ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀)
အရွယ်တိုင်အောင် (၄၅) ၀ါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။ နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင
(၁) နံနက်ပိုင်း လုပ်ငန်းစဉ်
+++++++++++++++++
နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” လို့သုံးနှုန်းပါတယ်။ နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ်
++++++++++++++++++++++++++++
ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” လို့သုံးနှုန်းပါတယ်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်ကိုတရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။
(၃) ဥာဉ့်ဦးယံ လုပ်ငန်းစဉ်
+++++++++++++++++++++++++
ဥာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” လို့သုံးနှုန်းပါတယ်။
လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဥာဉ့်ဦးယံ အချိန်မှာ ရဟန်းတော်များကို ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေး တဲ့ ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ်
+++++++++++++++++++++++++++
ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူတဲ့ လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” လို့သုံးနှုန်းပါတယ်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာတဲ့ နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူပါ တယ်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။
(၅) မိုးသောက်ယံ လုပ်ငန်းစဉ်
+++++++++++++++++++++++++++++++++
နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက်
ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ၀ါ ပတ်လုံး ဖြစ်လေသည်။
ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင
မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။