စကားပြောဟန်တွေနဲ့သာရေးလေ့ရှိသော အလင်းရှင်ဆရာတော်သည်ယခု
ဆောင်းပါးတွင်မူ စာဟန်လေးဖြင့်ရေးသားတင်ပြထားပါသည်။ဗုဒ္ဓကိုကြည်
ညိုလေးစားသော အလင်းရှင်ရဲ့ အတ္တနောမတိအတွေးများကိုဤဆောင်းပါး
တွင် ထည့်သွင်းထားသည်မို့ . . ဗုဒ္ဓ၀ါဒကိုစိတ်ဝင်တစ်စားရှိသူများ ဖတ်သင့်
မှတ်သင့်သည်ထက် နှလုံးသားထဲတွင် သိမ်းဆည်းသင့်သော ဆောင်းပါးဟု
အလင်းရှင်ဆရာတော်မှ မှတ်ချက်ပြုပါသည်။
Dama Friends တွေအားလုံးအတွက်ကျိုးစားထားတဲ့ဆောင်းပါးပါ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဗုဒ္ဓစာပေကို အကျွမ်းတ၀င်ရှိကြကုန်သော အနောက်တိုင်းပါဠိပညာရှင်တို့သည် အထူးပင်ဗုဒ္ဓတရားများကို နှစ်သက်ကြကုန်၏။ တို့လည်းအားတာနဲ့ဖတ်တယ်
ဖတ်တိုင်း အားရရောင်ရဲတင်တိမ်တယ်လို့ကိုမရှိဘူး။ ဖတ်ပြီးရင်းဖတ်ချင်တော့
တာပဲ။ ဗုဒ္ဓဟာ အကုသိုလ်နဲ့စပ်ယှဉ်တဲ့စကားများကို ဘယ်နေရာလေးမှမှ မဆို
ခဲ့ဘူး။ ဒေါသတင်းတင်းလေးနဲ့ ပြောဆိုတယ်ရယ်လို့ တို့အခုအချိန်အထိမဖတ်မိ
သေးဘူး။
ပါဏာတိပါတ’ သူတစ်ပါးအသတ်ကိုမသတ်ရဘူး။ စသည်ဖြင့်သာဖတ်ရပါတယ်။
တို့ကိုယ်တိုင်သာ ဒီဆုံးမမှုကိုမလိုက်နာနိုင်ကြတာပါ။ အကယ်၍များ လူသားတွေ
သာ ဒီဆုံးမမှုကို လိုက်နာမယ်ဆိုပါက လက်နက်ဖျက်သိမ်းရေးဆိုတဲ့ အလုပ်ကြီး
အထူးလုပ်စရာမလိုသလို ။ အီးစ်မှာလည်း မွတ်ဆလင်များရဲ့ ရက်စက်စွာသတ်
ဖြတ်လည်လှီးခံရမည့် နွားသတ္တ၀ါ ဆိတ်သတ္တ၀ါ သိုးသတ္တ၀ါ ကျွဲသတ္တ၀ါ ကြက်
သတ္တ၀ါ ဘဲသတ္တ၀ါတို့ အသက်ဘေးမှ ချမ်းသာရာရမည်ဟု ငါတွေးမိ၍ ပီတိသော
မနဿဖြစ်ကြည့်တယ်။ ကဲ ဒကာတို့ရေ .. တို့ဗုဒ္ဓ၀ါဒမှ သွေးသံရဲရ့တွေမပါဘူး
ဆိုတာ သိကြရဲ့လား? ဗုဒ္ဓရှင်တော်သည် သတ်ဖြတ်ညှင်းဆဲခြင်းကို ရှုတ်ချတော်
မူသည်ကိုလည်း သိကြရဲ့လား? ဒါ့ကြောင့် မွတ်ဆလင်ဝါဒဆန်ဆန် အလှူပွဲတွေ
မှာ ၀က်ပေါ် ကြက်သတ် တဲ့ ဆွမ်းအလှူမျိုးတွေ ဘယ်သောကာလများမှာ ကင်း
ဆိတ်လေမလည်းလို့ ငါတွေးမိတယ်။
ဒါ့ကြောင့် ငါမေးလျှောက်စရာ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးကလည်းမရှိ
တော့ ငါမေးချင်တဲ့ “ဆွမ်းနှစ်ဆွမ်းဘယ်ဆွမ်းက စွမ်းသလည်း” ဆိုတဲ့ မေးခွန်းကို
ငါကိုယ်တိုင်မေး၍ ငါကိုယ်တိုင်ပင်ဖြေရတော့မည်။
ဆွမ်းနှစ်ဆွမ်းဟူသည်ကား . . .
(၁)သတ္တ၀ါတို့ရဲ့အသက်အသားမပါသော၊ဟင်းသီး/ရွက်တို့နှင့်ချက်သောဆွမ်း။
(၂)သတ္တ၀ါအသားကို ချက်ပြုတ်စီမံထားသော ဆွမ်း။
ထိုဆွမ်းနှစ်ဆွမ်းမှာ ဘယ်ဆွမ်းက အကျိုးပေးသန်သလဲ ဆိုတာကို အတ္တနော-
မတိသုံးသပ်ကြည့်ရမည်ဖြစ်သလို ပဠိတော်များကိုလည်း references လုပ်၍
ဆုံးဖြတ်ကြရမည်။
အချို့သော ကိစ္စရပ်လေးတွေဟာ မျက်မှောက်ခေတ်ရှု့ဒေါင့်ကနေဝေဖန်မှုပြုရင်
နားလည်မှုရသွားတာလေးတွေရှိပါတယ်။ အရင်ဆုံးဗုဒ္ဓ၀ါဒရှု့ဒေါင့်ကနေဝေဖန်
သမှုပြုကြည့်ရအောင် . ..
“ဒဒတော ပုညံ ပ၀ဍ္ဎတိ၊ သံယမတော ဝေရံ နစီယတိ။
ကုသလော စ ဇဟယတိ ပါပကံ၊ ရာဂဒေါသမောဟက္ခယ သနိဗ္ဗုတော”တိ။
ဒီဂါထာဟာ ဗုဒ္ဓကိုယ်တောင်တိုင် နှုတ်တော်မြွတ်ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့
သုတ္တန်ပိဋကတ်တော်လာ ၊ ဒီဃနိကာယ် ၊ သုတ်မဟာဝဂ္ဂပါဠိတော်။ ပက္ကုသမ-
လ္လပုတ္တ ၀တ္ထုတော်ပင်ဖြစ်သည်။ ယင်းကို ပုခုက္ကူနိဿယမူတွင် အောက်ပါ
အတိုင်း အနက်ပေးထားသည်။
“ ဒဒတော ၊ လှူသော။ (ပုဂ္ဂလဿ၊ပုဂ္ဂိုလ်အား။) ပုညံ၊ ကောင်းမှုသည်။ ပ၀ဍ္ဎတိ၊
တိုးပွား၏။ သံယမတော၊ သီလစောင့်ရှောက်သော၊(ပုဂ္ဂလဿ၊ပုဂ္ဂိုလ်အား။)ဝေရံ၊
ပါဏာတိပါတ’ အဒိန္နာဒါန’ ကာမေသုမိစ္ဆာစာရ’ မုသာဝါဒ’ သုရာပါန ဟူသောရန်
သည်။ နစီယတိ၊ မတိုးပွားနိုင်။ ကုသလော၊ လိမ္မာသောပုဂ္ဂိုလ်သည်။ (အရိယမ-
ဂ္ဂေန၊အရိယာမဂ်ဖြင့်) ပါပကံ၊ ယုတ်မာသော မကောင်းမှုအပေါင်းကို။ ပဇဟိ၊ပယ်
စွန့်နိုင်၏ ။ သ-သော ကုသလော၊ ထိုလိမ္မာသောပုဂ္ဂိုလ်သည်။ (အရိယမဂ္ဂေန၊
အရိယာမဂ်ဖြင့်။ ပါပံ၊မကောင်းမှုကို။ ပဇဟိတွာ၊စွန့်ပြီး၍။) ရဂ’ဒေါသ’မောဟတို့၏
ကုန်ခြင်းကြောင့် ။ နိဗ္ဗုတော၊ ကလေသာတည်းဟူသော အပူဘေးတို့မှ ငြိမ်းအေး
တော်မူပြီ’’။
မြန်မာပြန်မှာ . . .. .
“ ပေးလှူသူအား ကောင်းမှုသာ တိုးပွား၏၊ စောင့်စည်းသူအား ရန်မပွားနိုင်၊
ဉာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏၊ ထိုသို့(ပယ်စွန့်)သူသည် ရာဂါ
ဂေါသ မောဟတို့ကုန်၍ (ကိလေသာမီး) ငြိမ်းအေးလေတော့သတည်း”
ကဲ . . စာဖတ်သူသည် ယခုအခါတွင် . .
ပါဠိတော်ကိုလည်း ဖတ်ရပြီ။ ယင်းနောက် ပါဠိတော်နိဿယကိုလည်းတွေ့ရပြီ
ဖြစ်သလို မြန်မာပြန်တစ်သီးတစ်သန့်လေးကိုလည်း ဖတ်ရှု့ပူဇော်ပြီးပြီဆိုရင် စဉ်း
စားသုံးသပ်ဖို့ရန် တာဝန်ရှိလာပြန်ပါပြီ။
“ပေးလှူသူအား ကောင်းမှုကိုသာတိုးပွား၏” လို့ “ ဒဒတော့ ပညံ ” ကဆိုသည်။
ထို့အတွက် ဗုဒ္ဓ၀ါဒသည် အယူဝါဒမဟုတ် အပေးဝါဒသာဖြစ်သည် ။ ပေးခြင်းဖြင့်
ယူခြင်းခံရသူသည် ငတ်မွတ်သူသည် ငတ်မွတ်မှုကိုငြိမ်းနိုင်သည်ဖြစ်သလို ပေးသူ
သည်လည်း လောဘကိုလျှော်ဖွတ်ရာရောက်သည် ရောင့်ရဲလွယ်ရာရောက်သည်
ယူသူသည် စိတ်နှလုံးချမ်းမြေ့သကဲ့သို့ ပေးစွန့်သည်သည်လည်း လွတ်ငြိမ်းသော
စိတ်သက်သာရာကိုရသည်။ လွတ်မြောက်မှုသုခကိုခံစားရသည်။ ထို့ကြောင့်ဗုဒ္ဓ
သည် လောကကို ရှု့မြင်သုံးသပ်ရာ၌ ပေးသူအဖြစ် မြင်စေချင်သည်။ လောကကို
အတ္တလိုချင်မှုသရုပ်သဏ္ဍာန်ဖြင့် မကြည့်ရှု့နိုင်အောင်ညွှန်ကြားထားသည်။ ပိဋ
ကတ်တွင် ထိုသို့ ပေးခြင်းရဲ့ ဂုဏ်သတ္တိများကို ဖွင့်ဆိုထားသော တထာဂတဿ
ဝါစကားများ မနည်းလှ။ အောတိုက်ပင်ရှိသည်။ ပေးသူရဲ့ ဂုဏ်ကျေးဇူးကိုထုတ်
ဖေါ်သီကျူးထားသော ဒါနခန်းများသည် ပိဋကတ်၎င်းမြောက်များစွာရှိ၏။ ထို့
ကြောင့် ဗုဒ္ဓ၀ါဒသည် ကမ္ဘာကို ပေးဆပ်ခြင်းသက်သက်ဖြင့်သာ ပေးဆပ်သွားကြ
ရန် လူသားများကို ညွှန်ကြားခဲ့သည်။ ငတ်မွတ်နေသူများရဲ့ ဒုက္ခကို ပေါ်လွင်ပြ
သထားပြီး ထိုငတ်မွတ်မှုကို ဖြေဖျောက်သောနည်းမှာ ပေးခြင်းမှအပအခြားဝါဒ
မရှိဟု ဗုဒ္ဓကဆိုသည်။ ထိုကြောင့် လောကရဲ့ ဒုက္ခကို ဗုဒ္ဓရှင်သည် ပေးဆပ်ခြင်း
ဖြင့် ကယ်တင်ရန် ဒါနကထာကို ဖွင့်ဆိုဟောကြားခဲ့သည်။။
ငတ်မွတ်သူတို့အားလည်းကောင်း အတိဒုက္ခရောက်နေကြသူတို့အားလည်း
မျက်ကွယ်မပြုသင့်ကြောင်း ဗုဒ္ဓကဆိုသည်။ သူကိုယ်တိုင်လည်း သူတည်ထောင်
ချမှတ်ထားသော ထိုပေးစပ်ခြင်းဝါဒကို အများရှေ့မှောက်တွင် လက်တွေ့ကျင့်
သုံးပြခဲ့သည်မှာ အထင်အရှားပင်တည်း။ တစ်ခါက ရဟန်းတစ်ပါးနေမကောင်း၍
ကျင်ကြီးအိုင်ထဲတွင် လှဲလျှောင်းနေစဉ် ဗုဒ္ဓရှင်သည် ထိုကျင်ကြီးတို့အား မရွံမရှာ
ကိုယ်တိုင်ဆေးကြောသုတ်သင်ပေးခဲ့သော ဂီလာနရဟန်းတစ်ပါးဝတ္ထုသည်ပိဋ
ကတ်တွင်အထင်အရှားရှိသည် ဖြစ်သော်လည်း မြူမျှသောသတ္တ၀ါကိုသော်မျှ
ဗုဒ္ဓရှင်သည် ကိုယ်တိုင်သော်လည်းကောင်း အခြားသူတစ်ဦးတစ်ယောက်ကို
သော်လည်း သတ်ဖြတ်ရန်မဆိုထားနှင့် ညှင်းဆဲခြင်းကိုပင်တားမြစ်တော်မူသည်။
ထိုသို့ဖြင့် ဗုဒ္ဓ၀ါဒ၏ ပေးဆပ်ခြင်းသဘောသရုပ်ကို ထုတ်ဖေါ်ရေးသားရချေသော်
ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်မို့ ဆုံးနိုင်ဖွယ်ရာမရှိပေ။
ဆက်ရန် . . . ..
█ ░ အလင်းရှင် ░ █

No comments :
Post a Comment