.

AlinShin

Thursday, November 27, 2014

မုန့်တိုက်ပွဲ (သို့)တရုတ်နိုင်ငံအစိုးရ၏ရက်စက်ယုတ်မာမှုများ


















စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့ကတရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲသတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံ


သားများအတွက်များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
စာရေးသူက အစကတော့မရေးဘူးဆိုပြီးစိတ်ကူးထားခဲ့ပေမယ့် မြန်မာပြည်
သူများရဲ့အသက်ကိုထောက်ပြီး မရေးချင်ပေမယ့်ရေးခဲ့ရပါတယ် ။
ထိုနေ့က အကင်ဆိုင်တွင် လှလှပပထုတ်ပိုးထားသော စားချင်စဖွယ်အသား
ချောင်းများအသားလုံးများ ၊ ကြက်အူချောင်းများကိုပြသထားပြီး စတီးဗန်း
များပေါ်တွင်ဖောက်၍ခင်းကျင်းထားတာကို တွေ့ရပါတယ်။
စာရေးသူကလည်း စားချင်တာကို ခြင်းလေးထဲထည့်ပြီး ကင်ဖို့၊ကြော်ဖို့
ပေးလိုက်ပါတယ်။စားရန်အစားအသောက်မလာသေးခင်စောင့်ဆိုင်းရင်း
မိတ်ဆွေဖြစ်သူနှင့်စကားစမြည်ပြောနေတုန်းတွင် တရုတ်အမျိုးသမီးတဦးမှ
တရုတ်ရဲများကိုခေါ်လာပြီး အကင်ရောင်းသူဆိုင်ပိုင်ရှင်အား လက်ညိုးတထိုး
ထိုးဖြင့်ရဲများကို တရုတ်လိုအော်ပြီးပြောနေရာတရုတ်ရဲများက ဆိုင်ရှင်အား
လက်ထိပ်ခတ်ပြီးဆိုင်အတွင်းထဲသို့တရွတ်တိုက်ခေါ်သွားတာကိုတွေ့လိုက်ရ
ပါတယ်။
စာရေးသူကလည်းတရုတ်စကားနားမလည်သော်လည်းစပ်စုချင်စိတ်ကြောင့်
မသိမသာ အကဲခတ်၍ကြည့်မိရာ ဆိုင်အတွင်းထဲတွင် ဓါတ်ပုံရိုက်မှတ်တမ်း
ယူပြီး ရှာဖွေပုံစံဖြင့် ပစ္စည်းတချို့ကိုသိမ်းဆည်းနေတာတွေ့လိုက်ရတော့
သေချာကြည့်မိရာ စားရေးသူမှာထားသောအကင်များကို ပက်ကင်လှလှထုတ်ပိုး
ထားသည့်အသားကင် ၊ အသားချောင်းများဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။
ထိုအချိန်တွင် တရုတ်ရဲများက စားရေးသူရှိသည့်ဖက်ကိုလာပြီး တရုတ်လိုပြော
နေရာ ကိုယ်ကလဲဘာမှမသိသဖြင့် တရုတ်စကားတတ်သူမိတ်ဆွေမှ စာရေး
သူအား ဘုန်းဘုန်း ပြန်ကြစို့ တရုတ်ရဲကပြောနေတာဆိုင်ပိတ်သွားပြီ ပြန်ကြတော့
လို့ပြောနေတာဟု ပြောသဖြင့်စာရေးသူမှ မစားမသောက်ပဲ ပြန်လာခဲ့ရပါတယ်။
ဒါနဲ့ပဲ မိတ်ဆွေဖြစ်သူက တခြားဆိုင်ကိုသွားစားမယ်ဆိုပြီး မြန်မာပြည်ကလာ
ရောင်းသောရှမ်းထမင်းဆိုင်သို့ ရောက်ရှိခဲ့ရပါတယ်။အကင်စားချင်တဲ့စိတ်ကြောင့်
ဘဝင်မကျသော်လည်းကျွေးသူကိုအားနာပြီး ဘူဖေးပုံစံခင်းကျင်းထားသော
ဟင်းများကိုလိုချင်တာထည့်ပြီး မစားချင် စားချင်ဖြင့်စားနေမိရပါတော့တယ်
သိုသော်လည်း မျက်စိထဲမှာကတော့စားချင်စဖွယ် ပက်ကင်ထုတ်လှလှလေးကိုသာ
မြင်နေမိတော့ စားရတာစိတ်မပါလှပါဘူး ။
ဒါကိုသတိထားမိဟန်တူတဲ့ဆိုင်ရှင်ခပ်သန့်သန့်ရှမ်းအမျိုးသားကြီးက ထမင်းဝိုင်း
ရောက်လာပြီးဘုန်းဘုန်း စားရတာအဆင်မပြေရင်ပြောဆိုပြီးဧည့်ဝတ်ကျေပြွန်စွာ
လာပြီးမေးတော့စာရေးသူကလည်း ဖြစ်ပျက်ခဲ့တာကိုမခံမချိပြောပြလိုက်ရပါတော့
တယ် ။ဆိုင်ရှင်ကြီးရဲ့မျက်နှာမှာတော့ ပြုံးပြုံး ပြုံးပြုံး နဲ့စာရေးသူကို မသိနားမလည်
တဲ့ကလေးတယောက်ကရှင်းပြနေတဲ့ပုံစံကို နားလည်ပေးတဲ့ အကြည့်နဲ့ပြုံးပြုံးကြီး
ကြည့်နေတော့တာပါပဲ. . . .
စာရေးသူလဲ ပြောလို့ပြီးသွားတဲ့အချိန်ကြမှဆိုင်ရှင်ရှမ်းအမျိုးသားကြီးကဘုန်းဘုန်း
ဘုရား ခဏလေးစောင့်ပါတပည့်တော် ပြစရာရှိတာလေး ပြချင်လို့ပါဆိုပြီး
ထမင်းဆိုင်ရဲ့အပေါ်ထပ်ကို တက်သွားပါတော့တယ် . .။
သူပြန်ဆင်းလာတော့ လက်ထဲမှာတရုတ်သတင်းစာတစောင်နဲ့ Laptopကြီးကို
ကိုင်ပြီးဆင်းလာပြီး စာရေးသူရဲ့ဘေးကို ကျကျနနထိုင်လို့စိတ်ရှည်လက်ရှည်
အချိန်ပေးပြီး စာရေးသူကိုဓါတ်ပုံတွေ တရုတ်သတင်းစာတွေကိုပြသပြီး မြန်မာ
တမျိုးသားလုံးအတွက်အရေးကြီးတဲ့ ဗဟုသုတကို ဘာသာပြန်ပေးပါတော့တယ်
ကွယ် ။
၂၀၃၀ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ရေရှားပါးမှုပြဿနာကို အကြီးအ
ကျယ်ကြုံတွေ့နိုင်ပြီးသဘာဝအရင်းအမြစ်များရှာဖွေရေးဌာနမှ ၂၀၀၂ခုနှစ်
စာရင်းဇယားတွင်ဖော်ပြခဲ့ပါသည်။
ထိုပြဿနာများကိုဖြေရှင်းရန်အတွက် အိမ်နီးချင်းမြန်မာနိုင်ငံမှခေါင်းဆောင်
များဖြင့်တွေ့ဆုံပြီးလျှိုဝှက်စီမံကိန်းအဖြစ် မြစ်ဆုံရေကာတာစီမံကိန်းအဖြစ်
ရင်းနှီးမြူပ်နှံခဲ့ကြောင်း အစိုးရအစီရင်ခံစာတွင်ဖော်ပြထားခဲ့သည်။
မြန်မာနိုင်ငံကို ပြည်သိမ်းစီမံကိန်းအဖြစ်အစားအသောက် အသုံးအဆောင် 
အစီးအနင်းများကိုဈေးပေါပေါဖြင့် ဈေးကွက်ကိုထိုးဖောက်နေရာယူပြီးမြန်မာ
လူမျိုးများအကြိုက် ဆွဲဆောင်နိုင်ဖို့တရုတ်အစိုးရမှ တရုတ်ကုန်ထုတ်လုပ်သူ
လုပ်ငန်းရှင်များအားPlan ချမှတ်ပြီးချုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဆိုင်ကယ်ထုတ်လုပ်စက်ရုံများတွင် မြန်မာပြည်အတွက်သီးသန့်ထုတ်လုပ်
သည့်စက်ရုံနှင့် တရုတ်ပြည်အတွက်သီးသန့်ထုတ်လုပ်သည့်စက်ရုံးဟုပြီးခွဲခြား
ထားသလိုအစားအသောက်များကိုလဲ မြန်မာပြည်စားသုံးရန်နှင့်တရုတ်ပြည်သား
များစားသုံးရန်ဆိုပြီး သတ်မှတ်ခွဲခြားရောင်းချနိုင်ရန် စနစ်တကျစီမံခဲ့ကြောင်းတ
ရုတ်ပြည်သို့ရောက်ဖူးသူတိုင်းသိရှိကြမည်ဖြစ်ပါသည်။
မြန်မာပြည်သို့တင်ပို့သောဆိုင်ကယ်များမှာလဲကြံ့ခိုင်မှုမရှိသလို အသက်အန္တ
ရာယ်ကိုလဲစိတ်ချစွာမောင်းနှင်နိုင်သည့် အာမခံချက်မရှိပါ ။ထိုဆိုင်ကယ်များကို
တရုတ်ပြည်တွင်စီးနင်းမောင်းနှင်ခွင့်မပေးသလို တရုတ်နိုင်ငံသားများအား ရောင်း
မိပါကထိရောက်စွာအရေးယူကြောင်းဥပဒေထုတ်ပြန်ထားပါသည်။
စားသောက်စရာများကိုလဲ အထက်ပါအတိုင်းချုပ်ကိုင်ထားပြီးမြန်မာပြည်အ
တွက်သီးသန့်ဟု၍ သတ်မှတ်ထားပါသည်။
အထူးသဖြင့် အကင်များ ၊ အသားလုံးများကြက်အူချောင်းများကို အထူးစီ
မံပြီးမြန်မာနိုင်ငံအတွက်သီးသန့်ဈေးပေါပေါဖြင့်လွယ်ကူစွာရောင်းချ စားသုံးနိုင်
ရန်အထုတ်အပိုး လှလှပပဖြင့်ဆွဲဆောင်ထားပါသည်။
တရုတ်နိုင်ငံတွင် ထိုအစားအသောက်များကိုစားသောက်ရောင်းချခွင့်လုံးဝမရှိပါ
အဘယ်ကြောင့်ဆိုသော်ထိုအစားအသောက်တွင် Saraparitic ဟုခေါ်သောဓါတ်
တမျိုးပါဝင်ပြီး စာသုံးမိသူများသည် အမျိုးသားဖြစ်ပါက ပန်းသေစေနိုင်ယုံမက
ဘိန်းစားများဆေးစွဲသလို အလုပ်လုပ်ကိုင်စိတ်ပျောက်ဆုံး၍ ထုံထိုင်းမှိုင်ငေးမိန့်
မောစေနိုင်သလိုအမျိုးသမီးများစားသုံးပါက နို့အကြိတ်ကင်ဆာဖြစ်စေပြီးသားအိမ်
ရှုံ့၍ ကလေးမျိုးဆက်ကို ပျက်ဆီးစေနိုင်ကြောင်းကုလသမဂ္ဂ W.H.O အစီရင်ခံ
စာမှာ ဖော်ပြထားပါသည်။
ကလေးသူငယ်များစားသုံးမိပါက အနာဂတ်အတွက်မျိုးဆက်ပြတ်တောက်၍

လူမျိုးတုန်းရန် ၁၀၀%သေချာသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏လူသားအရင်းအမြစ်ကို ဘာမဟုတ်သည့်အစားအသောက်မှ
စနစ်တကျစီမံကိန်းရေးဆွဲထားသည်မှာမျက်လုံးပြူးဖွယ်ရာတွေ့ရှိရပါတော်
သည်။ထိုစီမံကိန်းသည် "ပြည်သိမ်းစီမံကိန်း"သာဖြစ်ကြောင်းရုရှားနိုင်ငံမှ
ထောက်လှမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟုရုရှားသတင်းဌာနမှ လျှိဝှက်
ထုတ်ပြန်ထားပါသည်။
ရုရှားဟက်ကာများ၏ဖော်ထုတ်ချက်အရ၂၀၃၀ခုနှစ်တွင် မြန်မာနိုင်ငံ
၏မြေပုံသည်အထက်မြန်မာပြည်တခုလုံး တရုတ်ပြည်အတွင်းသို့ရောက်
ရှိနေကြောင်း ရုရှားဟက်ကာများလက်သို့မြေပုံဇယားအချက်အလက်တချို့
ရောက်ရှိခဲ့၍အဆိုပါသတင်းအချက်အလက်ကို သိရှိခဲ့ရပါသည်။
ထိုကြောင့် မြန်မာပြည်သားများအနေဖြင့်တရုတ်ထုတ်စားသောက်ဖွယ်ရာများ
ကိုအသိတရားရှိရှိဖြင့် ချင့်ချိန်သုံးစွဲစားသောက်ရန်အထူးသတိပေးလိုက်ရပါ
တော့သည်။
ဘိန်းစစ်ပွဲကြောင့် နိုင်ငံအသိမ်းခံရသည့်သမိုင်းကိုနမူနာယူပြီး အစား
အသောက်တခုကြောင့်မြန်မာနိုင်ငံ၏မြေပုံကို ပြောင်းလဲသွားအောင်မပြုလုပ်
စေလိုပါက အများသိအောင်ဖြန့်ဝေပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
စာရေးသူ ။ ။ 
အရှင်ဇဝန (သရက်တပင် တောရကျောင်း)


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget