ဘုရားရှင်ဟာ ဒါတွေကိုအကုန်သိမြင်တော်မူတဲ့အတွက် သဗ္ဗညုတလို့ခေါ်တာ
ဘာတွေလည်း “လောကအကြောင်းတွေပေါ့။” ဒီထက်နဲနဲလေးချဲ့ပြောရရင်
သတ္တလောက၊သြကာသလောက၊ သင်္ခါရလောကတို့ရဲ့ ဆိုင်ရာအကြောင်းအ
ရင်းတွေကိုပဲပေါ့။
သိတဲ့နေရာမှာ သူပြောကိုယ်ပြောနဲ့သိတာမဟုတ်သလို အာစရိယလည်းမကူ
မိမိရဲ့သယမ္ဘူဉာဏ်နဲ့သိတာပါ။ သိပ့်ကိုထူးဆန်းပါတယ်။ သိရတဲ့အကြောင်း
အရင်းကလည်းပဲ အခြားကြောင့်မဟုတ်ပါဘူး။ လောကထဲက မင်းတို့ငါတို့ရဲ့
မိုက်မဲမှုတွေ တပ်မက်တွယ်တာမှုတွေစတဲ့ အ၀ိဇ္ဇာတရားတွေကြီးဆိုးနေခြင်း
ကို သနားတော်မူသော “မဟာကရုဏာစိတ်” ကြောင့် သဗ္ဗညုဘ၀ကိုတက်
လှမ်းတော်မူခဲ့ရတာပါ။
အဲလို သဗ္ဗညုတစ်ဆူဖြစ်ဖို့အတွက် အစောကပြောခဲ့တဲ့ လောကသုံးပါးရဲ့အဖြစ်
အပျက်တွေကို သိထားရတယ်လေ။ လောကဓံကိုအနှစ်ချုပ်လိုက်တော့ (၈)ပါး
ရှိတယ်လို့ဘုရားရှင်ဟာ ဇေတ၀န်ကျောင်းမှာ နတ်သားတစ်ပါးကိုပြောခဲ့ပါသေး
တယ်။
ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် လောကဓံရှစ်ပါးကိုတော့ မဖြစ်မနေခံလိုက်ရတာပါပဲ
လူဝတ်ကြောင်ဘ၀ကနေ ရဟန်းဝတ်။ ရသေ့ဝတ်ကနေ ၊ လူဝတ်ကြောင် ၊ရာ
ထူးအာဏာရှိကနေ ၊ရာထူးအာဏာမဲ့။ စသည်ဖြင့် အဆိုးတွေ အကောင်းတွေ
ဟာ တို့လောကလူသားတွေအတွက် ရှောင်လွဲလို့မရသော ဒုက္ခတွေပါပဲ။
အဆုံးစွန်ဆုံးဒုက္ခကတော့ “ သေခွဲခွဲရခြင်း” ပါပဲ။
ဒီသေခွဲခွဲခွာရခြင်းဒုက္ခကို ဘယ်သုတေသနပညာရှင်ကြီးကမှ Formula ဆေး
ကောင်းမရသေးပါ။ နောက်လည်းရမည်မဟုတ်ပါ။ အနတ္တလောကအစစ်ဖြစ်သော
ဘုံဘ၀တွေကို ဘယ်လိုကုစားလို့ရမှာလဲ?
“အကြင်သူသည် ၀တ်ကြောင်ကို ရွံမုန်း၍ ရသေ့ရဟန်းပြု၏ ။”
“ ထို ရသေ့ရဟန်းဘ၀ကိုပင် ရွံမုန်း၍ ၀တ်ကြောင်ဘ၀ကို ရောက်ခဲ့ပြန်၏ ။”
“ တစ်ဖန်ထိုအကြင်သူသည် ၀တ်ကြောင်ကို ရွံမုန်း၍ ရသေ့ရဟန်းပြုပြန်၏ ။”
“ထိုနည်းဝတ်ကြောင်နှင့်ရသေ့ရဟန်းဘ၀ကို Up and Down ခဲ့တာ (၇)ကြိမ်
တိုင်ခဲ့လေ၏ . . . .”
“သူသည်ကား ” “အခြားမဟုတ်”
“ကုဏ္ဍလပဏ္ဍိတဟုခေါ်သော ဘုရားအလောင်းတော်မြတ်ပင်တည်း . . .”
သူဝတ်ကြောင်ကို ပြန်ပြန်ရောက်လာတာကလည်း မာတုဂါမတို့ ဘာတို့ညာတို့
ကြောင့်မဟုတ်ပါဘူး၊ သူ့ရဲ့ အသွားတိုနေပြီဖြစ်တဲ့ပေါက်တူးအိုလေးကြောင့်ပါ။
သူ့ဘ၀တစ်သက်တာမှာ ဒီပေါက်တူးလေးနဲ့လူ့ဝကိုကုတ်ခြစ်ရုန်းကန်ခဲ့ရတာမို့
ကြာလာတော့ပေါက်တူးရဲ့အသွားတွေလည်း တိုလို့အိုခဲ့ရပြီဖြစ်သလို သူ့ခန္ဓာ
ကလည်း ဇရာကိုပြလာခဲ့ပါတယ်။
ဒါ့ကြောင့် သူဟာ ပေါက်တူးအိုလေးကို သိမ်းထားပြီး ရသေ့ဝတ်ခဲ့ပါတယ်။ရသေ့
ဘ၀ရောက်ပြန်တော့ နှစ်ပေါင်းများစွာ အတူတွဲပြီးဘ၀ခရီးကိုလျှောက်ခဲ့တဲ့ ပေါက်
တူးအိုလေးကို သတိရပြန်တယ်။ ဒါနဲ့ ရသေ့ဘ၀ကနေ လူဝတ်ကြောင်ဘ၀ဖြင့်
ပေါက်တူအိုလေးနဲ့ နေခဲ့ပြန်တယ်။ ဒီလိုနဲ့ သူဟာ (၇)ကြိမ်တိုင်တိုင် ၀င်/ထွက်
လုပ်ခဲ့ရပါတယ်။ နောက်ဆုံး (၇)ကြိမ်မြောက်မှာတော့ သူစဉ်းစားမိသွားတယ်။
“ ငါဒီအတိုင်းသာ ပေါက်တူးအိုလေးကို စွဲလမ်းပြီး မြတ်သောရသေ့ဘ၀ကနေ
ပြန်ပြန်ထွက်ခဲ့ရတယ်”
“ ဒီတစ်ကြိမ်တော့မဖြစ်တော့ဘူး ”
“ ဒီပေါက်တူးအိုလေးကို လုံးဝစွန့်လွှတ်မှသာလျှင် ငါရသေ့ဘ၀မြဲမြံလိမ့်မယ်။”
ဒီလို Thinking ရသွားတယ်။
ဒါနဲ့ပဲ ပေါက်တူးအိုလေးကို လုံးဝ လုံးဝ ပြန်မရနိုင် ပြန်မသိနိုင် ပြန်မမှတ်မိနိုင်
လောက်အောင် လှေပေါ်တင်ပြီးမြစ်တစ်ခုဆီကို လှော်ခပ်ခဲ့တယ်။ မြစ်ရဲ့အလယ်
ခေါင်ရောက်တဲ့အခါ . . .
မတ်တပ်ရပ်လိုက်တယ် . . .
သူ့မျက်လုံးနှစ်ခုကို အ၀တ်စည်းတယ် . . . . .
ပေါက်တူးကိုကိုင်လိုက်တယ် . . . .
ခြေကိုအသာကြွပြီး ကိုယ်ကိုပတ်ခြာလည်လိုက်တယ်၊အပတ်ရည်များလာတော့အ
ရှေ့အနောက်ရယ်လို့မမှတ်မိတော့ဘူး။ အဲဒီတော့မှ လက်ထဲကပေါက်တူးအိုလေး
ကို အားကုန်သုံးကာ လွှတ်ပစ်လိုက်တယ်။
“ . . . . ဗွမ်း . . . ”
ဆိုတဲ့အသံကြားလိုက်ရတယ်။အသံကြားပြီး။ တစ်မိနစ်ခန့်ကြမှ မျက်လုံးကို
ဖွင့်လိုက်တယ်။ သူ့ရင်ထဲမှာ တစ်သက်တာလုံး စွဲလမ်းနေတဲ့ ပေါက်တူးလေးကို
သူလုံးဝမေ့နိုင်ခဲ့တယ်။ အဲဒီတော့မှ ခြင်္သေ့တစ်ကောင်ရဲ့ ဟိန်းဟောက်သံနှင့်အ
လားတူတဲ့ .. .
• “ ဇိတံ မေ ”
• “ ဇိတံ မေ ”
• “ ဇိတံ မေ”
“ငါသည် . .အောင်ခဲ့လေပြီ .. .။”
ငါသည် ..
“ပေါက်တူးအိုလေးအား စွဲလမ်းမိခဲ့သောကိလေသာကို အောင်မြင်ခဲ့လေပြီ”
(၇)ကြိမ်တိုင်တိုင် စွဲလမ်းလွန်စိတ်ကြောင့် မြတ်သောရသေ့ဘ၀ကိုစွန့်ခဲ့ရတယ်။
ဟော့ .. အခုကြည့်စမ်း .. ငါ့မှာစွဲလမ်းစရာမရှိတော့ပြီ .. ။
ငါသည် . . .ကိလေသာကို အောင်မြင်ခဲ့လေပြီ .. တကား .. . ။
“အို .. . ”
“. . . . . ကျနုပ်၏ . . . . .”
“ဓမ္မသံဝေဃရင်တွင်းသံကို နားဆင်ဖတ်ရှု့နေသော အဆွေတော်”
“အဆွေတော်သည်လည်း ”
“ဘုရားအလောင်းတော်ကြီးများကဲ့သို့ပင် ”
“မစွဲလမ်းသင့်မစွဲလမ်းထိုက်သော ကိလေသာအာရုံများကို စွန့်လွှတ်နိုင်ပါစေဟု”
“ကျနုပ်ဤဆောင်းပါးဖြင့် ဆန္ဒပြု ဆုတောင်းရေရွတ်နေမိပါသည်ဟု .. . ”
“အဆွေတော် ” “သိမှတ်တော်မူပါလော့ . . .”
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ကိုးကား ..
ကုဏ္ဍကပဏ္ဍိတဇာတ်
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်
ငါသည် ..
“ပေါက်တူးအိုလေးအား စွဲလမ်းမိခဲ့သောကိလေသာကို အောင်မြင်ခဲ့လေပြီ”
(၇)ကြိမ်တိုင်တိုင် စွဲလမ်းလွန်စိတ်ကြောင့် မြတ်သောရသေ့ဘ၀ကိုစွန့်ခဲ့ရတယ်။
ဟော့ .. အခုကြည့်စမ်း .. ငါ့မှာစွဲလမ်းစရာမရှိတော့ပြီ .. ။
ငါသည် . . .ကိလေသာကို အောင်မြင်ခဲ့လေပြီ .. တကား .. . ။
“အို .. . ”
“. . . . . ကျနုပ်၏ . . . . .”
“ဓမ္မသံဝေဃရင်တွင်းသံကို နားဆင်ဖတ်ရှု့နေသော အဆွေတော်”
“အဆွေတော်သည်လည်း ”
“ဘုရားအလောင်းတော်ကြီးများကဲ့သို့ပင် ”
“မစွဲလမ်းသင့်မစွဲလမ်းထိုက်သော ကိလေသာအာရုံများကို စွန့်လွှတ်နိုင်ပါစေဟု”
“ကျနုပ်ဤဆောင်းပါးဖြင့် ဆန္ဒပြု ဆုတောင်းရေရွတ်နေမိပါသည်ဟု .. . ”
“အဆွေတော် ” “သိမှတ်တော်မူပါလော့ . . .”
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ကိုးကား ..
ကုဏ္ဍကပဏ္ဍိတဇာတ်
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်
No comments :
Post a Comment