.

AlinShin

Saturday, November 8, 2014

အခုခေတ်အလှရမ္မက်တွေကြားကားမော်ဒယ်မမတို့နှင့် ဟိုတုန်း မယ်ဗမာ- နော်လွီဇာဘင်ဆင်



...အဘ-ဦးစောဘင်ဆင်+အမိ-ဒေါ်ချစ်ခင်တို့မှ ရန်ကုန်၌ ၁၉၄၁-ခုနှစ်တွင် မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဉ် မယ်ဗမာဘွဲ့ရပြီးနောက် ရုပ်ရှင်လောကသို့ ဝင်ရောက်။ ပထမဇာတ်ကား- စံတော်သစ် ရုပ်ရှင်ကုမ္မဏီမှ...ဝဏ္ဏကျော်ထင် ဦးမင်းဒင် ရိုက်ကူးခဲ့သော ဇာတ်ကားကို မောင်ဗမာ-ဘကွန်းနဲ့ သရုပ်ဆောင်ခဲ့။ ဒုတိယဇာတ်ကားမှာ အေဝမ်းရုပ်ရှင် ကုမ္မဏီမှ... ပိတောက်တွေပွင့်ပြန်ပြီ ဇာတ်ကားကို မင်းသားဝေဇင်နှင့် သရုပ်ဆောင်ခဲ့။ မြန်မာညွန့်-ဦးချစ်မောင်ထံတွင် ဂီတပညာများ သင်ယူပြီး စန္ဒယား ဦးချစ်မောင်၏ တေးဂီတအဖွဲ့နှင့် သီဆိုခဲ့ကာ မြန်မာ့အသံမှ ပြုံးချစ်သူနှင့် ဝတ်ရည်အနွယ် သီချင်းနှစ်ပုဒ် အသံလွှင့်ခဲ့။ ၁၉၆၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ရရှိ။ ၁၉၆၄-ခုနှစ် မေလ ၁၂-ရက်နေ့တွင် ကော်သူးလေ တပ်မဟာ (၅) မှ တပ်မင်း-လင်းထင်နှင့် ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီး ဦးဘမောင်ရုံးတွင် လက်ထပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်။ တပ်မင်း-လင်းထင် တပ်မဟာ (၅) ကို ဦးဆောင်ပြီး တောခိုသောအခါ လိုက်ပါခဲ့ပြီး၊ တပ်မင်း-လင်းထင် ကျဆုံးသောအခါ ယိုးဒယားနိုင်ငံဘက် ရောက်ရှိသွားကာ အမေရိကန် စစ်သားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိခ်တွင် အခြေချခဲ့ပါတယ်။၂၀၀၀-ခုနှစ် ဖေဖော်ဝါရီ ၂-ရက်နေ့၌ ကွယ်လွန်ခဲ့လေသည်။ You might also like: 


Make Money at : http://bit.ly/best_tips

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget