.

AlinShin

Friday, June 6, 2014

ယေဓမ္မာ ဟေတုပ္ပဘ၀ါ (အော်ရီဒူးကအကျိုးတရားပါ)

ယေဓမ္မာ ဟေတုပ္ပဘ၀ါ
☀ ☀ ☀ ☀ ☀ ☀ ☀
အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ဗုဒ္ဓကဆိုတယ် သို့သော်
လည်းပဲ ဒီကနေ့မျိုးချစ်လူငယ်တွေက အကြောင်းကိုမသတ်ဘဲ
အကျိုးကိုသတ်နေတယ်။ 
စစ်ခွေးကြောင့် အော်ရီဒူးဆိုတာဖြစ်လာတာပါ။
အော်ရီဒူးကိုမြန်မာပြည်ထဲဝင်ခွင့်ပေးတာက စစ်ခွေးပါ။
စစ်ခွေးကလက်မခံရင် အော်ရီဒူးဝင်ခွင့်မရပါဘူး။
ဒါ့ကြောင့် အော်ရီဒူးကိုတိုက်မယ်ဆိုလည်းတိုက်ပါ လက်ခံပါတယ်။
သို့သော် အကြောင်းကင်းတဲ့အလုပ်တော့မလုပ်ပါနဲ့လို့ပြောချင်ပါတယ်
ဗုဒ္ဓ၀ါဒဟာ အကြောင်းသတ်ဝါဒပါ။ 
အော်ရီဒူးဟာအကျိုးတရားပါ ။ စစ်ခွေးသိန်းစိန်တို့အုပ်စုကအကြောင်း
တရားပါ။ အဲဒီအကြော်းတရားကိုမသတ်ဘဲ အကျိုးတရားကိုသာ
လိုက်သတ်နေမယ်ဆိုရင်  . . ..  ကိုယ့်ကိုယ်ကိုဗုဒ္ဓ၀ါဒလို့မပြောပါနဲ့
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်

မျိုးချစ်စိတ်ဓာတ်နှင့်အတ္တလွန်ပြဿနာ

မျိုးချစ်စိတ်ဆိုတဲ့စကားဆိုရင် တို့မြန်မာပြည်မှာအထူးခက်ဆစ်ဖွင့်ပြစရာ
မလိုဘူး သိကြတယ်။ တကယ်တမ်းတော့ မြန်မာပြည်မှာ မျိုးချစ်စိတ်ဆို
တဲ့ ဝေါဟာရကို ကျင့်သုံးနိုင်ခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်ဆိုတာ အလွန်ရှား
တယ်။ တို့ကြားဖူးတဲ့ “ဦးနု” ဆိုလည်းဒီအတိုင်းပဲ။ မြန်မာနိုင်ငံအစိတ်အ
ပိုင်းလေးတွေကိုတောင် တရုတ်ပြည်ကိုရောင်းစားတယ်ဆိုပဲ။ ကြားဖူး
တာပြောတာနော်၊တိတိပပတော့မသိပါဘူး။ ဒီစကားတကယ်ဟုတ်မယ်
ဆိုရင် “ဦးနု”ကိုနေ၀င်းဖြုတ်ပစ်လိုက်တာလည်းသူ့ရဲ့မျိုးချစ်စိတ်ဓာတ်
အားနည်းတဲ့အကုသိုလ်ဆိုးကြောင့်ပဲဖြစ်မယ်ထင်တယ်။
“နေ၀င်း”ကိုပြန်ကြည့်ြ့ပန်တော့လည်း တစ်ပါတီအာဏာရှင်စနစ်ဆိုးကြီး
နဲ့ပြည်သူကိုစုတ်ပြတ်သတ်စေခဲ့တယ်။ နေ၀င်းရဲ့(မဆလ)လက်ထက်
ကဆို နို့ဆီတစ်ဘူးတောင်မလွန်ရှားပါးတယ်။ ဒါ့ကြောင့်သူလည်းအတ္တ
ကိုမလွန်ဆန်နိုင်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းစာမျက်နှာအပြင် ကမ္ဘာ့သ
မိုင်းစာမျက်နှာမှာပါ “အာဏာရှင်”လူဆိုးကြီးအဖြစ် မှတ်တမ်းဝင်သွား
ခဲ့သလို သူ့သားစဉ်မြေးဆက် လူတောမတိုးတော့ဘူး။
တကယ်တော့မျိုးချစ်စိတ်ဟာ“အလောဘတရား” ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
ခေါင်းဆောင်တွေဟာ အဲလို အလောဘတရားဆိုတဲ့မျိုးချစ်စိတ်ကို နိုင်ငံ
နဲ့လူမျိုးအပေါ်မှာမထားနိုင်ခဲ့ရင် “ကိုယ့်ဘ၀လည်းပျက်ဆီးတာပဲ” အများ
ဘ၀တွေလည်းပျက်ဆီးတာပါပဲ။ ဒါ့ကြောင့် “လူရယ်လို့ဖြစ်လာရင် ရာထူး
အာဏာဓနဂုဏ်ထက် လူဖြစ်ခွင့်ကိုတန်ဘိုးထားတက်ရမယ်” ဓနဥစ္စာ
ရာထူးအာဏာဆိုတာ ကိုယ်ဘ၀ရဲ့သက်တမ်းတစ်လျှောက်လုံးသွား
လာနေရာတိုင်းးကြောမှာကပ်ပါလာတာမျိုးမဟုတ်ဘူး။ အပိုင်းအခြား
ကာလတစ်ခုအနေနဲ့သာရှိနေတာမျိုး။ ကိုယ့်လူ့သတ်တမ်းနဲ့ ရာထူးအာ
ဏာသတ်တမ်းကယှဉ်တွဲကြည့်မယ်ဆိုရင် လူ့သတ်တမ်းကသာများတာ
ဒါ့ကြောင့် လူဖြစ်ခွင့်ကိုသာတန်ဘိုးထားရမယ်။
ဆိုက္ကားသမားနဲ့သန်းကြွယ်သူဌေး ဘာများခြားနားသလဲ? စစ်သားငယ်
ငယ်လေးနဲ့ စစ်ဗိုလ်ချုပ်ကြီး ဘာကွာလဲ? (မဟန)ဥက္ကဘုန်းကြီးနဲ့ ကိုရင်
ငယ်လေး ဘာထူးခြားသလဲ? သေချာတွေးကြည့်ပါ။ ဗုဒ္ဓမြတ်စွာပြောခဲ့
တာလေးတွေကို သေချာဂရုစိုက်ပြီးနှလုးံသွင်းဆင်ခြင်ကြည့်။
“ရူပံ ဘိက္ခဝေ အနတ္တာ” ရဟန်းတို့ ရုပ်တရားကြီးဟာ အတ္တမဟုတ်ဘူးတဲ့။
ဒါဆိုရင် ဒီရုပ်ကြီးကိုမှီတွယ်နေရတဲ့ သာသနာပိုင်(မဟန)ဥက္ကဌ
ဆိုတဲ့ရာထူး ၊ ပြည်သူပိုင်တွေကို ငါပိုင်စီးထားတဲ့ သန်းပေါင်းများ
စွာသော ဒေါ်လာတွေအားလုံးဟာ ဘယ်လိုလုပ် “အတ္တဖြစ်နေမှာတုန်း”။
“အနတ္တနော်”
အချို့ကအလင်းရှင်ကို မမြင်ဘူးလေတော့ “ယုန်ထင်ကြောင်ထင်”ဖြစ်နေ
ကြတယ် ။ တကယ်တော့အလင်းရှင်ဆိုတာ “အတ္တကိုရွံမုန်းတဲ့အနတ္တသ
မား”ပါ။ “အတ္တလွန်ကဲကြသော အာဏာရှင်စနစ်ဆိုးကြီးကြောင့်” ဗုဒ္ဓ၀ါ
ဒတွေပျက်ဆီးပြီး (မဟန)ကြီးဝါဒတွေသာလွှမ်းမိုးနေတဲ့အတွက် အသိ
အလိမ္မာအလင်းဉာဏ်ရပါစေတော့ဆိုတဲ့စေတနာတစ်ခုတည်းနဲ့ရပ်တည်
နေတာပါ။
ကဲ . . မေးကြည့်မယ်။ စစ်ခွေးဆိုးကြီးသန်းရွှေဟာ အတ္တလား အနတ္တ
လား? သူတစ်ယောက်တစ်မိသားစုလေး ကြွယ်ဝချမ်းသာဖို့အတွက် ပေး
ဆပ်လိုက်ရတဲ့ ရဟန်းသံဃာတော်တွေ .. ကျောင်းသားတွေ . . ပြည်
သူလူထုတွေသန်းနဲ့ချီနေတယ်။ စစ်ခွေးဆိုးကြီးဟာ “အာဏာရှင်နေ၀င်း”
ရဲ့ဇာတ်သိမ်းကိုစံနာမူနာယူပြီး အတ္တကိုလျှော်ဖွတ်နိုင်ခဲ့မယ်ဆိုရင် ..
(၁) သံဃာတော်တွေ စစ်တင်ဘာမှာအသတ်မခံရဘူး၊ထောင်မကျဘူး။
(၂) ရှေးဟောင်းသမိုင်းဝင်စေတီ၊သိမ်တွေ အဖြိုမခံရဘူး။
(၃) ရခိုင်မှာ ဘင်္ဂါလီတွေကြီးဆိုးခွင့်မရဘူး၊ရခိုင်ပြည်သူပြည်သားတွေ
မီးလင်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်မယ်။
(၄) ပြည်သူတွေထမင်းတစ်နပ်လျှော့စားစရာမလိုဘူး။
စတဲ့ .. စတဲ့ အတိဒုက္ခအသွယ်သွယ်တို့မြန်မာပြည်မှာဖြစ်ပေါ်စရာ
အကြောင်းမရှိပါဘူး။ အထူးသဖြင့် ရဟန်းသံဃာတော်များကိုကမ္ဘာ
သိအောင် သတ်ပြလိုက်တဲ့လုပ်ရပ်ပါပဲ။ ဒါကဘယ်လောက်အထိနစ်
နာသလဲဆိုရင် ကိုရင်ကြီးခေါ် ရဟန်းဖြစ်ခါနီးဆယ်ကျော်သက်အရွယ်
လေးတွေနဲ့ ရဟန်းပျိုလေးတွေ များစွာဆုံးရှုံးသွားပါတယ်။
ဆယ်ကျော်သက်အရွယ်လေးတွေဆိုတော့ စိတ်အရမ်းတက်ကြွသလို
အကျလည်းမြန်တယ်။ သူတို့အသိဉာဏ်ထဲမှာ “ ဗုဒ္ဓဘာသာသနာ့ဟာ
မငြိမ်းချမ်းတော့ဘူး” “ကိုးကွယ်ရာသံဃာဟာ စစ်ဖိနပ်အောက်မှာအနင်း
ခံအသတ်ခံနေရတယ်” ဆိုတဲ့ Message ဆိုးကြီးတွေရသွားတယ်။
ဒါဟာအနာဂါတ်မြန်မာနိုင်ငံတော်နဲ့ဗုဒ္ဓသာသနာတော်အတွက်ကြီးစွာ
သောဆုံးရှုံးခြင်းရလာဒ်ဆိုးတွေပါပဲ။ ဒီလို အမွေဆိုးတွေဟာ အတ္တလွန်
ပြဿနာကြောင့်ဖြစ်ခဲ့ရတာပဲ။ ခေါင်းဆောင်ဆိုသူတွေမှာ ဘာသာတရား
အဆုံးအမတွေဆိတ်သုန်းခြင်းရဲ့ရလဒ်ဆိုးပဲ။ 
Photo: မျိုးချစ်စိတ်ဓာတ်နှင့်အတ္တလွန်ပြဿနာ
♥  ♥  ♥ ✿ ♥  ♥  ♥ ✿ ♥  ♥  ♥ 

တကယ်နှလုံးသွင်းရမှာက “ ရူပံ အနတ္တာ” ။ ဒါကို စစ်ဏာရှင်လူတစ်စုက
“ရူပံ အတ္တာ”လုပ်ပစ်လိုက်တယ်။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကိုသုံးစားလို့မရအောင်ကို
ဖျက်ဆီးပစ်လိုက်တယ်။ “နံသာဖြူကို အီး” ဖြစ်အောင်လုပ်တယ်။
ဒါ့ကြောင့် ဒီကနေ့မြန်မာနိုင်ငံမှာ ဗုဒ္ဓ၀ါဒဆိုတာ ကျင့်သုံးသူအနည်းအပါး
နှင့် “ကျမ်းစာအုပ်ထဲမှာပဲရှိတော့တယ်” ဒါဟာ အာဏာရှင်စနစ်ဆိုးရဲ့
ရုပ်ကြွင်းတွေကြောင့်ပဲ။ 
ဗုဒ္ဓက သေသေချာချာမှာခဲ့တယ်။ 
“ ရူပံ အနတ္တာ ”၊  
“ဝေဒနာ အနတ္တာ”၊ 
“ သညာ အနတ္တာ” 
 “သင်္ခါရ အနတ္တာ ”။   အဲဒါတွေအကုန်လုံးကို စစ်ခွေးတွေ“အတ္တာ”
လုပ်ပစ်တယ်။ ဗုဒ္ဓသာသသနာတော်ကြီးရဲ့ သံဃာဥသျှောင်တွေကို
လည်း (မဟန)အဖွဲ့ဖွဲ့ပေးလိုက်ပြီး  . . 
“လက်ကိုင်ဖုန်းအတ္တာ”
“မာစီးဒီးအတ္တာ”
“ဆိုက္ကနက် အတ္တာ” တွေထည့်ပေးလိုက်တယ်။ ပုထုဇဉ်ဘုန်းတော်
ကြီးများအတွက်တော့ “ အမဲရိုးခြောက်ကို ခွေးအိုကြီးကိုက်သလို”
ကိုယ့်သွားရည်နဲ့ကိုယ် ချိုနေတာ  .. စိုနေတာ  .. ။ 
ဟိုမှာကြည့်  ..  ပဉ္စ၀ဂ္ဂီငါးပါးကို  . .. 
“ တံ ကိံ မညထ ဘိက္ခဝေ ၊ ရူပံ နိစ္စံဝါ အနိစ္စံဝါတိ ”။ 
လို့မေးတယ်။
ပဉ္စ၀ဂ္ဂီတို့က  . .
“ အနိစ္စံ ဘန္တေ” 
လို့ဖြေတယ်။ အရှင်းကြီးနော် ။ တို့မင်းတို့ကို ရှင်းနေတာကို ရှင်းအောင်
ပြနေတာ ။ ဒါကို မင်းတို့ရင်ထဲ အရှုတ်မခံနဲ့  .. ကွ။ 
အာဏာရဖို့ မဲတစ်ပြားအတွက် (မဘသ) (၉၆၉)ဆိုပြီးအဖွဲ့ဖွဲ့လိုက်တာ
ဒါကိုနောက်ပေါက်လေးတွေက ဘယ်သိမှာတုန်း ။ 
တကယ်တော့  “ စွမ်းအားရှင်ကို convert လုပ်လိုက်တာပဲ။ အဖွဲ့အစည်း
နာမည်တွေအရမ်းကောင်းတယ်အတုမရှိဘူး။သို့သော် ရည်ရွယ်ချက်
တွေက အ၀ီစိလမ်း။ ကြံ့ဖွတ်မဲရဖို့ ဖန်တီးလိုက်တဲ့ games တွေပဲ။
ဒေ၀ဒတ်အရမ်းဉာဏ်များတယ်နော်  .. ။ ဗုဒ္ဓဆိုတဲ့သဗ္ဗညုတအရင့်
အမာကြီးကို လက်ရုံးရည်နဲ့တိုက်မရတော့ နှလုံးရည်နဲ့တိုက်တယ်။
သူတောင်းဆိုတဲ့ အချက်ငါးချက်ဟာ ဗုဒ္ဓအလိုတော်ကျတွေပဲ။သို့
သော် မလိုက်နိုင်သူပါရမီနုသူအတွက် မသင့်လျှော်လို့ဗုဒ္ဓကပယ်
ချလိုက်တာ။ အကျယ်သိချင်ရင် “၀ိနိစ္ဆယသူစီ” ကျမ်းကိုဖတ်။
ဒ့ါကြောင့် အတိက်ကရုပ်တွေ အနိစ္စံပဲ ၊ ပစ္စပ္ပုန်ရုပ်လည်းအနိစ္စံပဲ၊
အနာဂါတ်ရုပ်တွေကရော အနိစ္စံပဲ။ 
အဲလို“ အနိစ္စံ ဘန္တေ ” ဆိုတဲ့ ဗုဒ္ဓ၀ါဒကို  . . . .
ဒီစစ်ခွေးအရေခွံကျွတ်တွေကသူတို့အာဏာပြန်ရဖို့  . . . .
သန်းခြောက်ဆယ်ကိုဆက်လက်ထမင်းအငတ်ထားဖို့ . . . 
ဆန်ပြုတ်တစ်ခွက်တောင် (၇၀၀)ကျပ်ပေးရတဲ့ခေတ်မှာ
 တစ်နေ့ကိုငွေ(၂၀၀၀)နဲ့လောက်အောင်သုံးခိုင်းဖို့ . . . .
စစ်မှန်တဲ့သံဃာတွေကို ဆက်လက်ထောင်ချဖို့ “ နိစ္စံ ဘန္တေ” လုပ်နေ
တယ်။ ဒါကိုမြင်အောင်ကြည့်။ ဒေ၀ဒတ်နောက်လိုက်မိရင်တော့ မင်း
တို့တွေ “ အောင်ဖေမားကိုစ့်” ဖြစ်သွားမယ်။  
ဒါ့ကြောင့် ဒီစစ်ခွေးဆိုးတွေကြီးဆိုးတဲ့ ကြံ့ဖွတ်ပါတီကြီးသာ အာဏာ
ဆက်လက်ရရှိနေမယ်ဆိုပါက နောက်ထပ်ဆယ်စုနှစ်အထိပြည်သူတွေ
ထမင်းနပ်မှန်မှာမဟုတ်ပါဘူး။ အတ္တလွန်နေတဲ့ စစ်ခွေးဆိုးကြီးသန်းရွှေ
ရဲ့လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ကြံ့ဖွတ်ဟာ အာဏာရှင်နေ၀င်းကြီးရဲ့
(မဆလ)ပါတီထက်ဆိုးပါတယ်။ (မဆလ)ပါတီဟာသံဃာကိုမသတ်ပါ
ဘူး။(မဆလ)ကိုကောင်းတယ်လို့ညွှန်းဆိုတာမဟုတ်ဘူးနော်၊သေချာမှ
တ် ကြံ့ဖွတ်ပါတီဟာ “ စွမ်းအားရှင်အဖွဲ့”တွေဖွဲ့ပြီးသံဃာကိုသတ်ခဲ့
တယ် ။ပြည်သူကိုသတ်ခဲ့တယ်။ ဒါ့ကြောင့် (၂၀၁၅)မှာ ဘယ်ပါတီကိုမဲ
ပေးပါလို့ ပြည်သူတစ်ယောက်အနေနဲ့ မတိုက်တွန်းလိုပါဘူး၊ ကိုယ့်ကို
ကို “လူ” လို့ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ မျောက်မဟုတ်ဘဲ “လူ”
စစ်စစ်လို့ခံယူထားရင် ဘယ်ပါတီကိုသာမဲထည့်သင့်တယ်ဆိုတာ အထူး
လက်ညှိုးညွှန်ပြဖို့မလိုပါဘူး။ ဘီလူုးနဲ့မင်းသားယှဉ်တွဲနေတာကို ဘီလူး
နောက်လိုက်လိုပါက လိုက်ကြပေါ့။ မင်းသားနောက်လိုက်လိုပါကလည်း
လိုက်ကြပေါ့။ အေး ကိုယ်လုပ်ခဲ့တဲ့ မဲတစ်ပြားနောက်မှာ အကုသိုလ်နဲ့
ကုသိုလ်ဆိုတာတော့ ပါတယ်နော်။ သံဃာကိုသတ် ၊ စေတီပုထိုးတွေ
ဒိုဇာနဲ့ထိုး ၊ ပြည်သူတွေကိုထောင်ချ ၊ကျောင်းသားတွေကိုသတ်ထောင်
ချတဲ့ စစ်ခွေးပါတီကြံ့ဖွတ်ကြီးဆိုတဲ့ ဘီလူးပါတီကြီးကိုမဲပေးမိတဲ့သူရဲ့
အနာဂါတ်ဟာ “မဟာအ၀ီစိ” ဆိုတာမငြင်းနဲ့။ ဘာလို့လည်းဆိုတော့
“ အကုသိုလ်နှင့် ၊ ကုသိုလ်ဟုမည် ၊ ကံနှစ်တည်သည်။
လက်သည်ပြုသူ ၊ တိုက်တွန်းသူတို့ ၊ ထိုသူနှစ်မျိုး ၊
ပြစ်အကျိုးမျှ ၊ အတူရ  . ရှင့်”  လို့ဘုရားရှင်ဟောထားတယ်။ ကုသိုလ်
သမားကိုမဲပေးရင် ကုသိုလ်ရမယ်။ သံဃာသတ်ဖြတ် သန်းခြောက်ဆယ်
ပိုင်ကို ဦးပိုင်အဖြစ်စီးပြီး လုပ်စားနေတဲ့ ခရိုနီ+ စစ်ခွေး+ ကြံ့ဖွတ်ကိုပေါင်း
တဲ့ မဲပေးတဲ့ ၊သူဟာ ဘယ်လိုလုပ်များ ကုသိုလ်ရှင်ဖြစ်နိုင်မှာတုန်း။
လတ်လတ်ဆတ်ဆတ် အစိမ်းသေသေသွားတာကိုထောက်ပြရဦးမှလား
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်နဲ့စေတီတော်ကိုဘယ်သူဖြိုဖျက်တာလဲ၊
ဒေါ်စုကြည်လား ၊ သိန်းစိန်လား ။ ရှင်းနေတာကို ရှုတ်အောင်မလုပ်
နဲ့နော် ။ လက်ရှိအာဏရစိုးရဟာ ဒေါ်စုကြည်လား သိန်းစိန်လား။
ဒါကို စစ်၊ကြံ့ခွေးလော်ဘီတွေက ဒေါ်စုကြည်ကိုလွှဲချတယ်။ ဖျက်တာက
သိန်းစိန်။ တို့မြန်မာတွေကလည်းစာကမတက်တော့ ပုတ်လောက်ရေးပြ
တာတောင် အပ်နှဖားလောက်မထင်တာကစိုးတယ် ။ ဖျက်တဲ့သိန်းစိန်
စစ်ခွေးကို အပြစ်မမြင်ဘဲ ၊ မူလအတိုင်းမပျက်မစီးဘဲရွှေ့ပြောင်းရန်ဆို
တဲ့ဒေါ်စုကြည်ကို သောက်ပြစ်တင်တယ်။ အဲဒီလောက်ကိုပဲ စာကမ
တက်ကြဘူး ။ ဖျက်ဖို့သြ၀ါဒပေးတာက (မဟန)ဥက္ကဌ သေခါနီးကြီး။
ဒီလောက်ရှင်းနေတာကို ရှုတ်အောင်လုပ်ပုံက ဒေါ်စုကြည်ကိုလွှဲချတယ်။
အတော်ဆိုးဝါးတဲ့ စစ်ခွေးကြံ့ဖွတ်တွေပဲနော်  .. ။
ဒါ့ကြောင့်  ကြံ့ဖွတ်ပါတီကိုမဲပေးတဲ့သူဟာ ဗုဒ္ဓ၀ါဒနှင့်ရဟန်းရှင်လူပြည်သူ
တွေကိုသတ်တဲ့သူအဖြစ်လက်သည်တရားခံဖြစ်နိုင်ကြောင်း အလင်းဝေ
ငှလိုက်ပါတယ်။
ဤ ဓမ္မအလင်းကုသိုလ်ကို Share ခြင်းဖြင့်ဓမ္မဒါနယူနိုင်ပါသည်။
REFERENCES   
သုတ္တန်ပိဋကတ်၊ အနတ္တလက္ခဏသုတ္တ
မာန်လည်ဆရာတော် ၊ မဃဒေ၀လင်္ကာသစ်ကျမ်း
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget