Best Friends များဖြစ်သည့်ရဟန်းပညာရှိ ၊ လူပညာရှိများဖြစ်သော . .. .
ဓမ္မမာမက " ဓမ္မဂဝေသီ ''" ဓမ္မရက္ခိတ " ဓမဂေါပက " အစရှိကုန်သော . .
မိတ်သဟာအပေါင်းတို့ကို အလင်းရှင်မှမှအလွန်မတန်ပင် ကျေးဇူးဥပကာရ
တင်ရှိပါတယ်။ ဘာဖြစ်လို့ တင်ရပါသလဲမေးရင်နေ့စဉ် အလင်းရှင်သည်
သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စဉ်ပြည်သူများကို
နည်းပရိယာယ်ပေါင်းများစွာဖြင့် ဗိုလ်ကျစိုးမိုးခဲ့ကြသော . . တစ်ဖန်
လူငယ်တွေကို ပညာမျက်စေ့အလင်းကွယ်ပအောင် လောကီပညာရေး လောကုတ္တ
ရာ ပညာရေးများကို စုံလုံးကန်းအောင်း ဖန်တီးခဲ့ကြသည့် . . စစ်ခွေးဆိုးကြီးများ
ခရိုနီလက်ပါးစေများ ခြံစောင့်ခွေးများရဲ့ အဓမ္မ၀ါဒီဆိုးများကို ဆောင်းပါးတစ်မျိုး
ကဗျာနည်းတစ်ဖုံ စကားဟန် စာသံများဖြင့် ရေးသားခဲ့သည်ကို ထိုထိုသော မိတ်
သဟာအပေါင်းက နှစ်ထောင်းအားရ comment များဖြင့်တစ်မျိုး Like ဖြင့်တစ်ဖုံ
Share ပေးသူ Tag လုပ်သူများဖြင့် . . . ဝေငှခဲ့ကြသည့်အတွက်ပင်ဖြစ်ပါသည်။
ထို့ကြောင့် မနက်ပိုင်း ၂နာရီလောက်က မျက်လုံးတွေကျိန်းစက်နေသည့်ကြားမှ
Sexy Coffee ဆိုတဲ့ ကဗျာလေးကို Photoshop ဒီဇီုင်းလေးနဲ့ပါဖန်တီးပြီးတင်ပြ
ခဲ့ပါည်။ ယင်းကို ဆရာတော်သမားတော်များ ညီငယ်ညီမငယ်များကလည်း
ဂရုဏာသက်သောအားဖြင့် ဆေးနည်းများညွှန်ပေးခဲ့ကြပါသည် ။ ထို့ကြောင့်
အတိုင်းမသိ ကျေးဇူးတင်မိပါကြောင်း ထပ်လောင်းပြောကြားလိုက်ခြင်းပင်ဖြစ်
ပါသည်။
အလင်းရှင်

No comments :
Post a Comment