.

AlinShin

Thursday, November 27, 2014

ဒါ့ကြောင့်ကိုး . . . ဒါ့ကြောင့်












“ဒေါက် ၊ ဒေါက် ၊ ဒေါက် ”

“ အပြင်က တံခါးခေါက်နေတာ ဘယ်သူလဲ . . . ဟေ့”




“ဘယ်သူလည်း လုပ်မနေနဲ့ ”
“သေမင်းကွ  .. သေမင်း”

“အေး  . .သေမင်းဆို ငါမအားသေးဘူးကွ၊ ”
“လူ့ပြည်မှာ စစ်ခွေးကြံ့ဖွတ်တွေသောင်းကျန်းနေလို့”
“ဘုရားလည်းဖျက် ၊စေတီလည်းဖြို ၊ သံဃာလည်းသတ်နဲ့”
“အဲဒါကိုအခုတံခါးလာခေါက်တဲ့”
“ သေမင်းဆိုတဲ့ကောင် မသိဘူးလား  .. ကွ”

“သိတာပေါ့ကွ၊”
“ အဲလို ကောင်မျိုးတွေကို သတ်ဆိုးရှည်ပေးရတယ်”
“ဒီကောင်တွေက တစ်ဘ၀ တစ်ခါလူဖြစ်တာလေ”
“မင်းတို့က ခဏခဏ လူဖြစ်လိုက် နတ်ဖြစ်လိုက်နဲ့”
“အဲဒီကောင်တွေက တစ်သံသရာတစ်ခါလူလာဖြစ်ရတာမို့”
“လူဖြစ်တုန်း ”
“မဟုတ်တာမကောင်းတာမှန်သမျှ လုပ်ရတာကိုး  .. ကွ”

“သြော်  . . သြော်  .. ”
ဒါ့ကြောင့်ကိုး  . . . . ဒါ့ကြောင့်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget