သြော် . . . လပြည့်ည . . .
ညဆိုတာမှောင်ပိန်းခြင်းရဲ့ ပြယုဂ်ပဲ။
သို့သော်လည်း . . .
ထိုညရဲ့ ထိုအမှောင်ထုကို ငွေခြည်သွန်းလောင်းချလိုက်သည့်ပမာ
ကောင်းကင်မှဆီးဆင်းကျရောက်လာကြသော အလင်းတို့သည်ကား . .
ငွေရောင် တစ်လက်လက် ။
သြော် . .. အမှောင်ဆိုတာ မှောင်နေဆဲသာပ။
ထိုသည့်အမှောင်သည် ငွေလရည်သွန်းပြန်တော့ . . .
သူလည်း လင်းလက်ရရှာတော့တာပါပဲ . . .
ထိုညသည်လည်းကောင်း . ..
ထိုလသည်လည်းကောင်း . .
အဖကိုသတ်သော လူသတ်လူမိုက်ကြီးအတွက်
တကယ့် . . ည . .။
တကယ့် . . လ . .။
ဆရာဇီဝကအတွကတော့ . . .
ထိုညဟာ အလှဆုံး . . . ည ။
ထိုညဟာ အသာဆုံး . . လ ။
ဘာဖြစ်လို့လည်းဆိုတော့ လူမိုက်ကြီးဒေ၀ဒတ်အတွက်သံသာရာတစ်လျှောက်လုံး
အမှောင်ဖုံးခဲ့လေသမျှ . . ဗုဒ္ဓဘဂါရဲ့ ဓမ္မအလင်းဆောင်ကျင်းမဲ့ . . . ည . .မို့ပါ။
ကဲ . .. စာဖတ်သူတို့ရေ .. အဲလို ညမျိုးနဲ့ အဲလိုလမျိုးတွေကို ခံစားခဲ့ရပြီး
ရဟန်းဘ၀ကို ချစ်မြတ်နိုးတဲ့သူအလင်းရှင်ဟာ မိစ္ဆာဝါဒသမားတွေကို ခုခံကာကွယ်
ရေးသားနေရတာနဲ့ အလင်းရှင်ရဲ့ ဓမ္မဆိုတဲ့လက်လည်း လက်ပျက်ကြီးဖြစ်နေရှာပြီ။
အကယ်ရု သင်သည် ထိုစာမျိုးကို ဖတ်မိပါက ကျနုပ်အလင်းရှင်လိုပင် ရဟန်းဘဝ
ကို တပ်မက်မိပါလိမ့်မည်။
သြော် . ..
ဒီညနဲ့ . . .. ဒီလမျိုးမှာ . .
သူတော်ကောင်းတရားတွေကို . .
သွန်ပြတဲ့နေရာဖြစ်သော ဗုဒ္ဓဘဂ၀ါဆီသို့ . . . လွမ်းရင်း
တို့တွေ . .. ကုသိုလ်အလွမ်းအဖြစ် လွမ်းလိုက်ကြရအောင် . . ။
☛ မှတ်ချက်။ ။ အလင်းရှင်ဟာ လက်ကြမ်းသမားမဟုတ်ပါ။ အလင်း၇ှင်ကို
comment ရေးတဲ့သူများ လက်ကြမ်းကြီးတွေနဲ့မရေးကြပါနဲ့ဗျာ။
တောင်းပန်ပါတယ်။
အလင်းရှင်
— with Thet Thet Aung and 19 others. ညဆိုတာမှောင်ပိန်းခြင်းရဲ့ ပြယုဂ်ပဲ။

No comments :
Post a Comment