.

AlinShin

Monday, April 28, 2014

အဘမရှိတော့ ပွတ်တိုက်သံအသစ်တွေမကြားရတော့ဘူး

✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩✩ ✩ ✩ ✩ ✩ ✩ ✩ ✩
တရုတ်ကွန်မြူနစ်ပါတီနဲ့ အန်အယ်ဒီ တို့ တွေ့ဆုံဆွေးနွေးမယ်တဲ့။
ဒီအဘဦးဝင်းတင်ကြီးမရှိတာ အတော်ကိုဆိုးဝါးတယ်။
တကယ်ဝေဖန်ရဲတဲ့ ဝေဖန်နိုင်တဲ့သူမရှိတော့လို့ပါပဲ။
အခုရှိနေတဲ့ ဦးတင်ဦးဆိုတာ စစ်သားဆိုပေမယ့် အဘဦးဝင်းတင်လောက်
ပြောရဲ ဆိုရဲ ဝေဖန်ရဲသူမဟုတ်ဘူးလေ။ နောက်ပြီး စစ်ဒဏ်ကိုခံခဲ့ရတာက
လည်းအဘဦးဝင်းတင်ပဲမဟုတ်လား ။
ဒါကြောင့် “ငကဏ်းသွားရင် ငဆွေလာ လိမ့်မယ် ” ဆိုတာမှန်တယ်။
အခုသွားလေသူက “ငကဏ်းမဟုတ်ဘူး . ”
“တကယ့်အကောင်းကြီး . . ”
“တကယ့် အပွင့်အလင်းကြီး ဗျ ”
ဒါ့ကြောင့် ဒီလိုအဘကြီးမျိုးနောက်ထပ်ပေါ်ဖို့ဆိုတာ
အသင်္ချေယျလောက်များ ကြာနေဦးမှာလား?
ဒီဓာတ်ပုံလေးကတော့ ဒီအဘကြီးဆေးရုံတက်နေချိန် အလင်းရှင်
ဆုတောင်းပေးမိတဲ့ ထိထိရှရှ ဓာတ်ပုံလေးပါ။
ဒီအဘကြီး ကောင်းရာသုဂတိသို့ လားပါစေ  .. . 
တကယ်ကြေကြေကွဲ ကွဲနဲ့ ဆုတောင်းလိုက်တာပါ ဒကာတို့ရေ . . 
စကားပုံလိုပဲကွ။ မရှိမှကောင်းမှန်းသိ ၊ သေမှ နှမြှောမိတဲ့။
အခုလည်း ငါက အဲဒီစကားပုံလိုဖြစ်နေပြီကွာ။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget