30 June 2013 at 12:19
သြော် . . ဟုတ်လား။ Zinmin Khant ရေ . .. အရာအားလုံးဟာ
သူ့အချိန်ရောက်လာရင် တည်ငြိမ်သွားတာပါပဲ။ ဟိုးတုန်းက ဦးနေ၀င်းရဲသမီးတွေ
ဦးသန်းရွှေရဲ့သမီးတွေ . . . လက်လက်စင်လို့ပဲမဟုတ်လား။ အခုတာ့ အရာအားလုံးဟာ
ဘာမှမဟုတ်တော့သလိုပါပဲ။ ဒါကို ငါ ဗုဒ္ဓကစာပေနယ်ကနေသိလာတဲ့ သိတဲ့အလျှောက်
လောကသုံးပါးစလုံးကို အခုလိုနာမည်ပေးဖြစ်တယ်။ ဖြစ်စဉ်တို့၏ပျက်သုန်းခြင်း
လို့ပါပဲ။ မင်းလည်း နားလည်တက်အောင် ကြိုးစားကြည့်ပါ။ ကမ္ဘာလောကဟာ
သူ့ကိုနားလည်လေသူနဲ့ ပေါင်းသင်းရအဆင်ပြေလေပါပဲ။ တို့ တွေကို ကမ္ဘာလောက
ကမ္ဘာမြေမျက်နှာပြင်အသီးသီးအတွက် လူ့ယဉ်ကျေးမှုတွေကိုပေးတယ်။
ကိုးကွယ်ဖို့ဘာသာတရားတွေကိုလည်းပေးတယ်။ လူသားခြင်းဆက်ဆံရာအစဉ်ပြေဖို့
စကားလုံး အသစ်အဆန်းတွကို ပေးတယ်။ အခုအချိန်အထိ . . ကမ္ဘာက ငါ့ကို
အလင်းတွေပေးနေတုန်းပါပဲ။ ငါ သူ့အလင်းနဲ့ မင်းတို့ကို စကားပြောဖြစ်တာပါ။
အဲလိုကမ္ဘာက တို့ကိုယဉ်ကျေးအောင်ထားသော် လည်းပဲ တို့က
နိုင်ငံစွဲ၊ဘာသာစွဲလူမျိုးစွဲတွေနဲ့ စွဲရင်း . .. တွဲရင်း . . . အလိုလို
ကမ္ဘာနဲ့ ရန်သူလို ဖြစ်သွားတယ်။
အချိန်ရရင်ဆက်ပြောပါဦးမယ်။

No comments :
Post a Comment