လောကဓမ္မ ၊ ဤနှစ်ဝက
ကောင်းတာလုပ်လုပ် ဝေဖန်ဖြုတ်သလို
မကောင်းမမှန် ဇွတ်လုပ်ပြန်လည်း ထိုသူသူယုတ် အမှန်ရှုတ်၏
ကဲ . . . ကဲ . . .
ဖြေကြ . . . ဖြေကြ
တို့ ဗုဒ္ဓက
ဟေ့ကောင် ̏အတုလျ˝
လူသူသဘာဝ ထိုဓမ္မက
ဘုရား၊မင်း၊နေ၊သမုဒ္ဒဗြဟ္မေလည်း မလွတ်အပြစ်
လူတို့ညစ်၏ . . . တဲ့။
ကဲ . . . ကဲ . . . ကဲ့ရဲ့ကြစမ်း
နေမျိုးဇင်ကိုလည်း . . . ကဲ့ရဲ့ကြစမ်း
နေမျိုးဝေကိုလည်း . . . ကဲ့ရဲ့ကြစမ်း
မင်းကိုနိုင်ကိုလည်း . . . . ကဲ့ရဲ့ကြစမ်း
အောင်ဆန်းစုကြည်ကိုလည်း . . . ကဲ့ရဲ့ကြစမ်း
အေး . . .
မင်းတို့မကဲ့ရဲ့မှာကတော့
ဟို မိစ္ဆာ လူတစ်စုကိုပဲ . . . မဟုတ်လား
ဘယ်ကဲ့ရဲ့မလည်း
သူတို့က
ကမ္ဘာကြီးကိုတောင် ဗျောင်လိမ်ဗျောင်စား ခိုးထားနေတဲ့လူတစ်စုကို . . . ကွ
ဒီတော့
မင်းတို့ မကဲ့ရဲ့နိုင်တော့ဘူးပေါ့။
တော်သေးတာပေါ့ . . . မင်းတို့ . . . အလင်းရှင်ဆိုတဲ့ငါ့ကိုတောင်မသိလို့
သိများသိရင်
မြန်မာပြည်မှာ ချောပါပေ့ လှပါပေ့ ဆိုတဲ့ မော်ဒန်အပျိုစင်စစ်စ်လေးတွေနဲ့များ သမုဒ်လေဦးမှာလား။
အလင်းရှင်
www.alinshin.com

တော်သေးတာပေါ့ . . . မင်းတို့ . . . အလင်းရှင်ဆိုတဲ့ငါ့ကိုတောင်မသိလ
သိများသိရင်
မြန်မာပြည်မှာ ချောပါပေ့ လှပါပေ့ ဆိုတဲ့ မော်ဒန်အပျိုစင်စစ်စ်လေးတွေနဲ့မ
အလင်းရှင်
www.alinshin.com

No comments :
Post a Comment