.

AlinShin

Tuesday, January 20, 2015

တို့ခြံထဲက . . .သူတို့ဘုရား

 
ဘုရားကိုခြံခပ်
စစ်ခွေးတို့ရဲ့ စနက်လား။

ငါအသည်း ပေါက်ခဲ့သလို 
ဘုရားတွေလည်းပျောက်ခဲ့ပြီပေါ့။

ပုံဂံ . . ပုဂံ . . ပုဂံ
ဘယ်မှာလည်း .. ပုဂံဆိုတာ။
လှည်းဝင်ရိုးသံ တညံညံဆိုတာ ..
ဘကြီးအောင်ရဲ့ ပုံပြင်လား ။

ပုံပြင်မဟုတ်ဘူး ၊ တကယ့်တကယ်
မင်းအနော် ဘုန်းတော်ကြွစဉ်က
ဘုရားစေတီ မိုးပေါ်ကျသို့နှယ် . . ။

သြော် .. သြော်
ကျွန်တော်မှထားလိုက်ပါမယ်။

အေး .. အေး ..
ဟောဟိုနားက .. ခရိုနီကြီးများပိုင်တဲ့
ခေတ်မီဟိုတယ်ကြီးဆိုတာ
ငါ့အဘိုးတွေဘိုးစဉ်ဘောင်ဆက်ကိုးကွယ်ခဲ့တဲ့ စေတီပေါ့။
http://alinshin.blogspot.com/2015/01/blog-post_88.html
ဤကဗျာကို လက်ဖြင့်မရေးပါ နှလုံးသားဖြင့်ရေးပါသည်။
မူရင်းဇာတ်လမ်းကိုလည်း လင့်ချိပ်ပေးလိုက်ပါသည်။
ကလစ်ခေါက်၍ ဖတ်ကာ သင်၏အသိဉာဏ်တွင်
Share သင့်သလား Like သင့်သလားဆိုတာ ကျွန်ုပ်မပြော
လိုတော့ပါ .. ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget