.

AlinShin

Sunday, April 26, 2015

လက်ပံတောင်းညွှန်ချုပ် သေဆုံး

အသေစောလို့ နှမြောကြသူ  ..  အသေနောက်ကြလို့စိတ်ပျက်နေကြသူ  ..
မည်သူပဲဖြစ်ဖြစ်သတ္တ၀ါတကောင်သေတယ်ဆိုတာဖြေဆည်ရာရှာရခက်လှ
သည်။
̏ ဘုရားလည်းမရိုက်ပါဘူး . . .နတ်လည်းမတိုက်ပါဘူး˝
ကိုယ့်အကုသိုလ်နဲ့ကိုယ်ပါပဲ။
 ̏ ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။-˝
̏ ပုရိသော ၊ ယောက်ျားသည်။ ယာနိ၊ အကြင်အမှုတို့ကို။ ကရောတိ၊ ပြု
၏။ တေသံ၊ ထိုအမှုတို့၏ ။ ဖလံ၊ အကျိုးကို ။ ၀ိန္ဒန္တော၊ ရသည်ရှိသော်။ တာနိ၊
ထိုအမှုတို့ကို ။ အတ္တိ၊ မိမိကိုယ်၌။ ပဿတိ၊မြင်ရ၏။ ကလျာဏကာရီ၊ ကောင်း
မှုကိုပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းသည်ကို။ ပဿတိ၊ မြင်ရ၏ ။
ပါပကာရီ စ၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည်လည်း။ ပါပကံ၊ မကောင်းမှု
ကို။ ပဿတိ၊ မြင်ရ၏။ ယာဒီသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို ။
ဝပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဖလံ၊ အသီးကို။ဟရတေ
ဆောင်၏။˝
ဒါ ဘုရားဟော အများပြောမဟုတ်ဘူးနော်။ ဒါ့ကြောင့်လူပြည်ကိုရောက်ခိုက်၊
လူ့ဘ၀ကိုရောက်ခိုက်၊ ဘုရားမဖျက်ကြပါနဲ့ ၊ဘိက္ခုသံဃာတွေမသတ်ကြပါနဲ့
လူဝတ်လည်းထောင်ထဲမထည့်ကြပါနဲ့ ရဟန်းရှင်လူပြည်သူုတွေကို နှိပ်စက်
ကူလပြုခြင်းတွေဟာ အလွန်မတန်အကုသိုလ်ကြီးတွေပါ။
ဈေးထဲက ငါးစိမ်းသည် ငါးသတ်တာ အထက်ကပြောခဲ့တဲ့အကသိုလ်တွေ
လောက် မကြီးဘူးနော်  . .။
ကျမ်းကိုး ----

ကျမ်းကိုး -----
၁- မဏိကုဏ္ဍလ၀ဂ်၊  ၃- ဝေနသာခဇာတ်
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget