.

AlinShin

Saturday, May 10, 2014

ပြောရဦးမယ် ..

အလင်းရှင်ပြောသမျှကို Like ကြီးပဲရမ်းမလုပ်ပါနဲ့၊ သေချာဖတ်ကြည့်ပြီး
မှ ၊ အထောက်အထားအကိုးအကားခိုင်မာမှ ဟုတ်မှန်ကောင်းပါ၏ဟု
Like လုပ်ခြင်းဖြင့် သာဓုခေါ်ပါ။
ငါ့တို့ဘုန်းကြီး သူတို့ဘုန်းကြီးဆိုတဲ့ (ငါစွဲအတ္တတန်းလန်းကြီးနဲ့)
Like မလုပ်ပါနှင့် ၊ အကယ်၍ သင်တို့ရဲ့ထင်မြင်ယူဆသိနားလည်မှုနဲ့
လွဲချော်နေတယ်ဆိုရင်လည်း commet အက္ခရာ(၁၀၀)အလုံးရေလောက်
နဲ့မရေးပါနှင့် ပိုစ့်တင်ပြီး အလင်းရှင်ကို ထောက်ထားပြပါ။ ဒါမှသာအများ
မှန်အမြင်မှန်နိုင်သလို ပညာရှိဆန်ပါလိမ်မည်။
█ ░ အလင်းရှင် ░ █
ပြောရဦးမယ်  .. 
✌✌✌✌✌✌✌✌

ဗုဒ္ဓဘာသာကိုကိုးကွယ်မှာလားပုဂ္ဂလိကဘာသာကိုကိုးကွယ်မှာလား

အချို့မှာ အခွင့်အခါမပေးသာ၍ စာပေမဖတ်ရှု့နိုင်သဖြင့်၎င်း၊အချို့ကလည်း
လောဘဇောကြောင့်၎င်း ဗုဒ္ဓဘာသာနှင့် ပုဂ္ဂလိကဘာသာကို မကွဲပြားကြဘူး။
ဗုဒ္ဓရှင်တော်ဟာ သူ့ရဲ့သဗ္ဗညုတရွှေဉာဏ်တော်နှင့်ဟောကြားထားတဲ့ ဓမ္မခန္ဓာ
တွေကို ပုဂ္ဂလိကဘာသာအဖြစ်မသတ်မှန်လိုဘူး။ ကန့်ကွက်တယ်။ဒါ့ကြောင့်
ပိဋကတ်သုံးပုံကို သက္ကဋဘာသာတစ်မျိုးတည်းဖြင့်သာပြောင်းလဲရေးကူးရန်
ဘုရားရှင် လက်မခံခဲ့ပါဘူး။ ဆိုလိုတာက ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မစက်တွေကိုလူဖြူ
လူမည်းမခွဲခြားဘဲ မည်သူမဆို “နိဿံသယ၀စန” အနက်ဓာတ်မပျက်စေဘဲ
မူလဆိုလိုရင်းအတိုင်း ဘာသာပြန်ဆိုရေးသားမှတ်တမ်းဟောပြောခြင်းကိုနှစ်
လိုတော်မူခဲ့သည်။
“ငါပြောတာအမှန် မင်းဆိုတာအမှား” မဖြစ်စေရန် ဗုဒ္ဓရှင်တော်က နောက်ဆုံး
ပရိနိဗ္ဗာန်စံခါနီးနာရီပိုင်းအလိုအထိကို အပင်ပန်းခံဟောကြားတော်မူခဲ့သည်မှာ
ပရိနိဗ္ဗာနသုတ္တန်ကြီးကိုလေ့လာဖူးပါကသိပါသည်။ ဗုဒ္ဓရှင်တော်သည် သူ၏၀ါ
ဒါအား အာဏာရှင်တို့သတ်သွင်းနှိပ်ကွပ်မည်ကိုလည်းသိတော်မူသည်။ လော
ကဇောတိုက်ကြသော ဒေ၀ဒတ်ဂိုဏ်းသားများကဲ့သို့ယနေ့ခေတ်ရှင်ရဟန်းများ
ရဲ့အလိုဆိုးစနက်များကိုလည်း မြင်တော်မူသည်။
ထို့ကြောင့် ယင်းတို့ရဲ့သာသနာအဖျက်လုပ်ရပ်များကိုကာကွယ်နိုင်ရန် “သံ
ဃခေါင်းဆောင်အဖြစ်”မထားရှိခဲ့ပါဘူး။ ဗုဒ္ဓမြတ်စွာသာသနာတွင် အလိုလော
ဘနည်းသောအကျင့်ပြင်းထန်စွာကျင့်သော “ အရှင်မဟာကဿပမထေရ်မြတ်”
ကိုပင် ဘုရားရှင်သည် “သံဃခေါင်းဆောင်ဟူ၍” နေရာသတ်မှတ်ရာထူးမပေး
ခဲ့ပါဘူး။ ✿စာကြွင်း✿ ယနေ့ခေတ်တွင် (မဟန) (မဘသ) (၉၆၉) စသည့်
ဂိုဏ်းဂဏများသည် ဘုရားရှင်အလိုတော်ကျမဟုတ်သည်မှာ ထင်ရှား၏။
ဘုရားရှင်သည် နောက်သုံးလကြာလျှင် ပရိနိဗ္ဗာန်စံတော့မည်ဟု မာနတ်ကို
ကတိပေးခဲ့သည်။ ပေးပြီးသည်နှင့်တစ်ပြိုက်နက် မဟာဘူမိသည် အိုးထိမ်းစက်
လည်သကဲ့သို့ သွက်သွက်ခါဟာ မြည်ဟီးသွားသည်။ အာနန္ဒာသိ၍ ဘုရားရှင်
အားလျှောက်ထားရာ အာနန္ဒာလည်းနောက်သုံးလကြာလျှင်ဘုရားပရိနိဗ္ဗာန်စံ
လွန်တော့မည်ကိုသိသွားပြီ အာနန္ဒာမှတစ်ဆင့်သံဃာထုနှင့်မင်းပရိသိတ်တို့သိ
ရှိကုန်ကြသည်။
ဗုဒ္ဓသည် သူ့အာဏာအား အနားနေအာနန္ဒာကိုလည်းမပေးခဲ့သလို သူသဘော
ကျသဖြင့် သင်္ကန်းခြင်းလဲခဲ့သော အရှင်မဟာကဿပကြီးကိုလည်း သံဃာကို
အုပ်ချုပ်မင်းမူရန်နေရာမပေးခဲ့ပါဘူး။ (မေ့၍မဟုတ်-ဗြုန်းစားကြီးခန္ဓာစွန့်၍မဟုတ်)
အားလုံးသိအားလုံးရှိအားလုံးသတိရကြပါလျှက် ဘုရားရှင်သည် နောင်လာလတ္တံ့
သော ဘေးကိုမြင်တော်မူ၍ အရှင်အာနန္ဒာကိုလည်း ယနေ့မျက်မှောက်ခေတ်လို
(မဟန)သံဃခေါင်းဆောင်အဖြစ်နေရာမပေးခဲ့ပါဘူး။ ဘုရားမရှိတော့လျှင်ဟုသာ
ညှိုးငယ်နေသောအနီးနေ အာနန္ဒာအား . .
★ “ အနန္ဒာ ငါသည် သံဃာကို ဦးစီးဦးဆောင်ပြုအံ့ ၊သံဃာသည်
ငါ့အားသာလျှင်အားကိုရန်ရှိလတ္တံ့ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ” ★
( မြတ်ဗုဒ္ဓ)
ဟုအတိအလင်းထုတ်ဖေါ်မိန့်ကြားခဲ့သည်။ ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် ၊အာဏာရှင်
ဆန်သောစနစ်မျိုးကို ဗုဒ္ဓမြတ်စွာသည် ရွံမုန်းတော်မူသည်။ ထို့ကြောင့်လည်းယခု
လိုအာနန္ဒာအားမိန့်ကြားတော်မူခြင်းဖြစ်သည်။ထို့ကြောင့် အာဏာရှင်နေ၀င်းကြီး
ဖွဲ့စည်းသမုတ်ပေးခဲ့သော (မဟန)ဂိုဏ်းကြီးဆိုသည်မှာ အာဏာရှင်စနစ်ရဲ့ပြယုဂ်
ဆိုးကြီးတစ်ခုပင်ဖြစ်သည်ကို ဗုဒ္ဓ၀ါဒအားနှံ့စပ်လေ့လာမိပါက သိနားလည်ပါလိမ့်
မည်။
Photo: ဗုဒ္ဓဘာသာကိုကိုးကွယ်မှာလားပုဂ္ဂလိကဘာသာကိုကိုးကွယ်မှာလား
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ ♥  ♥   

(✌ မြတ်ဗုဒ္ဓ✌)
ဟုအတိအလင်းထုတ်ဖေါ်မိန့်ကြားခဲ့သည်။ ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် ၊အာဏာရှင်
ဆန်သောစနစ်မျိုးကို ဗုဒ္ဓမြတ်စွာသည် ရွံမုန်းတော်မူသည်။ ထို့ကြောင့်လည်းယခု
လိုအာနန္ဒာအားမိန့်ကြားတော်မူခြင်းဖြစ်သည်။ထို့ကြောင့် အာဏာရှင်နေ၀င်းကြီး
ဖွဲ့စည်းသမုတ်ပေးခဲ့သော (မဟန)ဂိုဏ်းကြီးဆိုသည်မှာ အာဏာရှင်စနစ်ရဲ့ပြယုဂ်
ဆိုးကြီးတစ်ခုပင်ဖြစ်သည်ကို ဗုဒ္ဓ၀ါဒအားနှံ့စပ်လေ့လာမိပါက သိနားလည်ပါလိမ့်
မည်။
 ✿စာကြွင်း✿ “အလိုဆိုးသမားများအတွက်ငင်းဆန်မ၀ံ့ရန်သက်သေနည်းငယ်ထုတ်ပြပါအံ့”
လက်ပတောင်းတောင်ရှိလယ်တီသိမ်စေတီသည် (မဟန)ဥက္ကဌပိုင်မဟုတ်ပါ။သံဃိ
ကဟုဆိုသော တစ်ကမ္ဘာလုံးရှိဗုဒ္ဓဘာသာဝင်ရဟန်းတော်များပိုင်ပါ။ ဒါကို ယင်း
(မဟန)က စစ်အာဏာရှင်တို့ကြောက်ရသောတရုတ်ဝမ်ပေါင်ကြီးအလိုငှ ဖျက်ဆီး
လိုသောကြောင့် တစ်နိုင်ငံလုံးရှိသံဃာထုအားမပန်ကြားဘဲ အာဏာရှင်ဆန်ဆန်
သိမ်နှုတ်ရန်သြ၀ါဒပေးခဲ့သည်။ ယင်းသို့သြ၀ါဒပေးရာတွင်လည်း “ ပါဠိတော်၊
အဋ္ဌကထာ ဋီကာတို့အလိုငှ ဘဏ္ဍာစာပေး၍ ဖျက်ကောင်းသည်” ဟု ပိဋကတ်
ပေမတက်သောပြည်သူလူထုကို “ အမှောက်အကြား ပုံမှားရိုက်လိုက်သည်”
ကဲ  .. ဒီလိုဆိုရင်မေးမယ်  ..  “ ဘဏ္ဍာစားပေးလိုရတယ်ဆိုရင် တရုတ်ကြီးက
ရွှေတိဂုံစေတီတော်အောက်မှာ သတ္ထုသိုက်ကြီးတူးချင်လို့ လယ်တီသိမ်စေတီလို
ဘဏ္ဍာစားပေး၍ ဖျက်ရင် ရမလား?။
ထို့ကြောင့် ယနေ့ခေတ် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာသည် ထေရာဝါဒဗုဒ္ဓဘာသအသွင်
ထက် အာဏာရှင်ပုဂ္ဂလိကဗုဒ္ဓဘာသာအသွင်သဏ္ဍာန်မျိုးကိုဆောင်နေပါသည်။
သံဃာကို သတ်လိုလျှင်သတ်သည် ၊ မီးလောင်ဗုံးနှင့်ပစ်လိုလျှင်ပစ်သည်၊ ထောင်ချ
လိုလျှင်ချသည်။ သို့သော် သူတို့နှင့်လောကဇောအလိုဆန္ဒတူမျှတဲ့သံဃာကြပြန်
တော့ အဂ္ဂမဟာပဏ္ဍိတ စသောဘွဲ့တံဆိပ်ပေးသည်။ ကျောင်းလှူသည်။သိမ်ထပ်
သည်။ ကဲ  . ဒါတွေဟာအယောင်ဆိုး၊အယောင်ဆောင်ဗုဒ္ဓဘာသာကြီးဖြစ်မနေဘူး
လား။ သူတို့နှင့်အလိုတူသော ရဟန်းကြီးတွေကို ဥက္ကဌရာထူးပေးကာ ထိုရဟန်း
ကြီးတို့အားဂုဏ်ထူးဝိသေသများဖြင့်ဖျက်ဆီးသည်။ ထိုရဟန်းကြီးတို့အား ဇိမ်ခံကား
ကြီးများပေးသည်။ ထိုရဟန်းကြီးတို့အား တန်ဘိုးကြီးသိန်းသုံးဆယ်ကျပ်ပေးရသော
လက်ကိုင်ဖုန်းများအားပေးသည်။ ထိုအာခါ ပုထုဇဉ်ဖြစ်သောထိုရဟန်းကြီးတို့သည်
သဘောကျနေကြသည် ။ သာယာနေကြသည်။ (ပုထုဇဉ်ကိုး)
★ “သူမိုက်သည် မိမိ၌မရှိသောဂုဏ်သတင်းကိုသော်လည်းကောင်း၊ရဟန်းတို့၏
ဦးစီးဦးဆောင်အဖြစ်ကိုသော်လည်းကောင်း၊ ကျောင်း၌အစိုးရခြင်းကိုသော်
လည်းကောင်း၊ ပရိသတ်၏အပူဇော်ကိုသော်လည်းကောင်းအလိုရှိ၏”★
(✌ မြတ်ဗုဒ္ဓ✌)
ဟော  .. အာဏာရှင်က ထိုရဟန်းကြီးတွေအား “ ဒီသိမ်ကိုဖျက်ချင်တယ်”လို့ပြော
လိုက်ရင် ထိုရဟန်းကြီးတွေက (အကောာင်ကြီးနှစ်ခေါက်ပြန်လျှောက်)ဆိုတဲ့နည်း
များသုံးက ပိဋကတ်ကိုလိုရာဆွဲ၍ “ရှေးဟောင်းသိမ်ကြီးကိုဖျက်လိုက်သည် ရှေး
ဟောင်းသမိုင်ဝင်စေတီကြီးတွေကိုလည်းမိုင်းခွဲပစ်သည်။”
ကဲ  .. မြန်မာနိုင်ငံမှာ ဘယ်မှာလည်း ထေရာဝါဒဗုဒ္ဓဘာသာ၊ ရှိသေးလား၊ မရှိဘူး
နော် ၊ အာဏာရှင်ပုဂ္ဂလိကဘာသာကြီးဖြစ်နေတယ်။ ပိဋကတ်ကို လိုရာဆွဲသုံး
ဘုရားအရေတော်ကြီးကို မဟာအ၀ီစိနဲ့လဲလှယ်နေကြတယ်။
ဒါဆိုရင်မေးစာရာတစ်ခုရှိလာပြန်ပါသည်။ ဗုဒ္ဓမြတ်စွာက သူမရှိသည့်နောက်ပိုင်း
အကွပ်မဲ့သောကြမ်းဗရမ်းဗတာ အဖြစ်မျိုးမဖြစ်စေလိုပြန်ပါဘူး ဒါ့ကြောင့် သံဃ
ကိစ္စများကို စီမံဆောင်ရွက်နိုင်ရန် သံဃာကတင်မြှောက်သောတာဝန်လွှဲအပ်ခြင်း
ကိုခံရသောပုဂ္ဂိုလ်များရှိပါသည်။ ရှိသော်လည်း ထိုပုဂ္ဂိုလ်များသည် ယခုမျက်
မှောက်ခေတ် (မဟန)များကဲ့သို့ “ ဒီသိမ်ဖျက်၊ ဟိုသိမ်ဆောက်”ဆိုတဲ့အမိန့်အာ
ဏာမျိုးမရှိစကောင်းပါဘူး။
★“ထိုရဟန်းသည် တမန်သည်၏အမှုတို့၌ စွမ်းနိုင်၏ ။ သံဃာ၏ကိစ္စတို့ကို
ကောင်းစွာခံယူ၏ ။ ရဟန်းအပေါင်းကစေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့်  ̖ငါပြု၏ ̗ ဟူ၍ မထီမဲ့မြင်မပြုရာ” ★
(✌ မြတ်ဗုဒ္ဓ✌)
ယင်းသို့ဗုဒ္ဓမိန့်မှတ်မှုများကို အကြမ်းစားလေ့လာခြင်းဖြင့်သံဃခေါင်းဆောင်ဟူသည်
သံဃာ၏အလိုကျသာဖြစ်သည် သံဃာကိုအမိန့်ပေးရန်မဟုတ်ပါ။ သံဃာသည်ဘာ
ကိုလိုသနည်း သံဃာလိုသောအရာကို ၀ိနည်းဓမ္မနှင့်ဆောင်ရွက်ပေးရခြင်းသာဖြစ်
သည်။ သံဃာကို သင်္ကန်းချွတ်ထောင်ချရန်မဟုတ်ပါ။ သံဃကိစ္စကိုဓမ္မ၀ိနယနှင့်
အညီ အပင်ပန်းခံစီမံပေးရန်သာဖြစ်သည်။
ယခုမျက်မှောက်ခေတ်တွင် (မဟန)သည်ထိုသို့မဟုတ်ပါ။ လမ်းလျှောက်ပရိတ်ရွတ်
ခြင်းသည် ဝေသာလီပြည်ကစခဲ့သည်။ အာနန္ဒာကိုဘုရားစေခိုင်းခဲ့သည်။ ဝေသာလီ
ပြည်ရှိ ဒုက္ခတိအ၀အ၀ရောက်နေသော ပြည်သူပြည်သားတို့ချမ်းသာရန်ဖြစ်သည်။
ဒီထုံးကိုနှလုံးမူလို မြန်မာပြည်တွင် ၂၀၀၇ ခုနှစ်စက်တင်ဘာတွင် ရဟန်းသံဃာထု
က လမ်းမထက်တွင် ကြည်ညိုဖွယ်ရာဆောင်လျှက် မေတ္တာသုတ်ပရိတ်များကိုရွတ်
၍ ထမင်းငတ်နေသောပြည်သူကို ဓမ္မစက်ဖြင့်ကုစားပေးသည်။ ဒုက္ခိတရောက်နေ
သော ပြည်သူကို မေတ္တာစက်ဖြင့်ဝေငှပေးသည်။ ဒါကို စစ်အာဏာရှင်သန်းရွှေက
သေနပ်နှင့်ပစ်သတ်သည်။ (တစ်ကမ္ဘာလုံးကသိသည်) သို့သော် သံဃာခေါင်း
ဆောင်အမည်ခံ (မဟန)တို့ တုတ်တုတ်မျှမလှုပ်ခဲ့ကြ။ ရဟန်းသံဃာတို့ရဲ့သွေး
ချောင်းစီးပျံလွန်တော်မူခဲ့သည်။ သွားကျိုး၊မျက်ကဏ်း အရိုးကြေမွသောဒါဏ်ရာ
တို့ဖြင့် ထောင်ချခံခဲ့ရသည်။ ယင်းကို (မဟန)တို့က ကန့်ကွက်ဖို့နေနေသာသာ
ထိုရဟန်းတော်များရဲ့ ဒုက္ခကိုပင် မျက်ကွယ်ပြုခဲ့ကြသည်။ ဒီလောက်ရက်စက်ယုတ်
မာသောစစ်ခွေးရဲ့အလိုအောက်မှာ စစ်ခွေးတွေပေးသော ကျောင်း ၊ ကား ၊ ဖုန်းများ
ဖြင့် လောကဇောတိုက်သာယာနေကြပြီး “သံဃာများအားထိုသို့မပြုပါနှင့်”ဟု တစ်
လုံးတစ်ပါဒမျှမဟခဲ့သည်မှာ ယနေ့အချိန်အထိပင်ဖြစ်သည်။ 
ထိုသို့သံဃအလိုမလိုမလိုက် ဘုရားအလိုမကျင့်သော (မဟန)ကို ရွံမုန်းစက်စုပ်
သော အလင်းရှင်အား မည်သူက ကဲ့ရဲ့ခြင်ပါသနည်း။ ဘုရားရှင်သည် လာဘ်ပူဇော်
သက္ကာရကို ရွံမုန်းတော်မူသည့်အလျှောက် ရဟန်းတို့အား ရွံမုန်းစေခဲ့သည်။
★ “အာနန္ဒာ ၊လာဘ်ပူဇော်သက္ကာအကျော်အစောသည် ရဟန္တာပုဂ္ဂိုလ်၏
မပျက်စီးနိုင်သော ကိလေသာမှ လွတ်မြောက်ရာ အရဟတ္တဖိုလ် သမာဓိ
ကို အန္တရာယ်ပြုနိုင်သည်ဟူ၍ ငါဆိုသည်မဟုတ်။ လာဘ်ပူဇော်သက္ကာ
အကျော်အစောသည် မမေ့လျော့ဘဲ ကိလေသာကိုပူပန်စေတက်သော
လုံလရှိလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍နေသော
ရဟန္တာပုဂ္ဂိုလ်သည် ရအပ်၊ ရောက်အပ်ကုန်သော မျက်မှောက်ဘ၀၌ 
ချမ်းသာစွာနေမှု (ဖလသမာပတ်)တို့ကို အန္တရာယ်ပြုနိုင်သည်ဟူ၍ 
ငါဆို၏။ အာနန္ဒာ ဤသို့လျှင် လာဘ်ပူဇော်သက္ကာအကျော်အစောသည်
ခက်ထန်၏။ ထက်မြတ်၏ ။ ကြမ်းတမ်း၏။ အတုမရှိသော ယောဂ၏ကုန်
ရာ အရဟတ္တဖိုလ်ကိုရခြင်း၏ အန္တရာယ်ကို ပြုတက်၏။ ထို့ကြောင့် ဖြစ်ပေါ်
လာသောလာဘ်ပူဇော်သက္ကာအကျော်အစောတို့သည် ငါတို့စိတ်ကို သိမ်း
ကျုံးယူငင်၍ မတည်နိုင်လတ္တံဟူ၍ ဤသို့လျှင် သင်တို့ကျင့်ရမည်” ★
(✌ မြတ်ဗုဒ္ဓ✌)
ထိုသို့ဖြင့် ဗုဒ္ဓသည် ရဟန်းတို့ရဲ့ ဘ၀သံသရာခရီးခဲ့အတွက် လောကဇောတွေကို
မိမိတို့သန္တာန်မှာမဖြစ်ပေါ်လာစေရန်တားမြစ်ထားပါသော်လည်း ထိုလောကဇော
တည်းဟူသော စစ်ခွေးများကျွေးသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်များဇိမ်ခံကား
ကောင်းကားလှကြီးများဖြင့် သာယာနေကြသော (မဟန)များသည် တကယ့်သံဃ
အရေးကိစ္စများတွင် စစ်ခွေးများအလိုကျ “ခွေးအလှည်းနင်းခံရသကဲ့သို့” သံဃာများ
ကိုသေနပ်ဖြင့်ပစ်သတ်ခြင်း မီးလောင်ဗုံးဖြင့်ပစ်သတ်ခြင်းများစသောကိစ္စများတွင်
တုဏ္ဍိဘာဝေ နှုတ်ဆိတ်နေကြခြင်းဖြင့် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ဆိုးကြီး
ဖြစ်သောစစ်ခွေးသတ်တို့ရှည်နေကြသည်။
ကဲ  .. စကားလည်းရှည်လှပြီ  .. နိဂုံးပြောချင်တာကတော့
သင်တို့ဟာ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြမှာလား ? အာဏာရှင်စစ်ခွေးတို့ရဲ့လက်ဝေခံ
ပုဂ္ဂလိကဘာသာကိုကိုးကွယ်ကြမှာလား ? ဆိုတာကိုယ့်ကိုကိုပြန်မေးကြည်ကြပါဦး။
အောက်ဖေါ်ပြပါလင့်များသည် ဤဆောင်းပါးနှင့်တွဲဖတ်သင့်၍ချိပ်ပေးလိုက်ပါသည်။
(၁) စိန္တိတာကာရဒဿနhttps://www.facebook.com/photo.php?fbid=
504650162995182&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
(၂)ဗုဒ္ဓဘာသာတို့သိထိုက်သောသရဏဂုံတည်ခြင်းပျက်ခြင်းအကြောင်းhttps://www.facebook.com/photo.php?fbid=504746439652221&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
(၃)ဗုဒ္ဓ၀ါဒအတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်းဆိုးများအကြောင်း https://www.facebook.com/photo.php?fbid=504767089650156&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
✌References✌
✎မဟာပရိနိဗ္ဗာနသုတ်
✎မဟာဝဂ္ဂ၊ကောသမ္ဗကက္ခန္ဓက
✎သံယုတ္တနိကာယ်၊ နိဒါန၀ဂ္ဂ၊
လာဘသက္ကာရသံယုတ်၊ ဘိက္ခုသုတ်။
ဤဓမ္မအလင်းကိုသိုလ်ကိုကျေးဇူးရှင်ခမည်းတော်ကြီးဆရာစံအားပေးဝေငှသကဲ့သို့
ကျေးဇူးရှိကြသောလူနတ်ဝိဇ္ဇာသတ္တ၀ါအနန္တတို့အားဝေငှပါသည်။

(၁) စိန္တိတာကာရဒဿနhttps://www.facebook.com/photo.php?fbid
504650162995182&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
(၂)ဗုဒ္ဓဘာသာတို့သိထိုက်သောသရဏဂုံတည်ခြင်းပျက်ခြင်းအကြောင်းhttps://www.facebook.com/photo.php?fbid=504746439652221&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
(၃)ဗုဒ္ဓ၀ါဒအတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်းဆိုးများအကြောင်း https://www.facebook.com/photo.php?fbid=504767089650156&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
References
✎မဟာပရိနိဗ္ဗာနသုတ်
✎မဟာဝဂ္ဂ၊ကောသမ္ဗကက္ခန္ဓက
✎သံယုတ္တနိကာယ်၊ နိဒါန၀ဂ္ဂ၊
လာဘသက္ကာရသံယုတ်၊ ဘိက္ခုသုတ်။
ဤဓမ္မအလင်းကိုသိုလ်ကိုကျေးဇူးရှင်ခမည်းတော်ကြီးဆရာစံအားပေးဝေငှသကဲ့သို့
ကျေးဇူးရှိကြသောလူနတ်ဝိဇ္ဇာသတ္တ၀ါအနန္တတို့အားဝေငှပါသည်။
█ ░ အလင်းရှင် ░ █

ဗုဒ္ဓ၀ါဒတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်းဆိုးများအကြောင်း (၂)

https://www.facebook.com/photo.php?fbid=504681752992023&set=a.153025728157629.30701.100003506093022&type
1&relevant_count=1 ဗုဒ္ဓ၀ါဒတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်း
ဆိုးများအကြောင်း (၂)
ဗုဒ္ဓဘာသာဆိုတာ ဒီကနေ့ခေတ်ဘုန်းကြီးများလက်ထက်ကြမှ စစ်အာဏာရှင်တို့
ထိန်းကွပ်လို့ရအောင် လိုသလိုရေးဆွဲထားတဲ့ “မဟန”တို့ရဲ့ညွှန်ကြားလွှာမျိုးမဟုတ်
ပါဘူး။ သိသာရန်ထုတ်နှုတ်ပြရရင် . .
ဘုရားရှင်က မာတုဂါမနှင့်အလိုသဘာဂတူမျှလို့ ပါရာဇိကကျသောရဟန်းကို မြတ်
သောရဟန်းဘ၀မှဆုံးရှုံးသူအဖြစ် ရှုတ်ချပြီး ထိုရဟန်းသည် မိမိမိုက်မှားမှုကိုသိမြင်
၍ သာသနာ့ဘောင်၌ နေလိုသေးမူကား “ရှင်သာမဏေဘ၀ဖြင့်” ရပ်တည်နေနိုင်
သေးသည်။ နေခွင့်ရှိသည်။ နေလို့ရသည်။
ဟော . ခုခေတ်တော့ ယင်း“မဟန”တို့ကား ထိုရဟန်းကိုထောင်ချပစ်သည်။ဗုဒ္ဓ၏
ဝိနယဓမ္မတွင်မူ “ထောင်ချရမည်၊ ကျိုးဒါဏ်ကြိမ်ဒါဏ်ပေးရမည်” ဟု စသည်ဖြင့်မ
ပါဝင်ပါ။
ထိုနည်းတူစွာပါပဲ။ “ သေရေသေရက်သောက်စားသောရဟန်းကိုလည်း” မူရစ်ရမ်း
ကားပုဒ်မဖြင့်ထောင်ချရမည် ၊ အပြစ်ပေးရမည်ဟု ဗုဒ္ဓ၏ဓမ္မ၀ိနယတွင်မပါဝင်ခဲ့ပါ။
သို့သော်လည်း စစ်အာဏာရှင်တို့သည် မြတ်သောသံဃရတနာတို့သည် ဆွမ်း
ရှင်ပြည်သူကိုထိပါးစော်ကားလာသော် စိုးစဉ်းမျှအထိမခံဘဲ တန်ပြန်သပိတ်မှောက်
စံမံတက်သော “ပတ္တနိကုဇ္ဇန” ကံသပိတ်လက်နက်ကို ကြောက်ကြသောကြောင့်
မျက်မှောက်ခေတ်ရဟန်းသံဃာတော်တို့အား နည်းဗျူဟာများသုံး၍ ဖမ်းဆီးထောင်
ချနိုင်ရန် ဓမ္မ၀ိနယအခဏ်းတွင်ထောင်ဒါဏ်ပြစ်ပေးမှုများထည့်သွင်းကာ “ရဟန်း
သံဃတော်”တို့အား မလိုလျှင် မလိုသလိုထောင်သွင်းအကျဉ်းချ၍ ၊လိုလျှင်လိုသလို
ပူဇော်သက္ကာယကိုပြုကြသည်။
ရှေးဟောင်းအမွေအနှစ်များဖြစ်သော ဘုရားတန်ဆောင်းသိမ်ကျောင်းစေတီစသည်
တို့ကိုလည်း မလိုလျှင် မိုင်းခွဲဖျက်ဆီးကြပြီး လိုလျှင်တည်ထားကိုးကွယ်ခဲ့ကြသည်။
ဒါတွေကိုအထင်းအရှားသက်သေသာဓနှင့်ပြရင် . .
၂၀၀၇စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး
လက်ပတောင်းတောင် မီးလောင်ဗုံးဖြင့်သံဃာတော်အားညဘက်ကြီးပစ်ခြင်း
သမိုင်းအမွှေအနှစ် လယ်တီသိမ်စေတီတော်တို့ကို မိုင်းခွဲဖျက်ဆီးပစ်ခြင်း . .
စတာတွေဟာ ကမ္ဘာကသိသော ယုတ်မာပက်စက်မှုများဖြစ်ပါသည်။
Photo: ဗုဒ္ဓ၀ါဒတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်းဆိုးများအကြောင်း (၂)
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ ♥  ♥  ♥  ♥  ♥ 
https://www.facebook.com/photo.php?fbid=504681752992023&set=a.153025728157629.30701.100003506093022&type=
1&relevant_count=1 ဗုဒ္ဓ၀ါဒတွင်းကပ်မှီနေသောခေတ်ပေါ်ရောဂါဂိုဏ်း
ဆိုးများအကြောင်း (၂)  
ဗုဒ္ဓဘာသာဆိုတာ ဒီကနေ့ခေတ်ဘုန်းကြီးများလက်ထက်ကြမှ စစ်အာဏာရှင်တို့
ထိန်းကွပ်လို့ရအောင် လိုသလိုရေးဆွဲထားတဲ့ “မဟန”တို့ရဲ့ညွှန်ကြားလွှာမျိုးမဟုတ်
ပါဘူး။ သိသာရန်ထုတ်နှုတ်ပြရရင် . . 
ဘုရားရှင်က မာတုဂါမနှင့်အလိုသဘာဂတူမျှလို့ ပါရာဇိကကျသောရဟန်းကို မြတ်
သောရဟန်းဘ၀မှဆုံးရှုံးသူအဖြစ် ရှုတ်ချပြီး ထိုရဟန်းသည် မိမိမိုက်မှားမှုကိုသိမြင်
၍ သာသနာ့ဘောင်၌ နေလိုသေးမူကား “ရှင်သာမဏေဘ၀ဖြင့်” ရပ်တည်နေနိုင်
သေးသည်။ နေခွင့်ရှိသည်။ နေလို့ရသည်။
ဟော  . ခုခေတ်တော့ ယင်း“မဟန”တို့ကား ထိုရဟန်းကိုထောင်ချပစ်သည်။ဗုဒ္ဓ၏
ဝိနယဓမ္မတွင်မူ “ထောင်ချရမည်၊ ကျိုးဒါဏ်ကြိမ်ဒါဏ်ပေးရမည်” ဟု စသည်ဖြင့်မ
ပါဝင်ပါ။
ထိုနည်းတူစွာပါပဲ။ “ သေရေသေရက်သောက်စားသောရဟန်းကိုလည်း” မူရစ်ရမ်း
ကားပုဒ်မဖြင့်ထောင်ချရမည် ၊ အပြစ်ပေးရမည်ဟု ဗုဒ္ဓ၏ဓမ္မ၀ိနယတွင်မပါဝင်ခဲ့ပါ။
သို့သော်လည်း စစ်အာဏာရှင်တို့သည် မြတ်သောသံဃရတနာတို့သည် ဆွမ်း
ရှင်ပြည်သူကိုထိပါးစော်ကားလာသော် စိုးစဉ်းမျှအထိမခံဘဲ တန်ပြန်သပိတ်မှောက်
စံမံတက်သော “ပတ္တနိကုဇ္ဇန”   ကံသပိတ်လက်နက်ကို ကြောက်ကြသောကြောင့်
မျက်မှောက်ခေတ်ရဟန်းသံဃာတော်တို့အား နည်းဗျူဟာများသုံး၍ ဖမ်းဆီးထောင်
ချနိုင်ရန် ဓမ္မ၀ိနယအခဏ်းတွင်ထောင်ဒါဏ်ပြစ်ပေးမှုများထည့်သွင်းကာ “ရဟန်း
သံဃတော်”တို့အား မလိုလျှင် မလိုသလိုထောင်သွင်းအကျဉ်းချ၍ ၊လိုလျှင်လိုသလို
ပူဇော်သက္ကာယကိုပြုကြသည်။
ရှေးဟောင်းအမွေအနှစ်များဖြစ်သော ဘုရားတန်ဆောင်းသိမ်ကျောင်းစေတီစသည်
တို့ကိုလည်း မလိုလျှင် မိုင်းခွဲဖျက်ဆီးကြပြီး လိုလျှင်တည်ထားကိုးကွယ်ခဲ့ကြသည်။
ဒါတွေကိုအထင်းအရှားသက်သေသာဓနှင့်ပြရင်  . .
၂၀၀၇စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး
လက်ပတောင်းတောင် မီးလောင်ဗုံးဖြင့်သံဃာတော်အားညဘက်ကြီးပစ်ခြင်း
သမိုင်းအမွှေအနှစ် လယ်တီသိမ်စေတီတော်တို့ကို မိုင်းခွဲဖျက်ဆီးပစ်ခြင်း . . 
စတာတွေဟာ ကမ္ဘာကသိသော ယုတ်မာပက်စက်မှုများဖြစ်ပါသည်။
ထို့ကြောင့် ယင်းစစ်အာဏာရှင်တည်မြဲရေး ကျားထောက်ကျားကန်အဖြစ်ဖွဲ့စည်း
ထားသော (မဟန)များနှင့်ခေတ်ပေါ်ဂိုဏ်းရောဂါများသည်။ ဗုဒ္ဓဘာသာသာသနာ
တော်ကြီးတစ်ရပ်လုံးအား နာမည်ဆိုးဖြင့်ကျော်ကြားရန်ဖြစ်နေပြီ။ ယင်းဂိုဏ်းများမှ
ကြံ့ဖွတ်အလိုတော်ရဟောပြောလျှင်ထိုဟောပြောသောရှင်ရဟန်းအား ဆက်လက်
ဟောကြားခွင့်ရသည်၊ထောက်ပံ့ကူညီသည်။ ယထာဘူတကျကျဟောပြောသော
ရှင်ရဟန်းကိုဟောပြောသောမြို့နယ်ရပ်ကွက်ကျေးရွာလူကြီးတွေက “ဟောပြော
ခွင့်ပိတ်သည်” သက်သေအနေနဲ့  .. .ရွှေည၀ါဆရာတော်ပင်တည်း။
ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကတည်းက နေလိုလလို
ထွန်းကားလာသော ဗုဒ္ဓသာသနာတော်မြတ်ကြီးသည် စစ်ခွေးကြီးနေ၀င်းမှသန်း
ရွှေယင်းသန်းရွှေမှ ယခုသိန်းစိန်တိုင်အောင် စစ်ဗျူဟာအခင်းအကျင်းတို့ဖြင့်
စစ်တလင်းတွင်စစ်ဖိနပ်ဖြင့်အနင်းနေရှာသော ခေတ်ပေါ်ဂိုဏ်းသစ်များကြောင့်
နောင်အနာဂတ်အတွက် စစ်မှန်သောဗုဒ္ဓ၀ါဒသည် မှေးမှိန်ပျောက်ကွယ်မှာ
ကိုစိုးမိသည်။
ဤဓမ္မအလင်းကိုသိုလ်ကိုကျေးဇူးရှင်ခမည်းတော်ကြီးဆရာစံအားပေးဝေငှသကဲ့သို့
ကျေးဇူးရှိကြသောလူနတ်ဝိဇ္ဇာသတ္တ၀ါအနန္တတို့အားဝေငှပါသည်။
█ ░ အလင်းရှင် ░ █

ထို့ကြောင့် ယင်းစစ်အာဏာရှင်တည်မြဲရေး ကျားထောက်ကျားကန်အဖြစ်ဖွဲ့စည်း
ထားသော (မဟန)များနှင့်ခေတ်ပေါ်ဂိုဏ်းရောဂါများသည်။ ဗုဒ္ဓဘာသာသာသနာ
တော်ကြီးတစ်ရပ်လုံးအား နာမည်ဆိုးဖြင့်ကျော်ကြားရန်ဖြစ်နေပြီ။ ယင်းဂိုဏ်းများမှ
ကြံ့ဖွတ်အလိုတော်ရဟောပြောလျှင်ထိုဟောပြောသောရှင်ရဟန်းအား ဆက်လက်
ဟောကြားခွင့်ရသည်၊ထောက်ပံ့ကူညီသည်။ ယထာဘူတကျကျဟောပြောသော
ရှင်ရဟန်းကိုဟောပြောသောမြို့နယ်ရပ်ကွက်ကျေးရွာလူကြီးတွေက “ဟောပြော
ခွင့်ပိတ်သည်” သက်သေအနေနဲ့ .. .ရွှေည၀ါဆရာတော်ပင်တည်း။
ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကတည်းက နေလိုလလို
ထွန်းကားလာသော ဗုဒ္ဓသာသနာတော်မြတ်ကြီးသည် စစ်ခွေးကြီးနေ၀င်းမှသန်း
ရွှေယင်းသန်းရွှေမှ ယခုသိန်းစိန်တိုင်အောင် စစ်ဗျူဟာအခင်းအကျင်းတို့ဖြင့်
စစ်တလင်းတွင်စစ်ဖိနပ်ဖြင့်အနင်းနေရှာသော ခေတ်ပေါ်ဂိုဏ်းသစ်များကြောင့်
နောင်အနာဂတ်အတွက် စစ်မှန်သောဗုဒ္ဓ၀ါဒသည် မှေးမှိန်ပျောက်ကွယ်မှာ
ကိုစိုးမိသည်။
ဤဓမ္မအလင်းကိုသိုလ်ကိုကျေးဇူးရှင်ခမည်းတော်ကြီးဆရာစံအားပေးဝေငှသကဲ့သို့
ကျေးဇူးရှိကြသောလူနတ်ဝိဇ္ဇာသတ္တ၀ါအနန္တတို့အားဝေငှပါသည်။
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget