.

AlinShin

Tuesday, January 20, 2015

Father Land ဆောက်လုပ်ရေး ကုမ္ပဏီတွင် ရှယ်ယာ ထည့်ဝင်ထားသူ များနှင့် တိုက်ခန်း ဝယ်ယူထားသူများ၏ နစ်နာငွေများကို ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မတိုင်မီ ပြန်လည်ပေးအပ်ရန်ရှေ့နေမှပြော


Father Land ဆောက်လုပ်ရေး ကုမ္ပဏီတွင် ရှယ်ယာ ထည့်ဝင်ထားသူ
များနှင့် တိုက်ခန်း ဝယ်ယူထားသူများ၏ နစ်နာငွေများကို ဖေဖော်ဝါရီလ 
၁၂ ရက် (ပြည်ထောင်စုနေ့) မတိုင်မီ ပြန်လည်ပေးအပ်ရန် လိမ်လည်မှုဖြင့် 
တရားစွဲဆိုခံရသူ Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်က ၎င်း၏ 
မိသားစုနှင့် အကျိုးဆောင်ရှေ့နေများကို ညွှန်ကြားခဲ့ကြောင်း တရားစွဲခံရသူ၏ 
မိသားစု အသိုင်းအဝိုင်းထံမှ သိရှိရသည်။ဇန်နဝါရီလ ၁၃ ရက်က ကျောက်
တံတား မြို့နယ်တရားရုံတွင် တရားစွဲဆိုခံရသူ ဦးကျော်မြင့်က ရုံးထုတ်
စစ်ဆေးပြီးချိန်တွင် ပေးသင့်ပေးထိုက်သူများ၏ ငွေများကို ပြန်လည်ပေး
အပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ငွေကြေး နစ်နာဆုံးရှုံးသူများကို လိုအပ်သော 
အချက်အလက် အထောက်အထားများ စစ်ဆေးရန် ကုမ္ပဏီဝန်ထမ်းများက
ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ နစ်နာသူများ၏ ငွေများကို ပြန်လည်ပေး
အပ်မည့် အကြောင်းကို သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးမည်
ဖြစ်ကြောင်း Father Land ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှစ် ၂၀ ကြာ ဆောက်လုပ်ရေး လောက၌ အောင်မြင်ခဲ့သော Father Land 
ကုမ္ပဏီမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ပန်းဆိုးတန်း အလယ်ဘ
လောက်ရှိ ၁၂ ထပ် ကွန်ဒိုကို တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ယင်းအဆောက်
အအုံ၏ မြေပိုင်ရှင်က စာချုပ်စာတမ်းအတု လိမ်လည်မှုဖြင့် ကုမ္ပဏီပိုင်ရှင် 
ဦးကျော်မြင့်ကို တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနောက် ဦကျော်မြင့်ကို အင်းစိန်
ထောင်တွင် ထိန်းသိမ်းခံရပြီး ကျောက်တံတားတရားရုံး၌ ရုံးတင်စစ်ဆေးခဲ့
ရာမှ ကုမ္ပဏီပိုင်ရှင်က ရှယ်ယာဝင်များနှင့် တိုက်ခန်း ဝယ်ယူထားသူများ၏ 
နစ်နာငွေများ ပြန်ပေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း Father Land ကုမ္ပ
ဏီပိုင်ရှင်၏ အကျိုးဆောင်ရှေ့နေ တစ်ဦးထံမှ သိရှိရသည်။

“တရားစွဲခံရပြီး နောက်ပိုင်း ကုမ္ပဏီက ရှယ်ယာဝင်တွေနဲ့ တိုက်ခန်း ဝယ်
သူတွေက သူတို့ငွေတွေ ပြန်ရဖို့ စာရွက်စာတမ်း အထောက်အ
ထားတွေနဲ့ လာပြောတဲ့သူ အယောက် ၂၀ လောက်ရှိတယ်၊ သိန်း
ထောင်ချီ ပြန်ရစရာရှိတဲ့သူ ပါသလို သိန်းတစ်ရာ နှစ်ရာ ချေးထားတဲ့
သူတွေလည်း ပါတယ်၊ ကုမ္ပဏီပိုင်ရှင်ရဲ့ ညွှန်ကြားချက်ကို စောင့်ကြည့်ပြီး 
နစ်နာသူတွေရဲ့ ငွေတွေကို အမြန်ဆုံး ပြန်ထုတ်ပေးသွားမှာပါ” ၎င်းက 
ဆက်လက်ပြောကြားသည်။

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ကျောက်တံတား မြို့နယ်
တရားရုံးတွင် လိမ်လည်မှုဖြင့် စစ်ဆေးခံနေစဉ် တစ်လကျော်ကြာ ရုံးတော်သို့ 
လာရောက်စစ်ဆေးမခံဘဲ ရှောင်တိမ်းခဲ့ကြောင်း၊ ၎င်းရှောင်တိမ်းနေစဉ်တွင် 
ကုမ္ပဏီမှ တိုက်ခန်းများ ဝယ်ယူထားသူများက လိမ်လည်မှုများဖြင့် ဗိုလ်
တထောင်၊ ဗဟန်း၊ သန်လျင်၊ တာမွေနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် 
အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ သိရှိရသည်။

“တရားရုံးမှာ အစစ်ဆေးမခံဘဲ တစ်လကျော်ကြာ ပျောက်နေရာက 
သူကိုယ်တိုင် ပြန်လာအဖမ်းခံခဲ့တယ်။ ပျောက်နေချိန်မှာ နာမည်ကြီး 
နာရီဆိုင်ပိုင်ရှင်ကို သူ့ပိုင်ဆိုင်မှု တချို့တစ်ဝက်ကို အမည်ပြောင်း လွှဲေ
ပးခဲ့တယ်လို့ သိရတယ်၊ သူပြန်လျော်ရမယ့်ငွေက သန်းကို သိန်းချီေ
လာက် ရှိတာ၊ အခုမှ နစ်နာသူတွေရဲ့ ငွေကို ပြန်ပေးမယ်ဆိုတော့ 
သူတကယ် ပြန်လျော်နိုင် မလျော်နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်
အနေထား ရောက်နေပြီ” ဟု ဗဟန်းမြို့မ ရဲစခန်းတွင် ငွေကျပ်သန်း 
၂၅၀၀ လိမ်လည်မှုဖြင့် Father Land ကုမ္ပဏီပိုင်ရှင်ကို အမှုဖွင့်ထားသူ 
တစ်ဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီပိုင်ရှင်က နစ်နာခဲ့သူများ၏ ငွေများကို ပြန်ပေးအပ်ရန် 
မညွှန်ကြားခင် ကုမ္ပဏီသို့ ငွေချေးထားသူများကို ၎င်း၏ မိသားစုဝင်များက 
အမှုမဖွင့်ရန်၊ ချေးငွေများကို ပြန်လည်ထုတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း 
ယနေ့အချိန်ထိ ချေးငွေများ ပေးအပ်မှု မရှိသေးကြောင်း ယင်းကုမ္ပဏီကို
ငွေချေးထားသူများထံမှ သိရှိရသည်။

The Voice Weekly

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget