.

AlinShin

Tuesday, December 2, 2014

(စ-ဘ-သ) စစ်ခွေးကြံ့ဖွတ်ဘဘကြိးကိုသာစောင့်ရှောက်နေသလော

(စ-ဘ-သ) စစ်ခွေးကြံ့ဖွတ်ဘဘကြိးကိုသာစောင့်ရှောက်နေသလော
~✿⊰❂⊱✿❀❈~ ~✿⊰❂⊱✿❀❈~
ဘာတွေဖြစ်ကုန်ပြီလဲ  ..  အသိဉာဏ်တွေဒီလောက်ပဲခေါင်းပါးနေကြပြီလား
ထင်လင်းဦးကသံဃာကိုပါးစပ်နဲ့ဆော်ကားတာတဲ့။ ဒီလိုစော်ကားနေမှုကို
(မဘသ)က အခုကဲ့သို့ ထုတ်ပြန်ချက်ထုတ်တယ်။

ဒါဆိုရင်  . . .
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်နဲ့စေတီတော်ကို တရုတ်စစ်ခွေးကြံဖွတ်
တို့ Bulldoze နဲ့ထိုးကာဖျက်ဆီးတာကို၊ ထင်လင်းဦးကိုကန့်ကွက်သကဲ့သို့
ဘာ့ကြောင့်မကန့်ကွက်ကြသနည်း။
ဒါကို လူငယ်တွေသိစေချင်တယ်။ ဒါမျိုးကို လူငယ်တွေတွေးတက်စေချင်
တယ်။ စစ်ခွေးကြံ့ဖွတ်လုပ်သမျှကိုတော့ ဖြူဖြူ မည်းမည်း ခွေးအလှည်းနင်း
ခံရသကဲ့သို့ ကန့်ကွက်စာအသိပေးတားမြစ်စာများမထုတ်ပြန်ဘဲ၊ စကားနဲ့
နှုတ်လှန်ထိုးသူကိုတော့ ကန့်ကွက်စာထုတ်တယ်တဲ့။
ကဲ  .. .  ထမင်းစားကြီးတဲ့သူတွေ အခုလိုအလင်းရှင်တင်ပြလိုက်တာကိုပဲ
နားလည်သဘောပေါက်လောက်ပြီလိုထင်ပါတယ်။
ထင်လင်းဦးကို သပိတ်မှောက်ကံဆောင်လိုက်ပြီဆိုပါက  . . .
ယခင်န၀တ နအဖ တို့ကိုသပိတ်မှောက်ကံဆောင်ထားတဲ့ ကိစ္စတွေကရော
စသည်ဖြင့် စသည်ဖြင့် လူငယ်များအနေဖြင့် လက်ညှိုးထောင်ခေါင်းညိတ်
ခြင်းထက် ပိဋကတ်ကိုအခြေခံသောအတွေးအလင်းတန်းများရကြပါစေရန်
အသိပေးလိုက်ရပါသတည်း  .. ။

ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget