မဃဒေ၀လင်္ကာသစ်ကျမ်းကို pdf ဖိုင်နဲ့တင်ပေးဖူးပါတယ်။
အဲဒီမဃဒေ၀ကျမ်းက ပုတ္တောဝါဒအခန်းကိုသာကျက်နိုင်သမျှကျက်ပါ။

သုံးပုံပုံနှစ်ပုံလောက်ရောက်လာရင် ကိုယ့်ရင်ဘတ်ထဲက ဆန္ဒကို
ချရေးကြည့် . . ရေးရင်းနဲ့ ကဗျာဖြစ်သွားပါလိမ့်မယ်။
မော်ဒါန်ကဗျာကလည်း တာရာမင်းဝေတို့လိုစတဲ့ ဆရာတွေရဲ့
ကဗျာတွေကို ကျက်မှတ်ကြည့်ပါ။ သို့တည်းမဟုတ်လည်း
အလင်းရှင်ရေးပြီးသားတွေကို ရှာဖတ်ကြည့်ပါ။ ကြာလာရင် . .
ကိုယ့်ဆန္ဒကို ကိုယ်ပြန်ချရေးကြည့် . . ဒါလည်းမော်ဒန်
ဖြစ်သွားတာပါပဲ . . မိုးခေါင်လို့တီးတဲ့ ဗုံသံ ဆိုတဲ့ တာရာမင်းဝေရဲ့
ကဗျာစာအုပ်လေးကိုဖတ်ကြည့်ပါ အိပ်ထဲဆောင်ထားလိုက် . . .
သမာဓိရလာတော့လည်း ကိုယ်ပြောချင်တာတွေက
ပိုစ့်မော်ဒါန်တွေဖြစ်ကုန်တော့တာပါပဲ . .ဗျာ။
အလင်းရှင်တို့ ရေးတုန်းက မှတ်မှတ်ရရ . . ဆိုလို့ နာမည်အသင့်အတင့်ကြီး
တဲ့ ဂျာနယ်တစ်ခုမှာရေးဖြစ်တယ် (၃၀၀၀) ကျပ်ရတယ်။ နဲနဲတော့ အံ့သြသွားတယ်။
လူထွက်ပြီး ကဗျာဆောင်းပါးရေးစားချင်တဲ့စိတ်တောင် ဖြစ်ဖူးတယ်။
မကြာပါဘူး . . စက်တင်ဘာလည်းပြီးရော . . တက္ကသိုလ်ကိုတက်လိုက်ရပါတယ်။
အဲဒီမှာ ဘွဲ့တစ်ဘွဲထပ်ယူခွင့်ရသွားတယ် . .
ဘွဲ့နာမည်က လှတယ် . . ခန့်တယ် . .။
(အ၊က၊စ) တဲ့ ။ အကျဉ်းဦးစီးဌာနာလို့အရှည်ခေါက်ခေါ်တယ်။
အလင်းရှင်

No comments :
Post a Comment