.

AlinShin

Friday, June 20, 2014

အီဂျစ်က ကမ္ဘာဖလားနဲ့ မြန်မာပြည်က See Games

အီဂျစ်လူငယ်လေးတွေရဲ့ အနာဂါတ်အမြင်ဟာ အတုယူဖို့ကောင်းပါ
တယ်။ ဖီဘာက ကျင်းပတဲ့ ကမ္ဘာ့ဖလားဟာ အမေရိကန်ဒေါ်လာ (၁၁)
ဘီလျံကုန်ကြတာကြောင့် ၊ ဒီငွေတွေကို ပညာရေးနဲ့ကျန်မာရေးတွေမှာ
အသုံးပြုခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် အလွန်ကျိုးရှိပါတယ်လို့ မြင်
ကြတယ်။ မိမိတို့ထင်မြင်မှုအတိုင်းလည်းပဲ အီဂျစ်အစိုးရကိုကန့်ကွက်ခဲ့
ကြတဲ့မြင်ကွင်းတွေဟာ သတင်းမီဒီယာတွေမှာ မတွေ့ချင်မှအဆုံးပါပဲ။
ဒီလိုအီဂျစ်လူငယ်လေးတွေရဲ့ ယုံကြည်ချက်အမှန်တရားကို မြန်မာ့လူ
ငယ်မျိုးချစ်အမည်ခံများသိစေချင်ပါတယ်။ အမျိုးသားရေးကျွေးကြော်ပြီး
ထမင်းတစ်နပ်လျှော့စားနေရတဲ့ ကျေးလက်ပြည်သူတွေရဲ့ဘ၀အစိတ်
အပိုင်းကို လယ်ဆည်ဝန်ကြီးမြင့်လှိုင်ကိုယ်တိုင် ကမ္ဘာသိထုတ်ပြောခဲ့တာ
ကိုသိသိကြီးနဲ့ See Games ကိုပျှော်ပျှော်ကြီးဒေါ်လာသန်းများစွာအကုန်
အကျခံခဲ့တယ်။ 
အလင်း ရှင်'s photo.

ကဲ .. ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာ မြန်မာ့မျိုးချစ်အမည်ခံ
များ အီဂျစ်လူငယ်များက သက်သေခံနေပါပြီနော် .. ။ မသိသေးရင်လဲ
DVB မြန်မာ့သတင်းကိုကြည့်ပါ။
ဒါ့ကြောင့် အဓိကနဲ့သမညကို ခွဲခြားတက်သော အီဂျစ်လူငယ်များကိုဂုဏ်
ယူမိပါတယ်။ အဓိကသည်ဘာလဲ ? နိုင်ငံတစ်နိုင်ငံရဲ့ အဓိကသည် ပညာ
ရေးနှင့်ကျန်းမာရေးမှအပ အခြားမရှိပါဘူး။ ဒါကိုသိသိကြီးနဲ့ မျက်ကွယ်ပြု
နေကြသော စစ်ခွေးအရေခွံကျွတ်တွေရဲ့ အမှောင့်ပယောဂဟာ မြန်မာ
ပြည်မှာ ကြီးထွားနေပါပြီ။
See Games ပျှော်ပွဲရှင်ပွဲကိုခင်းကျင်းပြီး ပြည်သူလူထုကိုတော့ ကျွေး
ကြေဖို့ ထမင်းတစ်နပ်လျှော့စားခိုင်းတာ .. စစ်ခွေးပြုတ်တွေပဲမဟုတ်
လား။ ဒါကို အွန်လိုင်းပေါ်မှာ သခင်အမည်တပ်စစ်ခွေးလော်ဘီနဲ့ ဗုဒ္ဓ
ဘာသာမျိုးချစ်အမည်ခံ ခရိုနီလော်ဘီတွေက လက်ခုပ်တီးကာ ခရိုနီ
များရဲ့ သရုပ်ဆောင်မှုကို အားပေးခဲ့ကြတာမြင်တယ်နော်။
ဒါ့တွေကို တို့ See Games တို့ကရေးခဲ့ပြီးပါပြီ။ အခုက အီဂျစ်ကမ္ဘာ့ဖ
လားနဲ့တိုက်ဆိုင်လို့ ထပ်အသိပေးတာပါ။ အဲဒီတုန်းက အွန်းလိုင်းပေါ်
မှာ စစ်ခွေးခရိုနီလော်ဘီသခင်တွေမျိုးချစ်တွေကဘာပြောတယ်မှတ်လဲ
တို့ကို “အမျိုးသားရေးစိတ်ဓာတ်မရှိတဲ့ကောင်တွေတဲ့”။
ဖြစ်မှဖြစ်ရလေ .. မှတ်တောင်ထားရဦးမယ်နော် ..။ အဓိကနဲ့သာမည
ကိုမခွဲတက်တဲ့ မျိုးယုတ်၊သခင်စုတ်တွေက အနာဂါတ်လူငယ်တွေကို
ခရိုနီဇာတ်လမ်းကို အသက်သွင်းနေကြတယ်။ ကျွတ် . .ကျွတ် .. ။
ဒါကို ဗုဒ္ဓဘာသာမြန်မာ့လူငယ်တွေ သိကြပါစေ ၊ ဒေါ်အောင်ဆန်းစု
ကြည်ပြောသလို စာဖတ်ကြပါ။ မျက်စေ့ပွင့် ၊နားစွင့်ကြပါ။
ကမ္ဘာ့လူငယ်အများစု ဘာတွေလုပ်နေကြသလဲ ? ဒါကိုကိုကသိအောင်
လုပ်ပြီး အာဏာရှင်ရဲ့ ၀ါဒမှိုင်းထဲက ရုန်းထွက်နိုင်အောင်ကြိုးစားကြပါ။
See Games နဲ့မျိုးချစ်တာနဲ့တခြားစီပါ။ ထမင်းငတ်နေတာနဲ့မျိုးချစ်တာ
နဲ့သာလျှင် တိုက်ရိုက်သက်ဆိုင်ပါတယ်။ ထမင်းအဟာရဆိုတာ အာယု ၊
ဝဏ္ဏ၊သုခ၊ဗလဆိုတဲ့ အကျိုးကျေးဇူးကိုဖြစ်စေပါတယ်။
ဒါ့ကြောင့် စစ်ခွေတွေရဲ့ ကဝေကစားကွက်မှာ အကျမမှားစေပါနဲ့။
သံဃာခြင်းကွဲအောင်ခွဲ၊ ကျောင်းသားခြင်းကွဲအောင်ခွဲ၊ ပြည်သူခြင်းကွဲ
အောင်ခွဲနေသော စစ်ခွေးတို့ရဲ့ “ ပူးဝင်ပူးသတ်ဝါဒ”ကြီးဟာ မြန်မာပြည်
မှာနိဂုံးချုပ်ချိန်သင့်နေပါပြီ။
အလင်း ရှင်'s photo.

“ ကျောင်းသားတွေနိုင်ငံရေးမလုပ်ရဘူးတဲ့ ”
အဲဒါဆိုရင်
“ အောင်ဆန်းကိုသာ ထောင်ထဲပြန်ထည့်လိုက်တော့”
“ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရဘူး ”
အဲဒါဆိုရင်
“ ရခိုင်သားဦးဥတ္တမနဲ့ မုံရွာ၊မြင်းမူနယ်သား ဦးဝီစာရတို့ကို
ထောင်ထဲပြန်ထည့်လိုက်တော့” ။
မိမိအာဏာတည်မြဲရေးအတွက် အာဏာရှင်နဲ့ခရိုနီကို မှန်ဘောင်ထဲထည့်
ကိုးကွယ်ဖို့ အမျိုးသားရေးအတုတွေဖန်တီးနေကြတယ်။ လူငယ်တွေကို
အမြင်မှန် အလင်းမှန်တွေမရအောင် ပျှော်ပွဲရွှင်ပွဲအတုတွေဖန်တီးပေး
ထားတယ်။ “သွားရေစာလောလုံးပွဲနဲ့ ခရိုနီတွေဟာ မီဒီယာတွေမှာမင်း
သားလုပ်ကြတာ ” တွေကိုတွေ့ရတယ်။ နှစ်ပေါင်းများစွာ စာမတက်အ
စာငတ်အောင်သင်းကွပ်ခံထားရတဲ့ မြန်မာ့လူငယ်တွေဟာ အီဂျစ်လူငယ်
တွေလို အသိမကြွယ်ကြလေတော့ See Games ကို တကယ်အမျိုးသား
ရေးအစစ်အဖြစ်အထင်မှားခဲ့ကြတယ်။
ကဲ . .နောက်ထပ်အထင်မှားအောင် “ စားကွက် မှားကွက် မဲခိုးကွက်”
တွေ ၊ “ သံဃအစစ်ကို ထောင်ထဲထည့် အတုကို ပလ္လင်ပေါ်တင်မဲ့
အကွက်တွေ ” စသည်ဖြင့် စသည့်ဖြင့် နိုင်ငံရေးပိတ်ကားပေါ်မှာမမြင်
ချင်မတွေ့ချင်သော်လည်း . .တွေ့ရပေဦးတော့မှာမို့ (၂၀၁၅)အတွက်
စစ်ခွေးကြံ့ဖွတ်တို့ကို မြန်မာမြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းစေဖို့ မင်း
တို့ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်းပြောကြားရင်း .. . ။
█ ░ အလင်းရှင် ░ █
— with ကို ရဲနောင် and 24 others.

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget