.

AlinShin

Saturday, September 14, 2013

ငါရောက်ခဲ့ဖူးသော . . ၀ါနမြို့တော် …

ယောဂီတစ်ယောက်ဟာ ၀ါနခေါ်နိဗ္ဗာန်ကိုမြင်နိုင်ဖို့ ဖြစ်စဉ်
အမှန်တွေကိုသိထားရပါလိမ့်မယ်။ ဘုရားလက်ထက်တော်အခါက ၀ါနမြို့တော်ကိုရောက်ရှိသွားခဲ့ကြသူ ထေရ်ရာထေရီတို့ရဲ့ အပါဒါန်ပါဠိတော်ကိုကြည့်ရင်ဒုက္ခကိုသိမြင်ခြင်းဆိုတာကိုတွေ့ရတယ်။
ဥပမာ . .ပဒါစာရီထေရရီမကိုပဲကြည့် သူဟာ ၀ါနခေါ်နိဗ္ဗာန်မြို့ တော်ကိုရောက်ရှိတယ်ဆိုတာသူ့ရဲ့ဖြစ်စဉ်အမှန်ကို
သိသွားလို့ပါ။ ခန္ဓာကိုယ် အ၀တ်မကပ်နိုင်လောက်အောင် ဒုက္ခဘေးကြမ်းကို
ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ တစ်ဦးတည်းသောသူဌေးသမီးဘ၀မှ ဘေးကြမ်းအတိရောက်ခဲ့
ရသူ၊သူမရဲ့ဖြစ်စဉ်ကို . .“ကိုဒါသ” နဲ့မွှေ့ လျှော်ကာသမီးများနှင့်ပျှော်ပါးမေ့လျှော့နေခဲ့တယ်။ 
အဲလို သူမဟာ ဘုရားရှင်နဲ့မတွေ့ခင်အထိ သူမဘ၀ရဲ့ဖြစ်စဉ်အမှန်ကို မေ့လျှော့နေခဲ့တယ်။ ဘယ်လောက်အထိမေ့သွားလည်း
ဆိုရင် သူဌေးသမီးလေးပဒါစာရီဟာ ခန္ဓာကိုယ်မှာ အ၀တ်ဝတ်ဖို့အသိအကင်းမဲ့ခဲ့ရတဲ့ အထိကို မေ့နေမိခဲ့တယ်။
အဲလို တစ်ဦးတည်းသောသူဌေးသမီးဘ၀မှ . . .
ကျွန်ကို ဒါသရဲ့ဇနီးမယားအဖြစ်တစ်ဖုံ. . .
သားတစ်ယောက်ကို စွန်ချီလို့ စွန်နောက်ပါပြီးသေ . . . .
တစ်ယောက်ကရေနစ်လို့သေ . . .
နောက်ဆုံးသားတစ်ယောက်က မွေးဖွားရင်းမီးတွင်းထဲမှာသေ . .
ဒါနဲ့တင် ပဒါစာရီမလေးရဲ့ သူ့ဒုက္ခဖြစ်စဉ်ကမပြီးသေးဘူးသူ့ ဘ၀ရဲ့
အချစ်ဆုံး “ကိုဒါသ” ကို တောကြီးမြွေဟောက်ပေါက်လို့ မြွေဆိပ်သင့်ပြီး
သေပြန်ရောဗျာ။
ပဒါစာရီရဲ့ ဒုက္ခဖြစ်စဉ်တွေဟာ ဒီလို့ကိုကြမ်းတမ်းခက်ထန်ခဲ့ရတယ်။
ဒါ ၀ါနဆိုတဲ့နိဗ္ဗာန်ကို သိမီရောက်ရှိသူရဲ့ ဒုက္ခဖြစ်စဉ်ကို အကြမ်းပြောပြော
သွားတာနော်။တကယ့်လက်တွေ့မှာ ပဒါစာရီ ရဲ့ဒုက္ခဖြစ်စဉ်ကို ချရေးမယ်ဆိုရင်
ရေးသူပင် ဒုက္ခသင့်လောက်တယ်။
မင်းတို့တွေးကြည့်ပါ (၁)သူဌေးသမီး၊(၂)တစ်ဦးတည်းသောသမီး အဲလို သူ့မဖြစ်စဉ်မှာပြီးပြည့်စုံနေတဲ့ဘ၀ကနေ . . ကျွန်ယောက်ျားနဲ့ခိုးရာလိုက်ပြေးပြီး 
ကျွန်လိုနေရတဲ့ဘ၀ကို မင်းတို့ချရေးကြည့်စမ်းပါ ဘယ်လောက်များ
သွေးကြမ်းနေမလဲလို့ . .။
အဲလိုဘ၀ကြမ်းမှာ သဌေးသမီးလေးပဒါစာရီဟာ ချစ်သော ကိုဒါသအတွက် ကလေးနှစ်ယောက်ကိုမွေးဖွားပေးခဲ့ရုံမျှမက သုံး ယောက်အထိမွေးဖွားခဲ့တာ
နောက်ဆုံးတစ်ယောက်ကြမှပဲ တောထဲမှာမို့ အဖက်မတင်မီးတွင်းထဲဆုံးပါးခဲ့တယ်။
တကယ်ဆို ဒီလောက်မိုးတွေရွာနေတဲ့ တောကြီးမျက်မည်းထဲမှာ ကိုယ်ဝန်သည်ဖြစ်တဲ့
 သူမကိုယ်တိုင်ပင် မီးတွင်းထဲမှာသေဆုံးနိုင်တယ်။
ဒီလောက်ဒုက္ခဖြစဉ်အကြမ်းစားကြီးတွေက ပဒါစာရီအတွက် အနားမပေးခဲ့ပါဘူး။
 သူမခမျာသွေးနုသားနုနဲ့ သူ့မိဘများရှိရာကို တစ်ယောက်တည်း အရောက်လာခဲ့ရတဲ့
 ဒုက္ခဖြစ်စဉ်ကိုရော စာချရေးလို့ ရနိုင်ပါ့မလား . . . . ။
ဟော့ . . ရောက်ပြီ။ သူနေတဲ့မြို့ . . သူ့နေတဲ့ရပ်ကွက်လေး . 
.နောက် သူ့ကိုမွေးဖွားပေးတဲ့အိမ်ကြီးနဲ့ သူချစ်သောမိခင်ဖခင် တွေ . . ။
စုတ်ပြတ်သတ်နေတဲ့ ပဒါစာရီသူဌေးသမီးလေးကို ဘယ်သူကမှ
သူဌေးသမီးလေပဒါစာရီရယ်လို့ မသိကြ . . သူ့ကိုထိမ်းကြောင်းခဲ့တဲ့ အိမ်ဖေါ်များဟာ မီးလောင်ပြင်ကြီးတစ်ခုပေါ်မှာတဲလေးထိုး ပြီးနေနေကြတယ်။ အဲဒီအိမ်ဖေါ်တွေကို သူ့မိခင်နဲ့ဖခင်တွေအ ကြောင်းကိုစုံးစမ်းတော့ အိမ်ဖေါ်တွေက မီးလောင်ပြင်အိမ်ကြီးကို 
လက်ညိုးညွှန်ရင် သူဌေးကြီးနဲ့သူဌေးကတော်တို့ရဲ့ ဇာတ်သိမ်းမ လှတဲ့ဖြစ်စဉ်ကိုပြောပြတယ်။
ဒါတွေကိုကြားလိုက်ရတဲ့ ပဒါစာရီဟာ ကျွန်နဲ့လင်နောက်လိုက် ပြေးခဲ့တာတွေကိုရော . . စသည်ဖြင့်စသည်ဖြင့် . . သူ့ရဲ့ဒုက္ခဖြစ် စဉ်ကြီးက ထူထဲလွန်းတော့ . . . ဗြုန်းဆို ရူးနှမ်းပြီးထွက်ပြေးပါ လေရော . . . .
သွေးနုနုသားနုနုမို့ ကြားလိုက်ရတဲ့ မိဘများရဲ့ဒုက္ခဖြစ်စဉ်ကို ပဒါစာရီမလေးခမျာ မခံနိုင်တော့ဘူး နှလုံးကွဲမတက် ခံစားရပါ သော စေတသိကဒုက္ခကို ပဒါစာရီမလေးဟာ 
အ၀တ်မကပ် ရူးနှမ်းသူတစ်ယောက်အဖြစ် သူမဖြတ်သန်းလာခဲ့ရသော ဘ၀ဖြစ် စဉ်များ
ကိုမေ့သွားခဲ့ရတယ်။
ဒီလိုနဲ့ မြို့ထဲမှာ အ၀တ်မပါ အရူးသည်မလေးပဒါစာရီဟာ ဘုရား နဲ့တွေ့တော့မှ
“ ချစ်သမီးပဒါစာရီ သတိထားလော့” ဒီစကား လေးကိုမဟာကရုဏာရှင်မြတ်ဗုဒ္ဓကပြော
လိုက်တဲ့အခါ နံငယ်ပိုင်းလေးမျှနဲ့ ဖုံးလွှမ်းထားတဲ့သူ့မခန္ဓာကိုယ်ရဲ့အဖြစ်ကို သူသတိရ 
သွားတာနဲ့
“ ငါဟာ အ၀တ်မကပ်နိုင်အောင် ခဏတာရူးသွပ် သွားပါလား” ရယ်လို့သူသတိရသွားတယ်။
အဲဒီကနေတစ်ဆက်တည်းဆိုသလို သူဌေးသမီးဘ၀ကနေ စပြီး ကျွန်ကိုဒါသနဲ့ ခိုးရာလိုက်ပြေးခဲ့ရပုံအစကနေအခုရောက်ရှိဆဲ့ မျက်မှောက်အထိ သူ့ရဲ့ဒုက္ခဖြစ်စဉ်အနန္တကို တစ်ကွက်ခြင်းတစ် ကွက် ပုံဖေါ်မိရင်းက . .
ဒုက္ခတွေငြိမ်း . . ဒုက္ခတွေသိမ်း . .. အ အေးဓာတ်ကိန်းတဲ့ ၀ါနခေါ်နိဗ္ဗာန်မြို
့တော်ကိုရောက်ခဲ့ရပါတယ်။
ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အများထင်သလို တပလ္လင်ထိုင်နေမှရာတာမျိုးလည်း
မဟုတ်သလို . . . . စင်္ကြန်လျှောက်နေလို့လည်းရသွားတာမဟုတ်. . .
လျောင်းထိုင်ရပ်သွားဆိုတဲ့ နေခြင်းလေးပါးနဲ့ ဒုက္ခဖြစ်စဉ်မှန်ကို သိလိုက်မှသာလျှင်
နိဗ္ဗာန်ဆိုတာ မျက်မှောက် ပြုနိုင်တာမျိုးပါ။
ဒါ့ကြောင့် ဗုဒ္ဓသည် ၀ါနကိုရောက်ဖို့ အဆင်လေးဆင့်ကိုသိရန်လို အပ်ကြောင်း 
ဓမ္မစက္ကပ၀တ္တနသုတ်မှာ . . . .
ဣဓံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိဒုက္ခာ၊
ဇရာပိဒု က္ခာ၊ ဗျာဓိပ ဒုက္ခော၊ မရဏံပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊
ယံပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
လို့ သစ္စာလေးပါးဆိုတဲ့ သတ္တ၀ါတိုင်းရဲ့ ဒုက္ခဖြစ်စဉ်များကို ဟောကြားပြသခဲ့ပါတယ်။
ဒါ့ကြောင့် ၀ါနဆိုတဲ့ နိဗ္ဗာန်မြို့တော်ကိုအရောက်လှမ်းနိုင်ဖို့ အရင်ဆုံးသိသင့်သိထိုက်တာ
ကတော့ ကိုယ့်ရဲ့ဒုက္ခဖြစ်စဉ်တွေ ကိုသိဖို့ပါပဲ။

အလင်းရှင်
အပိုင်း(ခ)ကိုဆက်လက်ရေးသားဦးမည်
Photo: ငါရောက်ခဲ့ဖူးသော . . ၀ါနမြို့တော်
………………………..
ယောဂီတစ်ယောက်ဟာ ၀ါနခေါ်နိဗ္ဗာန်ကိုမြင်နိုင်ဖို့ ဖြစ်စဉ် 
အမှန်တွေကိုသိထားရပါလိမ့်မယ်။ ဘုရားလက်ထက်တော်အခါက ၀ါနမြို့တော်ကိုရောက်ရှိသွားခဲ့ကြသူ ထေရ်ရာထေရီတို့ရဲ့ အပါဒါန်ပါဠိတော်ကိုကြည့်ရင်ဒုက္ခကိုသိမြင်ခြင်းဆိုတာကိုတွေ့ရတယ်။ 
ဥပမာ . .ပဒါစာရီထေရရီမကိုပဲကြည့် သူဟာ ၀ါနခေါ်နိဗ္ဗာန်မြို့ တော်ကိုရောက်ရှိတယ်ဆိုတာသူ့ရဲ့ဖြစ်စဉ်အမှန်ကို
သိသွားလို့ပါ။ ခန္ဓာကိုယ် အ၀တ်မကပ်နိုင်လောက်အောင် ဒုက္ခဘေးကြမ်းကို
 ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ တစ်ဦးတည်းသောသူဌေးသမီးဘ၀မှ ဘေးကြမ်းအ
တိရောက်ခဲ့ရသူ၊ သူမရဲ့ဖြစ်စဉ်ကို . . “ကိုဒါသ” နဲ့မွှေ့ လျှော်ကာသမီး များနှင့်ပျှော်ပါးမေ့လျှော့နေခဲ့တယ်။ အဲလို သူမဟာ  ဘုရားရှင်နဲ့မတွေ့ခင်အထိ သူမဘ၀ရဲ့ဖြစ်စဉ်အမှန်ကို မေ့လျှော့နေခဲ့တယ်။ ဘယ်လောက်အထိမေ့သွားလည်း
ဆိုရင် သူဌေးသမီးလေးပဒါစာရီဟာ ခန္ဓာကိုယ်မှာ အ၀တ်ဝတ်ဖို့အသိအကင်းမဲ့ခဲ့ရတဲ့ အထိကို မေ့နေမိခဲ့တယ်။
အဲလို တစ်ဦးတည်းသောသူဌေးသမီးဘ၀မှ . . . 
ကျွန်ကို ဒါသရဲ့ဇနီးမယားအဖြစ်တစ်ဖုံ. . . 
သားတစ်ယောက်ကို စွန်ချီလို့ စွန်နောက်ပါပြီးသေ . . . .
တစ်ယောက်ကရေနစ်လို့သေ . . .
နောက်ဆုံးသားတစ်ယောက်က မွေးဖွားရင်းမီးတွင်းထဲမှာသေ . .
 ဒါနဲ့တင် ပဒါစာရီမလေးရဲ့ သူ့ဒုက္ခဖြစ်စဉ်ကမပြီးသေးဘူးသူ့ ဘ၀ရဲ့
အချစ်ဆုံး “ကိုဒါသ” ကို တောကြီးမြွေဟောက်ပေါက်လို့ မြွေဆိပ်သင့်ပြီး
သေပြန်ရောဗျာ။
ပဒါစာရီရဲ့ ဒုက္ခဖြစ်စဉ်တွေဟာ ဒီလို့ကိုကြမ်းတမ်းခက်ထန်ခဲ့ရတယ်။
ဒါ ၀ါနဆိုတဲ့နိဗ္ဗာန်ကို သိမီရောက်ရှိသူရဲ့ ဒုက္ခဖြစ်စဉ်ကို အကြမ်းပြောပြော
သွားတာနော်။တကယ့်လက်တွေ့မှာ ပဒါစာရီ ရဲ့ဒုက္ခဖြစ်စဉ်ကို ချရေးမယ်ဆိုရင်
 ရေးသူပင် ဒုက္ခသင့်လောက်တယ်။ 
မင်းတို့တွေးကြည့်ပါ (၁)သူဌေးသမီး၊(၂)တစ်ဦးတည်းသောသမီး  အဲလို သူ့မဖြစ်စဉ်မှာပြီးပြည့်စုံနေတဲ့ဘ၀ကနေ . . ကျွန်ယောက်ျားနဲ့ခိုးရာလိုက်ပြေးပြီး ကျွန်လိုနေရတဲ့ဘ၀ကို မင်းတို့ချရေးကြည့်စမ်းပါ ဘယ်လောက်များ
 သွေးကြမ်းနေမလဲလို့ . .။
အဲလိုဘ၀ကြမ်းမှာ သဌေးသမီးလေးပဒါစာရီဟာ ချစ်သော ကိုဒါသအတွက် ကလေးနှစ်ယောက်ကိုမွေးဖွားပေးခဲ့ရုံမျှမက သုံး ယောက်အထိမွေးဖွားခဲ့တာ
 နောက်ဆုံးတစ်ယောက်ကြမှပဲ တောထဲမှာမို့ အဖက်မတင်မီးတွင်းထဲဆုံးပါးခဲ့တယ်။
 တကယ်ဆို ဒီလောက်မိုးတွေရွာနေတဲ့ တောကြီးမျက်မည်းထဲမှာ ကိုယ်ဝန်သည်ဖြစ်တဲ့ သူမကိုယ်တိုင်ပင် မီးတွင်းထဲမှာသေဆုံးနိုင်တယ်။ 
ဒီလောက်ဒုက္ခဖြစဉ်အကြမ်းစားကြီးတွေက ပဒါစာရီအတွက် အနားမပေးခဲ့ပါဘူး။ သူမခမျာသွေးနုသားနုနဲ့ သူ့မိဘများရှိရာကို တစ်ယောက်တည်း အရောက်လာခဲ့ရတဲ့ ဒုက္ခဖြစ်စဉ်ကိုရော စာချရေးလို့ ရနိုင်ပါ့မလား . . . . ။
ဟော့ . . ရောက်ပြီ။ သူနေတဲ့မြို့ . . သူ့နေတဲ့ရပ်ကွက်လေး . .နောက် သူ့ကိုမွေးဖွားပေးတဲ့အိမ်ကြီးနဲ့ သူချစ်သောမိခင်ဖခင် တွေ . . ။
စုတ်ပြတ်သတ်နေတဲ့ ပဒါစာရီသူဌေးသမီးလေးကို ဘယ်သူကမှ 
သူဌေးသမီးလေပဒါစာရီရယ်လို့ မသိကြ . . သူ့ကိုထိမ်းကြောင်းခဲ့တဲ့ အိမ်ဖေါ်များဟာ မီးလောင်ပြင်ကြီးတစ်ခုပေါ်မှာတဲလေးထိုး ပြီးနေနေကြတယ်။ အဲဒီအိမ်ဖေါ်တွေကို သူ့မိခင်နဲ့ဖခင်တွေအ ကြောင်းကိုစုံးစမ်းတော့ အိမ်ဖေါ်တွေက မီးလောင်ပြင်အိမ်ကြီးကို လက်ညိုးညွှန်ရင် သူဌေးကြီးနဲ့သူဌေးကတော်တို့ရဲ့ ဇာတ်သိမ်းမ လှတဲ့ဖြစ်စဉ်ကိုပြောပြတယ်။
ဒါတွေကိုကြားလိုက်ရတဲ့ ပဒါစာရီဟာ ကျွန်နဲ့လင်နောက်လိုက် ပြေးခဲ့တာတွေကိုရော . . စသည်ဖြင့်စသည်ဖြင့် . . သူ့ရဲ့ဒုက္ခဖြစ် စဉ်ကြီးက ထူထဲလွန်းတော့ . . . ဗြုန်းဆို ရူးနှမ်းပြီးထွက်ပြေးပါ လေရော . . . .
သွေးနုနုသားနုနုမို့ ကြားလိုက်ရတဲ့ မိဘများရဲ့ဒုက္ခဖြစ်စဉ်ကို ပဒါစာရီမလေးခမျာ မခံနိုင်တော့ဘူး နှလုံးကွဲမတက် ခံစားရပါ သော စေတသိကဒုက္ခကို ပဒါစာရီမလေးဟာ အ၀တ်မကပ် ရူးနှမ်းသူတစ်ယောက်အဖြစ် သူမဖြတ်သန်းလာခဲ့ရသော ဘ၀ဖြစ် စဉ်များကိုမေ့သွားခဲ့ရတယ်။
ဒီလိုနဲ့ မြို့ထဲမှာ အ၀တ်မပါ အရူးသည်မလေးပဒါစာရီဟာ ဘုရား နဲ့တွေ့တော့မှ
 “ ချစ်သမီးပဒါစာရီ သတိထားလော့” ဒီစကား လေးကိုမဟာကရုဏာရှင်မြတ်ဗုဒ္ဓကပြောလိုက်တဲ့အခါ နံငယ်ပိုင်းလေးမျှနဲ့ ဖုံးလွှမ်းထားတဲ့သူ့မခန္ဓာကိုယ်ရဲ့အဖြစ်ကို သူသတိရ သွားတာနဲ့ 
“ ငါဟာ အ၀တ်မကပ်နိုင်အောင် ခဏတာရူးသွပ် သွားပါလား” ရယ်လို့သူသတိရသွားတယ်။
အဲဒီကနေတစ်ဆက်တည်းဆိုသလို သူဌေးသမီးဘ၀ကနေ စပြီး ကျွန်ကိုဒါသနဲ့ ခိုးရာလိုက်ပြေးခဲ့ရပုံအစကနေအခုရောက်ရှိဆဲ့ မျက်မှောက်အထိ သူ့ရဲ့ဒုက္ခဖြစ်စဉ်အနန္တကို တစ်ကွက်ခြင်းတစ် ကွက် ပုံဖေါ်မိရင်းက . . ဒုက္ခတွေငြိမ်း . . ဒုက္ခတွေသိမ်း . .. အ အေးဓာတ်ကိန်းတဲ့ ၀ါနခေါ်နိဗ္ဗာန်မြို့တော်ကိုရောက်ခဲ့ရပါတယ်။
ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အများထင်သလို တပလ္လင်ထိုင်နေမှရာတာမျိုးလည်း 
မဟုတ်သလို . . . . စင်္ကြန်လျှောက်နေလို့လည်းရသွားတာမဟုတ်. . .  
လျောင်းထိုင်ရပ်သွားဆိုတဲ့ နေခြင်းလေးပါးနဲ့  ဒုက္ခဖြစ်စဉ်မှန်ကို သိလိုက်မှသာလျှင်
 နိဗ္ဗာန်ဆိုတာ မျက်မှောက် ပြုနိုင်တာမျိုးပါ။ 
ဒါ့ကြောင့် ဗုဒ္ဓသည် ၀ါနကိုရောက်ဖို့ အဆင်လေးဆင့်ကိုသိရန်လို အပ်ကြောင်း ဓမ္မစက္ကပ၀တ္တနသုတ်မှာ . . . .
ဣဓံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိဒုက္ခာ၊ 
ဇရာပိဒု က္ခာ၊ ဗျာဓိပ ဒုက္ခော၊ မရဏံပိဒုက္ခံ၊
 အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊
ယံပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ 
လို့ သစ္စာလေးပါးဆိုတဲ့ သတ္တ၀ါတိုင်းရဲ့ ဒုက္ခဖြစ်စဉ်များကို ဟောကြားပြသခဲ့ပါတယ်။ 
ဒါ့ကြောင့် ၀ါနဆိုတဲ့ နိဗ္ဗာန်မြို့တော်ကိုအရောက်လှမ်းနိုင်ဖို့ အရင်ဆုံးသိသင့်သိထိုက်တာ
ကတော့ ကိုယ့်ရဲ့ဒုက္ခဖြစ်စဉ်တွေ ကိုသိဖို့ပါပဲ။
အလင်းရှင် 
အပိုင်း(ခ)ကိုဆက်လက်ရေးသားဦးမည်


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget