.

AlinShin

Sunday, August 24, 2014

ဓနုဂ္ဂဟစေတီရယ် . .ဓမ္မစေတီရယ် . . မိကျောင်းနက္ခတ်ရယ် .. ကျိန်စာရယ် . . .

Photo: ဓနုဂ္ဂဟစေတီရယ်  . .ဓမ္မစေတီရယ် . . မိကျောင်းနက္ခတ်ရယ်  .. ကျိန်စာရယ် . . . ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

ခေါင်းလောင်းကြီးကို သွန်းလောင်းချိန်ဟာ မိကျောင်းနက္ခက်နှင့်စန်းယှဉ်
ချိန်ဖြစ်သောကြောင့် ကုန်းတစ်လှည့်ရေတစ်ကြိမ်နေရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် . .ဓမ္မစေတီခေါင်းလောင်းကြီးဟာရွံနွံတွေထဲမှာမြုတ်နေတာမျိုး
မဟုတ်ပါဘူး။ နတ်နဂါးတွေတည်ထားသော ရွှေတိဂုံဘုရားထဲတွင် ကိန်းဝပ်နေပါတယ်။ 
ရူးကြောင် . . .  နတ်ကြောင်  . . . .
ဓါတ်ကြောင်  . . သီလကြောင်  . .. 
ဂလယ်အူကြောင်တွေ ဆယ်ယူလို့မရဘူးဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်
ကသက်သေခံနေပါတယ်။
ယင်းခေါင်းလောင်းကြီးအား ဆယ်ယူရန်ကျိုးစားခဲ့သော ဗိုလ်ချုပ်
ခင်ညွှန့်ဓါတ်ပုံနှင့်တကွ နိုင်ငံပိုင်သတင်းစာတွင် တစ်ချိန်ကအတိ
အလင်းဖေါ်ပြခဲ့ဖူးပါတယ။် 
ဒါပေမယ့်မရခဲ့တာဟာ တဘောင်စနည်း ပါရမီခရီးသွားမဟုတ်လို့
ပါပဲ။
“စနေသားမင်းဖြစ်ချိန်  . . . ဓမ္မရေပေါ်ပေါ်လတ္ထံ့ ”
“သုံးစနေ ကုန်းမဟေပေါ်လတ္တံ့”
ဆိုသော တဘောင်ရှိပါတယ်။
တ၊ထ၊ဒ၊ဓ၊န ၊ အမည်ရသောသူ သမ္မတဖြစ်ချိန်မှာ ဓမ္မစေတီခေါင်း
လောင်းဟာ ဆယ်ယူ၍ ရခြင်း ၊ ပေါ်ခြင်း တစ်မျိုးမျိုးကြုံပါလိမ့်မည်။
ယင်းခေါင်းလောင်းကြီးကို သွန်းလောင်းချိန်တွင် ကျိန်စာပန္နက်များ 
ချထားကြောင်းဆိုပါတယ်။
ဒါ့ကြောင့် ယင်းဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားခဲ့သော
ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ခဲ့သည်။
အထူးမှတ်ရန်မှာ ဓမ္မစေတီခေါင်းလောင်းကြီး ကိန်းဝမ်ရာအနီအနားတွင်
“စနေနံကိန်းသော ” ဓနုတ်စေတီတော်မြတ်ကြီးရှိပါသည်။ ယင်းဓနုတ်စေ
တီတော်မြတ်ကြီးအကြောင်းကို  . . . 
(၁)
http://aungminkhoung.blogspot.com/2014/05/blog-post_3.html 
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_82.html
တွင်ဆက်လက်လေ့လာနိုင်သည်။
“ဓနုတ်စေတီတော်”သည် စနေနံဖြစ်သလို ဓမ္မစေတီခေါင်းလောင်းကြီး
သည်လည်း ဓနေနံကိန်းပါသည်။ “သုံးစနေ ကုန်းမဟေပေါ်လတ္ထံ”
ဆိုသောတဘောင်အရ “စနေသားသမ္မတဖြစ်ချိန်တွင် ” ဓမ္မစေတီ
ခေါင်းလောင်းကြီးသည် နတ်လောကမှလူလောကအတွင်းသို့တစ်ဖန်
ပြန်လည် အကြည်ညိုခံမည်ဟု စာရေးသည်ထင်မှတ်သည်။
ယင်းသို့ ဓနုတ်စေတီတော်ကို အာဏာရူးသန်း၏မယား အကြိုင်မ
ထီးတော်တင်တုန်းကလည်း တင်နေဆဲစေတီတော်ကြီးပြိုကျခဲ့သ
ဖြင့် အပြစ်မဲ့သော  . . စစ်သားများ အရပ်သားများသေပျောက်ခဲ့
ရပါသေးသည်။ ယင်းကိစ္စကို အများသိမှမို့ ဖုံးကွယ်ထားတာပါ။
ဒါ့ကြောင့်  . . “ ဘုမသိ ဘမသိတွေ” “ဘာတွေလုပ်နေမှန်းကိုမသိ”
ဖြစ်နေပါပြီ။ တစ်ဖန်အသိပေးရခြေသော်  .. 
မူပဋိသန္ဓေစိတ်ဖြင့် သားသတ်လွတ်စားသူများမဟုတ်ရင်  . .သို့တည်း
မဟုတ် နှစ်ကြာရှည်သည့်တိုင် သတ္တ၀ါအပေါ်သနားကရုဏာမေတ္တာ
ဈာန်ကမ္မဋ္ဌာန်းစီးဖြန်းကာ နေသော  . .. 
(၁) ရသေ့ရဟန်းကောင်း 
(၂) လူသူတော်ကောင်း
(၃) မင်းကောင်း
မပေါ်သရွေ့ ဓမ္မစေတီသည် ရေပေါ်ပေါ်မည်မဟုတ်ပါ။
ထိုသုံးချက်ညီပါက  . .
“မုန့်လုံးရေပေါ်ပေါ်လတ္တံ့ ” ဟူသော တဘောင်အရ (၉)န၀င်းစီးသော
ဂုဏ်တော်ကိုးပါးကို စီးဖြန်းသော လူစွမ်းကောင်းကြီးဆယ်လိမ်မည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်
ရန်ကုန်တိုင်း

နေပြည်တော်ဇိမ်ခံဟိုတယ်ကြီးတွင် တစ္ဆေခြောက်

လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ 
ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။

  • နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)  

 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

.

ကြေးမုံသတင်းစာမှ ထူးအိမ်သင်၏သီချင်းစာသားအားခိုးယူခြင်း

ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်နဲ့ နိဂုံးချုပ်ရေးသားထားတဲ့ တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာ
စာ ၁၉  "ဒါ စိတ်ဓာတ်ကျစရာလား" ခေါင်းစဉ်တပ် ဆောင်းပါးကို ဖတ်ပြီးကြပြီလား။ 
ထူးအိမ်သင်ရဲ့စာသားဖြစ်ကြောင်းတော့ ရေးမထားပါ။
စိတ်မညစ်နဲ့ ဆိုတဲ့ သီချင်းထဲက စာသားတွေပါ။

ဆောင်းပါးတပုဒ်လုံးရဲ့ ဆိုလိုရင်းကို....  ကိုယ့်ဝန်းကျင်မှာ အဆင်မပြေတာတွေများနေတယ်၊ သို့သော်လည်း စိတ်ညစ်စရာ မလိုဘူး လို့ နားလည်ရပါတယ်။
ကလောင်သစ်တယောက်ရဲ့ ဆောင်းပါး  ဖြစ်နိုင်သလို
ကလောင်ဟောင်းတယောက်ရဲ့ ဦးဏှောက်ဆေးဆောင်းပါးလည်း ဖြစ်နိုင်မှာပါ။ 

ဖြတ်ညှပ်ကပ်လျှောက်ရေးတာပဲဖြစ်ဖြစ်၊ စနစ်တကျ ဗျူဟာချရေးထားတာပဲဖြစ်ဖြစ် ထူးအိမ်သင်အမည် ဖြုတ်ထားတာတော့ စိတ်မကောင်းစရာလို့ သူ့ပရိသတ်က ပြောပါလိမ့်မယ်။

အခုအချိန်ဟာ ထူးအိမ်သင်ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ကာလလည်း ဖြစ်နေတယ် မဟုတ်လား။

သို့သော်လည်း ဒီလိုမျိုးဆောင်းပါးမှာ ထူးအိမ်သင်နာမည်ကို ထည့်မထားတာ ပိုကောင်းပါတယ်လို့ 

ဆိုသူက ဆိုပါလိမ့်မယ်။

သူရေးခဲ့တဲ့ "စိတ်မညစ်နဲ့" ဟာ ပေါ်လစီသီချင်း/အကျိုးပြုသီချင်း ဖြစ်ပါလိမ့်မယ်။
ကန္တာရနှစ်များအစောပိုင်းကာလ ကတည်းက  အဆိုတော်တွေ စီးရီးထုတ်မယ် ဆိုရင်  

အကျိုးပြုသီချင်း ၂ ပုဒ်လောက် မဖြစ်မနေ ထည့်သွင်းရပါတယ်။
အဲဒါ ကျေးဇူးရှင်အစိုးရ ထုတ်ပြန်တဲ့ စည်းကမ်း။
အဆိုတော်တချို့ကလည်း  ဆေးလိပ်သောက်တာ မကောင်းဘူး ဆိုတဲ့ ကဗျာလေး ဘာလေး
သီချင်းစာအုပ်ထဲ ထည့်တယ်။ သီချင်းအဖြစ်နဲ့တော့ ဆိုတီးထားတာမဟုတ်။
တချို့ကလည်း ရိုးရိုးလေးသာဝတ်ခဲ့ပါ၊ အခါကြီးရက်ကြီးမို့ တောရကျောင်းသွားတယ် စသဖြင့် ဝိနည်းလည်းလွတ်၊ ပြီးတော့ ... အများလည်း ကြိုက်ကြ၊ လက်ခံနိုင်ကြတဲ့သီချင်းကောင်းတွေ ထည့်ကြတယ်။

ထူးအိမ်သင်လည်း အဲဒီခေတ်ထဲ အဆိုတော်ဖြစ်ရသူမို့ အကျိုးပြုသီချင်း မထည့်မဖြစ် 

ထည့်ခဲ့ရတာပေါ့။ သူ့အကျိုးပြုတွေကတော့ စာပေကင်ပေတိုင်လည်း သဘောကျ၊ ပရိသတ်လည်း သဘောကျ။

"စိတ်မညစ်နဲ့" သီချင်းကို အောင်ရင်အတွက် သူ ရေးပေးပါတယ်။ အောင်ရင် သီဆိုတာကို

 ချီးကျူးသူလည်း ရှိ၊ ဆိုဟန်နဲ့အသံကို ကဲ့ရဲ့သူလည်း  ရှိပါတယ်။ ဥပမာ ... စိတ်မညစ်နဲ့ 
ဆိုတဲ့ သီချင်းကို စိတ်ညစ်ဖွယ် ကြားနေရ၏... စသဖြင့်။

မည်သို့ပင် စိတ်ညစ်စေကာမူ တင်ဇာမော်ကလည်း ဒီသီချင်း ပြန်ဆိုတယ်။
အင်တာနက်အဆင်ပြေရင် http://www.youtube.com/watch?v=Nw8JATCUIrk မှာ 

တင်ဇာမော်ရဲ့ ဆိုဟန်ကို ခံစားပါ၊ ကြည့်ရှုပါ။
စိတ်ညစ်နေချိန်မှာတော့ မကြည့်သင့်ပါ။

သီချင်းကတော့ မြူးလွန်းပါတယ်။

ကဲ... ပြောချင်တာကတော့ ဒီလောက်ပါပဲ။
 စိတ်ညစ်စရာတွေ့ရင်တော့ လူ့သဘာဝအရ ညစ်ကြရမှာပါ။
သီချင်းထဲ တိုက်တွန်းထားသလို ... ပျော်တတ်အောင်လည်း ကြိုးစားရမှာပါလို့ဆိုပါရစေ။
ဆက်စပ်

  • ထူးအိမ်သင်အမှတ်တရပွဲအတွက် မှတ်ချက်အထွေထွေ 
http://blog.irrawaddy.org/2014/08/blog-post_891.html 

ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry

ငယ်စဉ်အခါက ရင်သားကြီးချင်လို့ဆုတောင်းခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry
Wednesday, January 22, 2014 GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။

ညတစ်ညမှာ ကျွန်မ ပက်လက်လှန်ပြီးကျွန်မရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ထံဆုတောင်းတယ်။ ‘အရှင်ဘုရား။ ကျွန်မလှဲနေတုန်း ကျွန်မခြေထောက်တွေကို လှမ်းကြည့်လို့မမြင်နိုင်လောက်အောင် ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ခွင့်ပေးပါလို့ဆုတောင်းခဲ့ပါတယ်’ လို့ပြောပါတယ်။
 
အခုသင်မြင်နေရသမျှအရာ (သူမရဲ့ရင်သားတွေ)ဟာ သဘာဝအတိုင်းဖြစ်တယ်လို့ဆိုပ
ါတယ်။
“ကျွန်မ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးပါဘူး။ နှာခေါင်း၊ မေးစေ့၊ ပါး၊ ရင်သား နည်းနည်းလေးတောင်မလုပ်ပါဘူး” လို့ပြောပါတယ်။

Katy ဟာသူမရဲ့ အတွင်းရေးတစ်ခုကိုလဲဖွင့်ဟသွားပါတယ်။ သူမဟာ Nashville, Tennessee မှာ ၁၆ နှစ်သမီးတုန်းက အပျိုရည်ပျက်ခဲ့တာဖြစ်ပြီး နေရာကတော့ Volve seden ကားရှေ့ခန်းမှာဖြစ်ပါတယ်။ ပြီးတော့အဲ့ဒီ့အချိန်မှာ Jeff Buckley ရဲ့ Grace album ကိုဖွင့်ထားတာဖြစ်ပါတယ်။

‘ကျွန်မအဲဒီ့အခွေကို အရမ်းချစ်တယ်’ လို့ Katy ကနောက်ကြောင်းပြန်ပါတယ်။

Myawady News
http://gyizaw.blogspot.com/2014/01/katy-perry.html
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget