.

AlinShin

Saturday, September 14, 2013

သွေးနဲ့ရေးတဲ့ သံဝေဃ .

မိုးကုတ်ဆ၇ာတော်ဘုရားကြီးက ခန္ဓာမရှိတော့တဲ့အချိန်တောင်
အဓမ္မ၀ါဒတွေအဖြစ်တရားစွဲဆိုခံရရှာတယ်။ ခန္ဓာရှိချိန်တုန်းကလည်း
မန္တလေးမှာတရားစွဲခံရပြန်တော့ အဲဒီတုန်းက မင်းကွန်း
တိပိဋကကြီးက ရှိတယ်လေ
. .
ပြောချင်တာကတော့ မှန်တာမှားတာထက် လောကဓံဆိုလောကဓမ္မတွေဟာ
လူ့လောကထဲမှာသာ တွင်ကျယ်နေတာပါဆိုတဲ့ အတွေးပါ။ နောက်အတွေး
တစ်ခုက မှားတယ်လို့ဝေဖန်သူတွေကိုယ်တိုင်လည်း အမှန်တွေကိုလုပ်နေလို့လား?
သူတို့ကတော့ပြောမှာပေါ့လေ ဆဋ္ဌသင်္ဂါယနာတင်ထားတဲ့ ပိဋကတ်ကို references
လုပ်ကြတာပေါ့။
ကဲ . . ကဲ . . . ကဲ . . လိုက်ဆိုကြ . . လိုက်ဆိုကြ
" ဟုတ်ပလေ ၊ နှုတ်ချွေကာဟရာမှဖြင့် ၊ ပုဗ္ဗေစ ထင်ရဲ့လေ ၊
ကောသလရယ် ၊ ဘ၀မှာအသရေလွှမ်းပါတဲ့ ၊ ရွှေနန်းစံနရိန်မှာလ ၊
ခါချိန်တက်ပျက်စမြဲဟာမို့ ၊ စွဲမိသံဝေ ၊ အကုသိုလ် အာဃတက်ရယ်က ၊
အခုလိုလာလို့ဖျက်တာကြောင့် ၊ ဇရပ်သို့ပြေးရလေ ၊
ခွေးသေသို့သေရငြား၊ သိလျှက်နှင့်ပင်၊ ၀ိပါတ်ကြမ္မာငင်တော့ ၊
ရွှေဉာဏ်ရှင်မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား ။
ဆိုပြီး ပညာကျော်ဦးပုညကြီးသေအံ့ဆဲဆဲမှာ ရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့သံဝေဃ
လို့ပြောရမယ့် ကဗျာပါပဲ။
အဲဒီတော့ ဒီကဗျာက ကောသလမင်းကြီးရဲ့ အကြောင်း ကိုသိထားရင် ကဗျာ
ရှင်ရဲ့ ဆိုလိုရင်းအနက်ကိုကောက်ချက်ချနိုင်တာမို့ အားရင်၊စိတ်ပါရင်
အလင်းရှင်ရေးတင်ပေးပါဦးမယ်။

အလင်းရှင်
Photo: သွေးနဲ့ရေးတဲ့ သံဝေဃ
....................................
မိုးကုတ်ဆ၇ာတော်ဘုရားကြီးက ခန္ဓာမရှိတော့တဲ့အချိန်တောင် 
အဓမ္မ၀ါဒတွေအဖြစ်တရားစွဲဆိုခံရရှာတယ်။ ခန္ဓာရှိချိန်တုန်းကလည်း 
မန္တလေးမှာတရားစွဲခံရပြန်တော့ အဲဒီတုန်းက မင်းကွန်း
တိပိဋကကြီးက ရှိတယ်လေ . .
ပြောချင်တာကတော့ မှန်တာမှားတာထက် လောကဓံဆိုလောကဓမ္မတွေဟာ
လူ့လောကထဲမှာသာ တွင်ကျယ်နေတာပါဆိုတဲ့ အတွေးပါ။ နောက်အတွေး
တစ်ခုက မှားတယ်လို့ဝေဖန်သူတွေကိုယ်တိုင်လည်း အမှန်တွေကိုလုပ်နေလို့လား?
သူတို့ကတော့ပြောမှာပေါ့လေ ဆဋ္ဌသင်္ဂါယနာတင်ထားတဲ့ ပိဋကတ်ကို  references
လုပ်ကြတာပေါ့။
ကဲ .  . ကဲ . . . ကဲ . . လိုက်ဆိုကြ . .  လိုက်ဆိုကြ 
" ဟုတ်ပလေ ၊ နှုတ်ချွေကာဟရာမှဖြင့် ၊ ပုဗ္ဗေစ ထင်ရဲ့လေ ၊
ကောသလရယ် ၊ ဘ၀မှာအသရေလွှမ်းပါတဲ့ ၊ ရွှေနန်းစံနရိန်မှာလ ၊
ခါချိန်တက်ပျက်စမြဲဟာမို့ ၊ စွဲမိသံဝေ ၊ အကုသိုလ် အာဃတက်ရယ်က ၊
အခုလိုလာလို့ဖျက်တာကြောင့် ၊ ဇရပ်သို့ပြေးရလေ ၊
 ခွေးသေသို့သေရငြား၊ သိလျှက်နှင့်ပင်၊ ၀ိပါတ်ကြမ္မာငင်တော့ ၊
 ရွှေဉာဏ်ရှင်မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား ။ 
ဆိုပြီး ပညာကျော်ဦးပုညကြီးသေအံ့ဆဲဆဲမှာ ရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့သံဝေဃ
လို့ပြောရမယ့် ကဗျာပါပဲ။
အဲဒီတော့ ဒီကဗျာက ကောသလမင်းကြီးရဲ့ အကြောင်း ကိုသိထားရင် ကဗျာ
ရှင်ရဲ့ ဆိုလိုရင်းအနက်ကိုကောက်ချက်ချနိုင်တာမို့ အားရင်၊စိတ်ပါရင် 
အလင်းရှင်ရေးတင်ပေးပါဦးမယ်။
အလင်းရှင်


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget