.

AlinShin

Saturday, February 23, 2013

ဆုတ်ယုတ်မှုများ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်



ဂိုလ်ရှယ်လေး

နိုင်ငံရေးသည် သတ္တုပုံးငယ်တခုထဲတွင် သဲပွင့်များ ပြည်လျှံအောင်ထည့်ထားသော ပုံးနှင့်တူသည်။ ထို သတ္တုပုံးငယ်လေးထဲတွင် ဆိုခဲ့သော သဲပွင့်တို့သည် သာမန်သဲပွင့်များမဟုတ်ကြပါ၊ သဲတပွင့်ချင်းဆီတွင် သူ့အ၇ည်အချင်း သူ့ အဓိပ္ပါယ်ရှိနေသည်။ ထိုထက်မြင်သာအောင် တင်ပြရသော် ယဉ်ကျေးမှုသဲပွင့်၊ ဘာသာရေးသဲပွင့်၊ လူမျိုးရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ပညာရေး၊ ကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နေရာချထားရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသဖြင့်စသဖြင့် ရေတွက်လို့ မကုန်နိုင်လောက်အောင် သဲပွင့်တွေ အဲဒီ နိုင်ငံရေး ပုံးထဲမှ ရှိနေကြတယ်။
ဒါပေမယ့် (စစ်တပ်) အခု ပြည်သူတွေအားလုံး အော့အန်မှုဖြစ်နေရတဲ့စစ်တပ်က အာဏာ အပြီးပိုင်သိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်းကစပြီး အဲဒီ အဓိပ္ပါယ်ပေါင်းစုံစုပြုံထည့်ထားတဲ့ သဲပုံးကို စစ်ခေါင်းဆောင်တွေ အောက်ကနေ ဖေါက်ချလိုက်တော့ အခု လက်ရှိ မြန်မာ့နိုင်ငံရေး သဲပုံးထဲမှာ ဘာမှမကျန်တော့ပဲ အဓိပ္ပါယ်ပေါင်းစုံရှိနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်ရေး အားလုံးအားလုံး ပုံးဖေါက်ခံရတာနဲ့ ဒိုမီနို နိယာမအရ တဖြေးဖြေးချင်းလျောကျလာလိုက်တာ ကုန်သလောက်ဖြစ်သွားပါပြီ။
အခု အတိုက်ခံတွေ နိုင်ငံရေးပါတီတွေက အဲဒီပုံးကို ဘယ်လိုပြန်ပိတ်ပြီး လျောကျနေခဲ့ နေသော သဲပွင့်တွေကို ပြန်လောင်းထည့်ဖို့ စဉ်းစားကြရလိမ့်မယ်ထင်ပါသည်
ယခု လက်ရှိသမ္မတကြီးကိုယ်တိုင် အဲဒီသဲပုံး အပေါက်ဝကို ချဲ့ပေးပြီး အရှိန်ရရ လျောကျအောင်လုပ်ခဲ့သူတွေထဲမှာ ပါခဲ့ပါ၏။
အခု ဒုတိယဗိုလ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်လဲ သဲပုးံကို အပေါက်တွေထပ်ဖေါက်နေခဲ့သူတွေရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပါ၏။
ယခုလက်ရှိ မြန်မာပြည်ကို ပြောင်းလဲတယ်လို့ ငနုံတွေက ထထ အော်နေကြတာ အခြေခံစကေးနဲ့ ပေတံမရှိလို့ထင်ပါမိသည်။
ဒါဆိုရင် မေးစရာရှိလာပါတယ် မင်းက ဘာကောင်မို့ ဂရောင်ကြောင်တွေ လိုက်ပြောနေသလဲလို့ပါ၊ သေခြာတာကတော့ စာရေးသူမှာ တိကျ ခိုင်မာတဲ့ အချက်လက် ဒေတာတွေ အများကြီးရှိနေလို့ပါ။
လွတ်လပ်ရေးရစက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း လူအသေပြောက် ရွာလုံးကျွတ်ဖျက်ဆီးခံရမှု၊ အသေပြောက်၊ အကျဉ်းချခံရမှု၊လဒ်စားမှု၊ ခြိမ်းချောက်မှု၊ရာဇ၀တ်ကျူးလွန်မှု၊ ပညာရေး သိတတ်ကျွမ်းကျင်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဆေးဘက်ဆိုင်ရာ တတ်သိနားလည်ခြင်း ကျဆင်းမှု၊လယ်ယာမြေဆုံးရှုံးမှု၊ အိမ်ခြံမြေပြောင်းရွေ့ခံရမှု၊ မီးလောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရား ကျဆင်းဖေါက်ပြားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ ကျဆင်းမှု၊ တရားစီရင်ရေးစနစ် တိမ်းစောင်းမှားယွင်းလာမှု၊ ဘာသာရေးဆိုင်ရာယုံကြည်ခြင်း အားလျော့လာမှု၊ ယဉ်ကျေးမှုဆိုင်ရာ တလွဲပြောင်းပြန်ဆန်ခတ်ဖြစ်လာမှု၊ ရောဂါဘယထူပြောများပြားလာမှု၊ ဆေးဝါးထုတ်လုပ်မှုအ၇ည်သွေးကျဆင်းလာမှု၊ အခွန်အတုပ်ကြီးမားစွာကောက်ခံပြီး ကိုယ်ကျိုးသုံးစွဲမှု၊ လူသားအချင်းချင်း ဖိနိပ် ဖမ်းချုပ် အကျဉ်းရုံးသတ်ဖြတ်မှု၊ လူကုန်ကူးမှုများ ကြီးမားလာပြီး မိသားစုဝင်များပြောက်ဆုံး ပျက်စီးမှု၊ စတာတွေ စုံလို့ ရေးချရင် ခါခါဘိုရာဇီးတောင်ကြီးလောက်အချက်ခက်တွေ မြင့်တက်နေပါလိမ့်မယ်။
အပျက်တွေကို တွေရင် ပြင်မယ့်လမ်းကို ရှာသင့်ပါတယ်၊ အခုက ပြင်ဖို့ ကြိုးစားတိုင်း အားထုတ်တိုင်း ၊ လုံးပမ်းတိုင်း ၂၀၀၈ နာဂစ် အခြေခံဥပဒေက ပိတ်ဆို့ တားဆီး နှောက်ယှက်နေလို့ ပြင်မရ ပြုမရ ဖြစ်နေကြရတာတွေကို တိုင်းပြည်က ဆုတ်ယုတ်မှုတွေ(အပျက်သဘောဆောင်မှု)က ဖွံ့ဖြိုးတိုးတက်နေကြောင်း တာဝန်ရှိသူ တာဝန်ယူသူ တာဝန်ခံသူ တာဝန်အပ်နှင်းခြင်းခံရသူတို့ ရဲရင့်ပြတ်သားသော လူသားသစ္စာ ခိုင်ခိုင်မာမာ ရှိကြမည်ဆိုလျှင် ၂၀၁၅က စိတ်ကူးယဉ် ရွေးကောက်ပွဲ အားပြိုင်ပွဲများအထိ မျောလိုက် နေစရာမလိုပါ။
တိုင်းပြည်ကို ဒီကနေ့ပြုပြင်ချင်လျှင် ဒီကနေ့ပင် စတင်လို့ ရသည့် မူ ဘောင် နှင့် ပွင်းလင်းခြင်း လွတ်လပ်ခြင်း တရားမျှတခြင်း ဆိုသော ဓမ္မသတ် ဥပဒေများ ထုတ်ပြန်ဖို့ စလုပ်နိုင်ပြီဖြစ်မည်ဟု ထင်သည်။
လွတ်တော်ထဲတွင် ဟိုလူ့ အဆိုကိုစောင့်ရ ဒီလူအရှိန်ကို ထိန်းရ ညှိရသော နိုင်ငံရေး ဥပုဒ်သယ်များ မလိုအပ်ပါ။ တိုင်းပြည်တိုးတက်ဖို့ နိုင်ငံသားတိုင်း ပါဝင်နိုင်ဖို့သည် အာဏာပိုင်က စရပါလိမ့်မည် အထက်က စီးမှ အောက်သို့ ရောက်သော မူကို ချက်ခြင်းချမှတ်ရမည်။ အောက်မှ အထက်သို့ စီးတက်သွားဖို့ မဖြစ်နိုင်ပါ၊ သဘာဝတရားကလည်း ပြဆိုထားခြင်းမရှိပါ။
ကံ၊စိတ်၊ဥတု၊ အဟာ အားလုံး ချွတ်ခြုံကျနေသော နေရာအား အပယ်လေးဘုံဖြစ်သည် ဗြိတတ္တာ၊ ငရဲ၊ အသူတကယ် ၊ တရိစ္ဆာန် တို့နေသော နေရာသာဖြစ်ပြီး ဘုရားရှင် ဘုရားသခင်တို့ကလည်း နှစ်မြို့ကြမည်မဟုတ်ဟု ယုံကြည်ပါသည်။
သို့ဖြင့် ပြောင်းလဲရေးအား ဟန်ပြမျောချ မျောလိုက်ရသော ခေါင်းဆောင်များ နောက်လိုက်များ ဆက်လက် တွေဝေ အခြေနေကို ဖန်တီးမသွားပဲ စောင့်မျှော်လိုက်စားနေပါက ဆုတ်ယုတ်မှုတွေ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာသော အာရုဒေသက ဒို့ မြန်မာနိုင်ကွဟု ပြောဆိုကြရန် မသင့်ပါကြောင်း……………….

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ညနေ ၆ နာရီတွင်း ရေးသားသည်။
မှတ်ချက်၊ ၁၉၅၈ ခုနှစ်မှ စပြီး ၂၀၁၂ ထိ အခြေခံပြုစုထားသော ယူအန် မှတ်တမ်းများမှ အတိုချုံး ထုတ်နုတ် တင်ပြထားသော အချက်လက်များဖြစ်ပါသည်။
----------------------------------
Maha Mingyi

ကိုသောင်း ပုလဲမြေကူးယူဖေါ်ပြပါသည်  www.alinshin.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget