Thursday, November 27, 2014
TV အစီအစဉ်တင်ဆက်သူမိန်းကလေးရဲ့ ဖင်ကို သဲပွတ်ပေးရသူ ၂ ဦးရဲ့အဖြစ်
နာမည်ကြီး အကျော်အမော် တစ်ဦးရဲ့  အကူ တစ်ဦးဖြစ်ရတာ တကယ့်ကို
ခက်ခဲတဲ့ဘ၀ပါပဲ။ဒါပေမယ့် Kim Kardashian ရဲ့  အကူ နှစ်ဦးအတွက်
ကတော့ သူတို့ ရဲ အလုပ်ဟာ တကယ့်ကို အဓိပ္ပါယ်အသစ်တစ်မျိုး
သက်ရောက်သွားပါတယ်။
ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ နောက်ပိုင်းတင်သားအလှကြောင့် လူသိများတဲ့
ဖြစ်ရပ်မှန်အစီအစဉ်တင်ဆက်သူ Kim Kardashian ဟာ လှပတဲ့
ဓာတ်ပုံအလှရိုက်ကွင်းတစ်ခုမှာ ဓာတ်ပုံအရိုက်ခံနေစဉ် သူမရဲ့ အကူ
အမျိုးသား ၂ဦးက သူမရဲ့ တင်ပါးနှစ်ဖက်ပေါ်မှာ သဲတွေ နဲ့
ပွတ်လိမ်းပေးနေရတာကို မြင်တွေ့ ခဲ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ် အကျော်အမော်ဟာ သိပ်မကြာခင်က ထိုင်းနိုင်ငံ
ဖူးခက်ကျွန်းကို မိသားနဲ့ ခရီးထွက်နေတဲ့ အချိန်အတွင်းမှာ ရွှေရောင်
ရေကူးဝတ်စုံလေးကို ၀တ်ဆင်ရင်း သူမရဲ့  ခန္ဓာကိုယ် ကောက်ကြောင်း
အလှကို ဖေါ်လှစ်ပြသရင်း ရိုက်ကူးထားတဲ့ ဒီဆွဲအားပြင်းတဲ့ ဓာတ်ပုံတွေ
ကို တနင်္ဂနွေညတိုင်းမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသနေတဲ့ Keeping up
with the Kim Kardashian ဆိုတဲ့ အစီအစဉ်မှာပြသခဲ့ပြီးဖြစ်ပါတယ်။
ဖြူလွှလွှ သဲသောင်ပြင်ထဲမှာ လူးလှိမ့်ပြီး သူမရဲ့ တင်သားတွေကို ကင်မရာ
ဘက်ကိုပေးထားရင်း Kim ဟာ သူ့ ကိုယ် သူ အရမ်းကို ကျေနပ်ပျော်
ရွှင်နေပုံရပါတယ်။ သူမရဲ့ Instagram ၀က်ဘ်စာမျက်နှာမှာ တင်ထားတဲ့
သူမရဲ့ ဓာတ်ပုံတစ်ပုံနဲ့တွဲပြီး“ထိုင်းနိုင်ငံ အမှတ်တရ။ ရှင်တို့ တွေ ဒီည ပြခဲ့တဲ့
ထိုင်းမှာရိုက်ခဲ့တဲ့ KUWTK အစီအစဉ် တစ်ပိုင်းကို ကြိုက်ကြရဲ့လား”လို့
ရေးထားပါတယ်။
ဒါပေမယ့် မနေ့ က လော့စ်အိန်ဂျလိစ်မှာ ဓာတ်ပုံရိုက်ကူးရေး တစ်နေ
ရာကိုသွားရမှာ ကလေးတစ်ယောက်အမေ ဖြစ်သူ Kim ဟာ လုံ
လုံခြုံခြုံဝတ်စားလာခဲ့ပြီး
ယဉ်ကျေးသိမ်မွေ့ နေသယောင် ထင်ရပါတယ်။
အလှပဂေးဟာ အသားအရောင်ခပ်ဖျော့ဖျော့ ရှိပြီး လည်ပင်းနားတွင်
ဗွီပုံသဏ္ဍန် ချုပ်ထားသောဝတ်စုံကို ၀တ်ဆင်လာခဲ့ပါတယ်။ ယင်း
ဗွီပုံသဏ္ဍန် ရင်အဟိုက်ဟာ သူမရဲ့ ဖွံထွားစွဲမက်စရာကောင်းတဲ့
ရင်ကြားအလှကို လည်းပေါ်လွင်စေပါတယ်။
သူမရဲ့ ဆံပင်စတိုင်ဟာ ၁၉၄၀ခုနှစ်လောက်က လှိုင်းတွန့် ပုံစံမျိုးကို
ပုံသွင်းထားပြီး ပန်းရောင် နှုတ်ခမ်းနီ ခပ်ဖျော့ဖျော့ကိုလည်း
ဆိုးထားပါသေးတယ်။
Keeping up with Kim Kardashian ဟာ နောက်တစ်ပတ် တနင်္ဂနွေနေ့ 
ည ၉နာရီမှာ ပြန်လည်တင်ဆက်မှာပါ။
Ref:express.co.uk
From: Trend Myanmar
www.mmdailystar.com
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment