►◄ █ ▲▼ ►◄ █ ▲▼ ►◄ █ ▲▼ ►◄ █ ▲▼ ►◄
အမေစုသို့ ပေးစာ
အမေစုသို့ ပေးစာ
☛☚ ☛☚ ☛☚ ☛☚
အမေစုက တရားဥပဒေတည်ငြိမ်ရေးဆိုတဲ့နေရာမှာ ဥက္ကဌရထူးကိုယူထားတာနော် . .
ဒီတစ်ခေါက်လည်း သံဃာတော်တွေကို မီးလောင်းဗုံးနဲ့ပစ်တာကို ရေဗုံးနဲ့လို့စုံးစမ်း
စစ်ဆေးရေးဖွဲ့ကာ ဆုံးဖြတ်ပေးဦးမှာလား . . ဆိုတာ ပြည်သူ့ကိုယ်စားမေးပါရစေ။
ဒီလို မတည်ငြိမ်မှုဆိုတာ ပြည်သူနဲ့သံဃာက ဒုတ်ဓါးသေနပ်တွေကိုင်ပြီးဆူပူအုံကြွနေ
တာမျိုးမဟုတ်ဘူးနော် . .. ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင်ကို နေပူထဲမှာထိုင်ပြီး
တောင်းဆိုနေတာ . . ဗျ။ ဒါ့ကြောင့် သံဃာတော်တွေရဲ့ အသက်ကို အမြန်ဆုံးကယ်
တင်ပေးပါရန် အမေစုကို ပြည်သူ့ကိုယ်စားတောင်းပန်ပါတယ်။ အမေစုရခဲ့တဲ့ ကမ္ဘာ
ကပေးတဲ့ ဘွဲတွေနဲ့ နိုဘယ်ဆုနဲ့ လက်ပံတောင်းတောင်ကိုကာကွယ်ပေးပါ။
ပေးနိုင်ရင် ပြည်သူနဲ့သံဃာထုက အထူးပင်ကျေးဇူးတင်နေမှာပါ။ ဒါအမေစုအတွက်
အခွင့်အရေးပါပဲ။ ဘင်္ဂါလီတွေကိုတော့ အမေစု ကာကွယ်ပေးခဲ့တယ်ဆိုတာ အွန်လိုင်း
စာမျက်နှာမှာ မမြင်ချင်မှအဆုံးမကြားချင်မှအဆုံးပါ။ ဒါ့ကြောင့် သံဃာနဲ့လက်ပံ
တောင်းတောင်ကို ပထမအကြိမ်ကလိုတော့ ရေကနေမီးလောင်တာများမပြောဘဲ
ကိုယ်တိုင်ရှေ့တမ်းမှနေပြီး မားမားမတ်မတ်ရပ်တည်ပေးပါ။
အလင်းရှင်

No comments :
Post a Comment