by အလင်း ရှင် on Tuesday, 17 April 2012 at 05:49 ·
နာရီနေ့ရက်သက္ကရာဇ်တို့ကိုမမှတ်မ
ိခဲ့သောကာလတစ်ခုစီကတကယ့်(reality)ဖြစ်ရပ်မှန်ပါ။ ကျွန်တော်နေထိုင်ရာ ဒဂုံမြို့သစ်ဆီကနေ မြို့ထဲသို့လာခဲ့ရာ ပန်းဆိုးတန်းမှတ်တိုင်ကဆင်းပြီးTokyoDonutဆိုင်နံဘေးကနေကပ်ပြီးလမ်းလျှောက်လာရာ အတိတ်အနာဂါတ်ပစ္စုပ္ပန်တည်းဟူသောကာလသုံးပါးစလုံးကို တက်သိနားလည်သော(astrologer) ဗေဒင်ဆရာစာကလေးကိုအမှတ်မထင်တွေ့လိုက်ရပါတော့တယ်။သူ့နဲ့ကျွန်တော်မဆုံဖြစ်ခဲ့တာဆယ်စု နှစ်တစ်ခုလောက်ရှိခဲ့ပါပြီ။ ကျွန်တော် မူလတန်းကျောင်းသားအရွယ်တုန်းကတော့ ဆရာ စာကလေးနဲ့ မကြာမကြာဆုံဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းကမဆုံဖြစ်ခဲ့တာ (၁၉၉၉)ခုနှစ် လောက်မှာ ကျွန်တော်ကျောင်းပြီးလို့ သာမညတောင်ကို အဓိ- ဋ္ဌာန်အသွားခဲ့ပါတယ်။ အပြန်ခရီးမှာ ရင်းနှီး ကျွမ်းဝင်ခဲ့တဲ့ခင်ချိုအေးအမည် ရှိ ကောင်မလေးနဲ့ရည်းစားမဖြစ်တဖြစ်မှာအင်းယားကန်ဘောင်ပေါ်လမ်း လျှောက်တုန်းဆီက တစ်ဖန်ဗေဒင်ဆရာစာကလေးနဲ့ ဆုံဖြစ်ခဲ့ကြပြန်ပါတယ်။ ခင်ချိုအေးရဲ့အိမ်နာမည်ချစ်စနိုးက“ငယ်ငယ်↔တဲ့။ မွေးခြင်းညီအမနှစ်ယောက်အနက် သူကအငယ်အထွေးဆုံးဖြစ်နေလေတော့ အားလုံးက သူ့ကို “မငယ်↔ “ငယ်ငယ်↔လို့ခေါ်ကြသလို သူကိုယ်တိုင်ကလည်းပဲ “ငယ်↔ လို့သုံးနှုန်းလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ဘ၀တစ်သက်တာအတွက် အချစ်ရဆုံးမို့“ချစ်ငယ်↔လို့ပဲေ
ခ်ါခဲ့ပါတယ်။မိန်းခလေးဆိုတာ ဗေဒင်တို့ဘာတို့ကို အယုံလွယ်တယ်လေ။ ဒါကြောင့်ပဲဖြစ်မယ် ချစ်ငယ်က ကျွန်တော့ကို
“မောင်↔. . . .“ဗေဒင်မေးကြည့်မယ်လေ↔တဲ့။
ကျွန်တော်နဲ့ ဗေဒင်ဆရာစာက လေးနဲ့က ဟိုးနှစ်များစွာဆီကတည်းက ရင်းနှီးကျွမ်းဝင်လာ ခဲ့ကြသူတွေပါ။ချစ်ငယ်သိမထားပါဘူး။ အခု ဗေဒင် ဆရာစာကလေးနဲမျက်နှာခြင်းဆိုင်ဆုံမိလေတော့“ချစ်ငယ်↔က ဗေဒင်တွက်ချင်တယ်တဲ့။သူမေးချင်တဲ့ဗေဒင်ဆရာစာကလေးနဲ့ကျွန်တော်တိ
ု့ရင်းနှီးကျွမ်းဝင်ခဲ့ တာ ဆယ်စုနှစ်တစ်ခုမကကြာခဲ့ပေမယ့် ဗေဒင်ဆရာစာကလေးဟာ အခုအထိ ငယ်ပုံမပြောင်းသေးသလို ကျွန်တော်ကိုယ်တိုင်ကလည်း အရာရာအစွဲအလမ်းကြီးသူမို့ ဗေဒင်ဆရာစာကလေးကို အခုထိတိုင်မမေ့ခဲ့။ သူ့ဟောတာပြော ယုံလို့လားမေးရင် . . . မယုံကြည်ပါဘူး။ “ဟင်↔. . . ဒါဆို ခင်ဗျားက ဘာလို့စွဲလမ်း နေမိတာလည်း? နောက်ပြီး ခင်ဗျားကလည်း
ယောက်ျား(အထီး) ဗေဒင်ဆရာစာကလေးကလည်း ယောက်ျား(အထီး)ပဲမဟုတ်လား?အဲလိုမေးရင် ကျွန်တော်ဖြေရခက်ပြီပေါ့။ အထီးကအထီးကိုစွဲ လမ်းနေတယ်။ အမကအမကို စွဲ လမ်းနေတယ်ဆိုတာ သဘာဝလွန် မဟုတ် လား?ဒီလိုဆိုကျွန်တော်ကိုယ်တိုင်ကိုကဒီမေးခွန်းကိုဖြေဖို့ရန်တွန့်ဆုတ်နေမိတာအမှန်ပါ။ ဗေဒင်ဆရာစာကလေးဟာ ရှေ့ဖြစ်နောက်ဖြစ်ပစ္စုပ္ပန်တည့်တည့်တို့ကို တကယ်မှန် သလားမေးတော့ ၊ “အဲ . . . အားလုံးစုံတော့ မမှန်ပါ ဘူးလို့↔ကျွန်တော်ဘက်ကဖြေခဲ့ရသလ
ို။ သူက မိန်းခလေး ဆရာမဟုတ်ေ နလို့လား? လို့မေးပြန်တော့လည်း မဟုတ်ဘူးလို့ဆိုရပြန်တယ်။ “ကဲ . . .ဒါဆိုရင် သူက မိန်းမစိတ်ပေါက်နေ တဲ့ ယောက်ျား(အထီး) လားဆိုတော့ လည်း . . . . ကျွန်တော့ခဗျာ ငြင်းရပြန်ပါတယ်။ ကျွန်တော့မှာ ခေါင်းမဖေါ် ၀ံ့အောင်ကို ဖြစ်နေရပါပြီ။ နောက်ဆုံးမေးခွန်းအနေနဲ့ ခင်ဗျားသူနဲ့ ဆွေမျိုးေ တ်ာလို့လား? ဆိုပြန်ပါရင်လည်း “လုံးဝ . . . လုံးဝ . . . ဆွေမျိုးမတော်ခဲ့ သလို. . . . ကုန်ကုန်ပြောရရင် သူပြောတဲ့စကားကို ကျွန်တော်ဘက်ကမ သိသလို ကျွန်တော်ပြောတဲ့စကားကိုလည်း သူ့ဘက်ကနားမလည်ခဲ့ပါဘူး။
သို့သော်လည်း ကျွန်တော်ဟာ သူ့ကို ခလေးဘ၀ကတည်းက စွဲလမ်းခဲ့တယ်။ ခုထိတိုင် နောက် လည်းသူ့ကို သတိရနေဦးမှာပါပဲ။ ခင်ဗျားတို့လည်း ကျွန်တော့လို ကြုံဖူးရင် ကြုံဖူးကြပေမယ့် ကျွန်တော့်လို့ တော့ စွဲလမ်းခဲ့မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဗေဒင်ဆရာစာကလေးဟာ လူလည်းမဟုတ် သလို နတ်လည်းမဖြစ်သေး၊ ဒါဆိုရင်သူဟာ အဟိတ်တရိစ္ဆန်တစ်ကောင် လားဆိုတော့လည်း မှန်တော့မှန်ပါရဲ့ ဒါပေမယ့် ဒါ့ပေမယ့် အပြည့်အ ၀တော့မမှန်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူကသာမန်အညတရ တရိစ္ဆာန် တစ်ကောင်မဟုတ်လို့ပါပဲခင်ဗျာ။ သူဟာ လူသားတွေရဲ့ဘ၀ အနာဂါတ်ဆိုတဲ့ အချိန်ကာလယန္တရားကြီးကို ခန့်မှန်းတွက်ချက်ပြနိုင်တဲ့ စာကလေးငှက်တစ်ေ ကာင်ရယ်ပါ။ သူသည် အဟိတ်တရိစ္ဆာန်ပင်ဖြစ်ခဲ့ငြားသော
် လည်း လူသားေ တွရဲ့ ဘ၀ကို အကျိုးပြုခဲ့တယ်။ လူတစ်ယောက်ရဲ့ မှောင်မည်းနေတဲ့ အနာဂါတ်ကာလကို သူ့ဘ၀ပေးဆိုင်ရာနဲ့ လှောင်အိ မ်လေးထဲကနေ ပြောပြသူကိုယ်တိုင် လှောင်အိမ်လေးထဲက ရုန်းထွက်ခွင့်မရရှာသော်လည်း . . . .
သူ့ဒုက္ခတွေကို ခဏမေ့ လူသားတွေအတွက် အတိတ်ပေးခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဗေဒင်ဆရာစာကလေးနဲ့ စတင် သိကျွမ်းခဲ့ရတဲ့ ငယ်စဉ်က တည်းက သူတို့လေးတွေရဲ့ ဘ၀ကိုစာနာသနားမိပါတယ်။ ကျွန်တော်ကိုယ် တိုင်လည်း အင်းစိန်အကျဉ်းထောင်မှာ တစ်နှစ်ကျော်ကျော်အကျဉ်းကျခံခဲ့ရ တာမို့ အခုလိုဗေဒင်ဆရာ စာကလေးတို့နဲ့ပြန် ဆုံဖြစ်ခဲ့တဲ့အခါ လှောင်အိမ် ဆိုတဲ့ အကျဉ်းထောင်ထဲမှာနေရတဲ့ဘ၀ကို နာကျင်မိပါတယ်။ဒါ့ကြောင့်ပဲ။ သူကိုဆောင်ကြဉ်းလာတဲ့ ဟိန္ဒူကုလားမကြီးနဘေး ၀င်ထိုင်လိုက်ပါတယ်။
“ကောင်လေး . . . .↔
“စာကလေးဗေဒင်ဆိုတာအရမ်းမှန်တယ်↔
“သူပြောတဲ့အတိုင်း ယတြာခြေလိုက်ရင် အဆိုးတွေပျောက်တယ်။↔
ဟိန္ဒူကုလားမကြီးရဲ့ စကားအဆုံးမှာ ကျွန်တော်က . . . . .
“အဒေါ်ကြီး ↔ “စာကလေးဗေဒင်က တစ်ခါမေးရင် ဘယ်လောက်လဲ?↔
သုံးရာပဲ ကျပါတယ်လို့ ဟိန္ဒူအဒေါ်ကြီးက ပြန်ပြောပါတယ်။
ဒါနဲ့ကျွန်တော်လည်း ဆရာစာကလေးရဲ့တွက်ချက်မှု့ကို ခံယူခဲ့ပါတယ်။
ဟောစာတမ်းအပြီးမှာ တန်ခိုးကြီးဘုရားအရှေ့ဘက်ကနေ တံခွန်ကုက္ကား မုလေးပွားနဲ့ ဘုရားပူဇော်ရန် ဟောခဲ့ပါတယ်။ ငယ်ငယ်ကသော် လည်းေ ကာင်း ကျွန်တော့ချစ်သူနဲ့သော်လည်းကောင
်း ဗေဒင်ဆရာစာကလေးနဲ့ ဆုံဖြစ်ခဲ့စဉ်က ဆရာစာကလေးရဲ့ ဗေဒင်ဟောစာတမ်းကို ကျွန်တော်မ ယုံကြည်ခဲ့ သော်လည်းပဲ အခုတစ်ခါမှာတော့ ဗေဒ၀ိဇ္ဇာဆရာ စာကေ လးရဲ့ ဟောစာတမ်းကို ကျွန်တော်အကြွင်းမဲ့ ယုံကြည် မိပါတယ်။ အဲလို လေးလေးနက်နက် ယုံကြည်ခဲ့သလို ဗေဒ၀ိဇ္ဇာဆရာစာ ကလေးကို လည်း ကျွန်တော့လို အကျဉ်းထောင်လှောင်အိမ်လေး ထဲကအမြန်လွတ်စေ ချင်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံအခြေအနေဟာ အုပ်ချုပ်ရေးဥပဒေသတွေ၊ အုပ်ချုပ်သူေ တွပြောင်းလဲခဲ့ တဲ့ အတွက် ကမ္ဘာက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်
ပေး ရန်တောင်းဆိုနေကြဆဲ့ပါ။ အာဏာရှင် သန်းရွှေရဲ့ ကြိုး နီစနစ်အဏာကြိုး က ခပ်တည်းတည်း ကျန်နေသေးတာမို့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ထင် ထားသလို ကမ္ဘာက ထင်ထားတဲ့အတိုင်း အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ဆိုတာ ခုအချိန်(၂၈-၃-၂၀၁၂) ရက်နေ့အထိဖြစ်မလာခဲ့ သေးပါဘူး။
ကျွန်တော်ကတော့ အားလုံးကို လွတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လည်း ထောင်က လွတ်လာခဲ့ပါပြီ။ တစ်ချို့ကပြောတက်ကြပါတယ်။ ကိုယ်အပြစ်လုပ်လို့ ထောင်ကျတာ၊ ဘာအခုမှ လွတ်ချင်ရတာ လဲ?တဲ့။ ကျွန်တော်အဲဒီလူတွေကို မေတ္တာစကားတုန့်ပြန်ချင်ပါတယ်။“ေ
ထာင်ထဲရောက်နေတဲ့သူတိုင်း အပြစ် ကျူးလွန်ထားသူလို့ မမှတ်ထင်ပါနဲ့။
“ထောင်ထဲရောက်ခဲ့တဲ့သူတိုင်း အပြစ်သားအစစ်အမှန်မဟုတ်ခဲ့သလို . . . .
ထောင်မကျခဲ့ဘူးတဲ့သူတွေမှာလည်း ပြစ်မှုမကျူးလွန်ထားတဲ့သူလို့ . . . . လက်ခံယုံကြည်လို့မရပါဘူး↔ ပြည်သူပိုင်ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ သုံးစွဲ ခဲ့ကြတဲ့ . . . စစ်အာဏာရှင် နေ၀င်းနဲ့မိသားစုအပြင် သူ့လက်ကိုင်တုတ် သူဋ္ဌေးသူကြွယ်လက်ပါးစေများ၊ စစ်အာဏာရှင် သန်းရွှေနဲ့မိသားစုအပြင် သူလက်ကိုင်တုတ်များဖြစ်ကြတဲ့ တေဇ၊ခင်ရွှေ၊ဇော်ဇော်၊ဋ္ဌေးမြင့်တို့ပဲမဟုတ်လား? သူတို့လည်း ပြည်သူပိုင်နိုင်ငံ ပိုင်ပစ္စည်းတွေကို မတရားသဖြင့်နည်းေ ပါင်းစုံသုံးကာ ထုတ်ယူခဲ့ကြတာပဲလေ။ ဘာလို့သူတို့ အခုအထိထောင်မ ကျသေးတာလည်း?ကျွန်တော်ထောင်ထဲမှာရှိနေစဉ် ကောင်လေးနှစ်ယောက် မီးရထားမှန်ကွဲသွားတာကိုမီးရ ထားရဲကို အလျှော်လည်းပေးပြီးပြီ အဲဒါကိုပဲ တရားသူကြီးက ထောင်ဒဏ် (၅) နှစ်ချလိုက်တယ်။ ကဲ . . . ခင်ဗျား ဘယ် လိုပြောမလဲ? ငြင်းမလဲ?ဒီလိုဖြစ်စဉ်တွေကျွန်ေ
တာ့ကိုယ်တွေ့တွေ ရေးချရင်အများကြီးပါ။ ဒီ တော့က မြန်မာလူမျိုးများရဲ့ ဘာသာဓလေ့ထုံး တမ်းအစဉ် အလာအတိုင်း “ကံ↔ပေါ့လိုပပြောမှာပေါ့။
ထားပါတော့ဗျာ။ဘယ်လိုပဲဖြစ်ဖြစ်။ကျွန်တော်တို့ဟာအင်းစိန် အ ကျဉ်းထောင်ကိုမရောက်ခဲ့ ဘူးရင်လည်း မိသားစုဆိုတဲ့ ဘ၀ထောင်ထဲ သံသ ရာထောင်ထဲမှာတော့ ရောက်နေကြတဲ့သူတွေပါပဲ။ဒါ့ကြောင့်အာဏာရူးသန်းရွှေနဲ့တကွ သက်ဆိုင်ရာတွေကိုပြောချင်တာက မြန်မာပြည်သူပြည်သားတွေ . ကမ္ဘာ့ပြည်သူ ပြည်သားတွေဖြစ်ချင်တဲ့ တောင့်တနေတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လေးပေးလိ
ုက်ပါလားခင်ဗျာ။
ကျွန်တော်ဟာ ကိုယ့်ရှေ့ရောက်နှင့်နေတဲ့ ဗေဒင်ဆရာစာ ကလေးကိုတောင်လွတ်ငြိမ်းချမ်းသာခွင့်မလုပ်ပေးနိုင်ရှာသူမို့ မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းသားများလွတ်မြောက်ဖို့ဆိုရာမှာပိ
ုလို့တောင် ဝေးပါ သေးတယ်။ ဘယ်လိုပဲ မျှော်လင့်ချက်ကင်းမဲ့နေပါစေ .. . တစ်နေ့မှာတော့ . . . .
ဗေဒင်ဆရာစာကလေးသည်လည်းကောင်း . . . .
မြန်မာတွင်မက . . . တစ်ကမ္ဘာလုံးရှိ အကျဉ်းသူအကျဉ်းသားအပေါင်းတို့သည
်လည်းကောင်း . . . .
အမြန်ဆုံး လွတ်ငြိမ်းချမ်းသာ. . . . ထာဝရလွတ်ငြိမ်းချမ်းသာရကြပါစေလို့သာ ဆုတောင်းရင်း . . . .
By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment