Thursday, November 13, 2014
အိုဘားမားသို့ . .တောင်းဆိုမိခြင်း
အို . .ဘား . .မား
ငါတို့မန္တလေးမြို့ကြီးထဲက
ဗမာစကားမတက်တဲ့တရုတ်တွေကို မောင်းထုတ်ပေးပါ။
အို . .ဘား . .မား
ပြည်သူတွေခံစားခွင့်မရတဲ့ လက်ပတောင်းတောင်ကိုအပိုင်စီးထားတဲ့
တရုတ်တွေကို မုံရွာမြေကမောင်းထုတ်ပေးပါ။
အို . .ဘား . .မား
ရခိုင်သားတွေအသုံးမပြုရတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို
လက်ဝါးကြီးအုပ်ထားတဲ့ တရုတ်ကို ရခိုင်ပြည်ကမောင်းထုတ်ပေးပါ။
အို . .ဘား . .မား
ကြိုးစင်မှာ ယဲ့ယဲ့အသက်ငင်နေတဲ့ ဧရာဝတီမြစ်ကြီးကို
တရုတ်လက်ထဲကအပြီးတိုင် ဆွဲထုတ်ပေးပါ။
အို . .ဘား . .မား
ပြည်သူကိုသင်းကွပ်တဲ့ 2008 ခြေဥကြီးကို
မီးရှို့ပစ်ခဲ့ပါ။
အို . .ဘား . .မား
စစ်ခွေးဖိနပ်အောက်က အသက်ပျောက်လုနေတဲ့ငါ့ကို
မင်းရဲ့အိမ်ဖြူတော်ကိုအပြီးတိုင်ခေါ်သွားပေးပါ။
ဆန္ဒခြင်းတူမျှ၇င် Share နိုင်ပါသည်
ဘဒ္ဒ န္တကောဝိဒ (အလင်း၇ှင်)
Labels:
ရင်ဘတ်ကြွေရာမြေ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment