.

AlinShin

Sunday, April 28, 2013

မြွေမိခင် *** ရယ်

Ashinpyannr Sarra shared Crystal Crystal's photo.
မြွေမိခင် ***  ရယ်
်
မိခင်စိတ်ဓာတ်ရှိသော သတ္တဝါအပေါင်းတို့တွင် ဗိုက်ဖောက်ထွက်ကာ အသေခံပြီးသားဖွားရသောမြွေပွေးမများကားအသာဆုံးဟုပင်ဆိုရပါမည်။သားဖွားရန်အချိန်နီးကပ်လာသည်နှင့်လူသူကင်းရှင်းကာနေအပူဒဏ်များများရမည့်နေရာကိုရွေးချယ်၍ရှာရသည်။စိတ်ချရလောက်သောနေရာကိုရသည်နှင့်ပက်လက်လန်ကာဝမ်းဗိုက်ကိုနေပူလှန်းပါတော့သည်။ နေပြင်းလာသည်နှင့်အမျှ မိခင်၏ဝမ်းဗိုက်များမှာ တစ်စထက်တစ်စပျော့လာသည်။အပျော့ဆုံးအချိန်သို့ရောက်သည်နှင့်မမြင်ရပဲချစ်ခဲ့ရသောသားသမီးများကမိခင်၏ဝမ်းဗိုက်ကိုဖောက်ကာမိမိလိုရာသို့အသီးသီးထွက်ခွာသွားခဲ့ကြလေပြီ။ 
အသေခံ၍မွေးဖွားပေးလိုက်ရသော မိခင်ကြီး၏ ဖြစ်အင်ကိုဘယ်သားသမီးကမှမသိလိုက်ကြပါ။
မိဘတို့၏ကျေးဇူးကိုသားသမီးများသေချာသိသောအချိန်တစ်ချိန်သာရှိသည်။

 ***ထိုအချိန်ကား*** မိမိတို့ကိုယ်တိုင် မိဘ ဘဝသို့ရောက်သောအချိန်ပင် ဖြစ်သည်။
        "မေတ္တာရှင်(ရွှေပြည်သာ) ၏ မေတ္တာအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ" မှ

Like · ·

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget