတုများဟာ (၁)စစ်ခွေးမကောင်းကြောင်းမေ
ပြာတဲ့အပြင် သိန်းစိန်
ကောင်းကြောင်းကိုအမွန်းတင်ပ
ါတယ်။ (၂) ခရိုနီတွေကိုမကောင်းကြောင်း
ဘယ်တော့ မှမပြောဘဲ ခရိုနီတွေဘယ်လိုလှူလိုက်ပြီ
ဆိုတဲ့ စကားကိုတွင်တွင်
ပြောကာ ပိုစ့်တွေတင်နေကြတယ်။ ဒါ့ကြောင့် အလင်းရှင်ကအသဲနာလို့အဲဒီလို
လော်ဘီကောင်တွေကိုဘလော့ပစ်ပ
ါတယ်။ ခရိုနီလှူတယ်ဆိုတာ သန်းခြောက်
ဆယ်ရဲ့ မျက်ရည်သောကတွေပါ။ ဒါကိုလော်ဘီတွေက ပြည်သူကိုအရူးကွက်
နင်းတာ။ မသိရင်ခံရမယ်နော်။ အဲလို လှူလို့ရစတမ်းဆိုရင် အလင်းရှင်ကို (၁၁)
ဘီလျနာမပေးပါနဲ့ ။ တစ်သန်းပဲပေးပါ။ အလင်းရှင် အဲဒီတစ်သန်းစလုံးကိုလှူ
ပစ်ပါ့မယ်။
ပြည်သူပိုင်ကျွန်းသစ်ရေနံသဘ
ာဝဓာတ်ငွေ့ကျောက်စိမ်း ရွှေငွေတွေကို စစ်ခွေး
နဲ့လက်ဝါးခြင်းရိုက်မောင်ပိ
ုင်စီးပြီးမှ အမေရိကန်ဒေါ်လာ (၁၁)ဘီလျနာမက
သောငွေတွေကိုပိုင်ပြီးမှ ဒုက္ခရောက်နေတဲ့မလေးရှားကမြန
်မာတွေကိုလေယဉ်
အလားကားနဲ့ပြန်ခေါ်တာကိုကျေး
ဇူးရှင်ဆိုရင်တော့ . . ပြောတဲပါးစပ်များကို
ချေးသာသုတ်ထားလိုက်ပါတော့လု
ိ့ ဆိုပါရစေ။
မလေးမှကျွန်သွားခံရတာဟာ ခရိုနီတွေစစ်ခွေးနဲ့လက်ဝါးရ
ိုက်ပြီး သယံဇာတ
တွေမှန်သမျှအိပ်ကပ်ထဲထည့်လိ
ု့ အလုပ်လက်မဲ့မြေယာမဲ့တွေဖြစ်လို့ သူများနိုင်
ငံကျွန်သွားခံရတာပါ။ (အခုအလင်းရှင်ပြောတာဟုတ်မဟု
တ်မလေးပြန်လူတွေ
ကိုမေးကြည့်ပါ။)
ကဲ . .ရေးတာကတော့ လယ်တီသိမ်နဲ့လက်ပတောင်းတောင
်ပဲ ဒါပေမယ်
စကားကလိုရင်းမရောက်ဘူး။ မနက်ဖန်မနက်မှပဲ လယ်တီနဲ့လက်ပတောင်း
တောင်အကြောင်ကိုဆက်ရေးပေးပါ
့မယ်။ ဆက်ရန်လို့သဘောထားပေးပါ။
☛ ☛ ☛ ☛ ☛ ဆက်ရန် ☛ ☛ ☛ ☛
အထူးမှတ်ချက် ။ ။ ။
အွန်လိုင်းပေါ်ရှိဓမ္မစစ်ပြည်
သူများကိုမဆိုလိုပါ။ လော်ဘီများကိုသာ။
သိမ်အကြောင်းသိလိုပါကအောက်ပ
ါလင့်တွင်စာအုပ်ကိုဒေါင်းယူနိုင်သည်။
http://aungminkhoung.blogspot.com/2014/02/blog-post_5.html

█ ░ အလင်းရှင် ░ █

သာသာတော်အနာဂါတ်အတွက်အရေးပါသောလယ်တီသိမ်နှင့်သိမ်အကြောင်းသိကောင်းစရာ

“ဆရာတော်ဖေ့ဘွတ်ပေါ်မှာရော ဘလော့ပေါ်မှာပါ။ ’’
လယ်တီသိမ်ကိုမဖျက်ရန် အထူးကန့်ကွက်တော်မူတာကိုဖတ်ရပါတယ်ဘုရား။’’
သာသနာတော်အတွက် သိမ်ဟာအရေးကြီးတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာသိမ်
တွေအများကြီးပဲမဟုတ်လား . . ဘုရား’’

“ကဲ .. ’’
“ဒကာ . မင်းစံ’’ “တည့်လျှောက်၊တည့်မေးစမ်းပါ။’’
“ဝေ့၀ိုက်မနေပါနဲ့’’ “မင်းလည်းသိချင်တာကိုတည့်မေး’’
“ငါလည်းမင်းမေးခွန်းကိုသိတယ်မသိဘူးဖြေနိုင်တယ်မဖြေနိုင်ဘူးဆိုတာ
တည့်ပြောမယ်ကွာ။’’

“မှန်လှပါဘုရား’’
မြန်မာနိုင်ငံမှာ သိမ်တွေအများကြီးရှိပါတယ်ဘုရား၊ ဟိုးစစ်ဖြစ်တုန်းကလည်း
သိမ်တွေပျက်စီးခဲ့တာတွေလည်းရှိပါတယ်ဘုရား။ အခု လယ်တီသိမ်ကိုလည်း
ပဲ အစိုးရက အစားပြန်ဆောက်ပေးမယ်ဆိုတော့ သင့်လျှော်တယ်မဟုတ်ဘူး
လားဘုရား။’’

“ဒီမယ် . .ဒကာမင်းစံ’’
မင်းမေးတဲ့ “သင့်လျှော်တယ်မဟုတ်ဘူးလား’’ကို
“သင့်လျှော်တယ်လို့ဖြေတဲ့ ရဟန်းဖြစ်စေ ၊ လူဖြစ်စေ အဲဒီပုဂ္ဂိုလ်ဟာ’’
ပုခုံနှစ်ဘက်ကြားခေါင်းပေါက်တဲ့ လူစစ်စစ်မဟုတ်ဘဲ တရိစ္ဆာန်စစ်စစ်သာ
ဖြစ်တယ်လို့ .. မှတ်ပါ။’’ “မင်းမေးတဲ့မေးခွန်းကို ပိဋကက်စာပေတွေထဲကထုတ်
ပြီးဖြေစရာတောင်မလိုဘူး မင်းကိုပဲပြန်မေးတဲ့မေးခွန်းကအဖြေဖြစ်နေတယ်’’

“မှန်ပါ့ဘုရား အမေးရှိပါဘုရား’’

“ကဲ . . မေးမယ်ဒကာရေ’’
“ ပုဂံမှာဘုရားတွေ လက်ညှိုးထိုးမလွဲဘူး ဒီတော့ကများပြားလှတဲ့ဘုရားစေတီ
ပုထိုးများကို ထိမ်းသိမ်းစောင့်ရှောက်ရတာခက်ခဲတယ်၊ ဒါ့ကြောင့်အာနန္ဒာ၊ဓမ္မရံ
စတဲ့နာမည်ကြီးတဲ့ပုထိုးစေတီတော်များကိုသာထားပြီးကျန်တဲ့ဘုရားပုထိုတွေ
ဖျက်ပြစ်ရင်မကောင်းဘူးလား? “ကဲ .. ဖြေစမ်း ဒကာတော်’’

“ဟာ .. ဆရာတော်က တပည့်တော်ကို အ၀ီစိဆွဲချတဲ့မေးခွန်းပဲဘုရား’’

“ဒကာမင်းစံ .. ဖြေမှာသာဖြေပါ’’
“ဝေ့ပတ်မနေနဲ့လေ ’’
“ဒကာကိုယ်တိုင်ပဲ ဦးဇင်းကိုစမေးတာ သိမ်တွေအများပဲ ၊အခုလယ်တီသိမ်ကို
အစိုးရကဖျက်ပြီး အစားတစ်နေရာသူ့ထက်ကောင်းတဲ့သိမ်တစ်လုံးပြန်ဆောက်
ပေးရင် ရတယ်မဟုတ်ဘူးလား’’ လို့မေးတယ်နော် . .
“ဒါ့ကြောင့် ဦးဇင်းကလည်းပဲ ခင်ဗျားကိုပြန်မေးခွန်းထုတ်တာပါ။’’
ပုဂံမှာဘုရားတွေအများကြီးပဲ ၊ နေရာရွေ့ပြီး ပြန်တည်ရင်မကောင်းဘူးလား?
နောက်ပြီတော့ ဘုရားတွေက အိုနေပြီလေ . .’’
“ဒီမယ် ဒကာကိုမင်းစံ’’ ရှေးဆရတော်ဘုရားကြီးများက သိမ်ဟာမြတ်လွန်းလို့ သိမ်တစ်ဆူတစ်လုံးဖြစ်ဖို့ခက်လွန်းလို့ (၀ိနည်းမှာသိမ်သဒ္ဒါလိင်) ဆိုပြီးစာချိုး
ကာပမာပေးကြတယ်။
(မှတ်ချက်)သိမ်နဲ့ပတ်သတ်လို့သိချင်ရင်အောက်ပါလင့်တွင် ၀င်ရောက်ဒေါင်းယူ
ဖတ်ရှုနိုင်ပါတယ်။
“ဆရာတော်အမေးနဲ့တင်တပည့်တော် သဘောအမှန်သိရပါပြီဘုရား’’
“ဒါဆို လယ်တီသိမ်ကိုဖျက်တဲ့သူဟာ .. ထောက်ခံတဲ့သူဟာ ..
မကန့်ကွက်တဲ့သူဟာ .. ခပ်ရိုင်းရိုင်းပြောရရင် ဗုဒ္ဓဘာသာစစ်စစ်မဟုတ်တဲ့
လူ့ပဲပေါ့ဘုရား ’’

“ဒ့ါပေါ့ဒကာရယ်’’ “နောက်ပြီးလယ်တီဆရာတော်ဆိုတာ သာမညဆရာတော်
မဟုတ်ဘူးကွ’’ “ပရိယတ္တိကို ထုံလိုချေရေလိုနှောက်နိုင်သလို ပဋိပတ္တိအရာမှာ
လည်း အမြူတေကြီးတစ်ပါး . .ကွဲ့ ။ “ဒကာတို့က ကိစ္စများမြောင်လူတို့ဘောင်’’
မှာနေနေရတော့ စာပေများမလေ့လာနိုင်ဘူးလေ ဒီတော့ လယ်တီဆရာတော်
ရဲ့ ဂုဏ်ကျေးဇူးကို ဘယ်သိပါ့မလဲ။’’

“ဆရာတော်ပြောတာမှန်ပါ့တယ်ဘုရား’’
“နေ့စဉ်ထမ်းနပ်မှန်ဖို့လုံးပန်းနေကြရတဲ့သူက များတယ်လေဘုရား’’
“ဒီတော့ အသိအလိမ္မာဉာဏ်ပညာများလည်း ကန်းသလိုဖြစ်နေတယ်ဘုရား’’

“ အေး . .ဒကာတော်’’
“ဒါ့ကြောင့် ဦးဇင်းဟာ အမုန်းခံပြီး လယ်တီသိမ်နဲ့ပတ်သက်လို့ သံဃာထုကြီးဖြစ်တဲ့ အရှင်သူမြတ်များကိုရော မျိုးချစ်လူငယ်လေးတွေကိုပါ အသိပေးနေရတာပါ။’’

“မှန်လှပါဆရာတော်’’

█ ░ အလင်းရှင် ░ █

Dawnload here  Alinshin - (1).

█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget