အများအမြင်မှာတော့ ဘုရားတည်၊ သံဃာတွေတော့သူသတ်တယ်။
ရဟန်းဆိုရင်အမုန်းတေး ၊ အင်းစိန်ထောင်သို့ပို့လိုက်သေး။
တရုတ်ကြီးကခိုင်းရင်ကွယ်၊ စေတီတွေလည်းသူဖျက်တယ်၊
သမိုင်းဝင်တွေချန်မထား၊လယ်တီသိမ်ကိုသူဖျက်သွား။
ရခိုင်ပြည်ကဓာတ်ငွေ့တွေ တရုတ်ကြီးကိုပေးရပေ ၊
မကန့်ကွက်ရဲအောင်အပိုင်တွဲ ၊ ဘင်္ဂါလီနဲ့ရန်တိုက်ဆဲ။
အပြစ်မဲ့တဲ့ရခိုင်ပြည်သူတွေ ၊ မွတ်ဆလင်ကြောင့်သေရပေ၊
လက်သည်တရားခံ သန်းရွှေပဲ ၊ သိန်းစိန်တစ်ဖြစ်လဲ။
မိုက်ရိုင်းလိုက်တဲ့သိန်းစိန်ရယ်၊ သမ္မတအမည်ခံပါကွယ်၊
တရုတ်ခိုင်းတာသူလုပ်ပေး၊ ကြောက်ရတယ်လို့ပြောသလေး။
(မဟန)ကနာမည်ဆိုးတယ်၊ ဒါ့ကြောင့်မို့ကွယ်အသစ်ထွင်တယ်၊
(မဘသ)လို့ပြောင်းကာပေး၊ (၉၆၉)ပါအကွက်ဆင်သေး။
စစ်ခွေးတို့ရဲ့ဗျူဟာရယ်၊ ဂဋ္ဌုန်စောနည်းတွေသုံးကြတယ်၊
မျိုးချစ်ဂဋ္ဌုန်တပ်ထွင်ကာပေး၊သခင်ကိုယ်တော်မှိုင်းလင်္ကာရေး။
အခုလည်းကွယ် သိန်းစိန်ရယ်၊ အကြံကုန်တောဆားချက်တယ်၊
သံဃာထုကိုသူမြှောက်ပေး၊ အမျိုးစောင့်ဥပဒေထုတ်လိုက်သေး။
ဉာတတ္ထတဲ့စရိယာ တို့လည်းလက်ခံယုံကြည်ပါ။
သို့သော်လည်းကွယ်အကြံကောက်သေး၊ သိန်းစိန်သရဏံလုပ်ကွက်လေး။
မသိကြတဲ့ များဗိုလ်လူ တစ်ချစ်ထည်းကွယ် ချစ်ကြကူ၊
မကြာဘူးကွယ် ခဏလေး ၊ လယ်တီသိမ်ကိုဖျက်လိုက်သေး။
အဲဒီတော့ကွယ် မျိုးချစ်ရယ် ၊ အသံပိတ်လို့နှုတ်ဆိတ်တယ်၊
“အလင်းရှင်” က-ကဗျာရေး ၊ မွတ်ဆလင်ကုလားနဲ့နှိုင်းလိုက်သေး။
သိမ်ဖျက်ကြတဲ့သူတွေရယ် ၊ မွတ်ကုလားနဲ့မနှိုင်းဘဲကွယ်။
(မဟန)ဆိုသြ၀ါဒပေး ၊ သိမ်ဖျက်ဖို့ကိုတိုက်တွန်းသေး။
သမိုင်းဝင်မို့နှမြောတယ် ၊သာသနာအတွက် ရင်နာတယ်။
အသဲနာလို့ကဗျာရေး ၊ မွတ်ဆလင်လို့သမုတ်သေး။
သမုတ်ကြတဲ့သူတွေရယ် ၊လယ်တီသိမ်တော့ဖျက်ကြတယ်။
သာသနာကိုတန်ဘိုးထား ၊ အလင်းရှင်ကိုတော့မုတ်ဆိတ်တဲ့လား။
အဟတ် . အဟတ် ရယ်ရတယ်၊ လယ်တီသိမ်ကိုတားလို့ကွယ်။
မဖျက်ပါနဲ့လို့ငါဆိုသေး ၊ မွတ်ဆလင်ကုလားပါတဲ့လေး။
ဖျိုရဲပါတဲ့ တရုတ်ရယ် ၊ သံဃာဆိုလည်းဗုံးခွဲတယ်။
လယ်တီသိမ်တော့ မြေမှုန်ဘေး ၊ တရုတ်ဒိုဇာလက်လေး။
(မှတ်ချက် ။ အချိန်အားရင်ဆက်ရေးမယ်
█ ░ အလင်းရှင် ░ █

No comments :
Post a Comment