(၁) ၁၉၈၈ မတိုင်ခင် အချိန်တွေကအထိတော့ မြန်မာ့တပ်မတော်ဟာ တစ်ကယ်ပဲ
ဟိုးအရင်က ပျင်းမငုတ်တို ဇာတ်လမ်းထဲကမျိုးလို ပြည်သူက
တစ်ကယ်ချစ်ခဲ့တာပါ ။ ကြေးစားစစ်တပ်မဟုတ်ဘူး ၊
မ၀င်မနေရ စစ်တပ်မဟုတ်ဘူး ။
နှစ်နှစ်သက်သက် လိုလိုလားလား ၀င်ခဲ့ကြတာပါ။
(၂)လက်နက်ကိုင်ထားရတဲ့ အဖွဲ့ အစည်း တစ်ခုမှာ ဘာတစ်ခုမှ ပြန်မေးခွင့်၊
အတွန့် ပြန်တက်ခွင့် မရှိပဲ ပေးတဲ့အမိန့် ကို ပဲ နာခံကြရမယ် ဆိုတာကလည်း အဲဒီလုပ်ငန်းသဘာဝအရ ဖြစ်သင့်တာတစ်ခုပါ ။
(၃))အဲဒီအချက်ကို အလွဲသုံးစား ပြုခဲ့ကြတဲ့သူတွေကြောင့်သာ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ရုံမက
စစ်တပ်တစ်ခုလုံးလည်း အသွင်သဏ္ဍန်အရရော ၊အနှစ်သာရပိုင်းအရပါ များစွာ အကျည်းတန်ခဲ့ရပါတယ် ။
(၄)စစ်အာဏာရှင် သက်တမ်းအတွင်းမှာတိုင်းပြည်ရဲ့  အထွေထွေ ချို့ ယွင်းအားနည်းမှုများကို ဖြစ်စေရုံသာမကပဲ တပ်မတော်ကိုယ်တိုင်ကိုပါ ဖျက်ဆီးပစ်ခဲ့သလို ဖြစ်ခဲ့ရတာပါ ။
(၅)စစ်တပ်အာဏာသိမ်းထားစဉ် ကာလအတောအတွင်း စစ်ဗိုလ်ချုပ်တွေ ယုံကြည်ခဲ့ကြတာကသူတို့ ဟာ အခွင့်ထူးခံတွေဖြစ်တယ် ဆိုတာကိုပါ ။
အာဏာ ဆိုတာရဲ့  သဘောကိုကောင်းကောင်းနားလည် တတ်ကျွမ်းခဲ့ကြတယ် ဆိုရင်လည်း မမှားပါဘူး ။ ပြည်သူအပေါ်မှာ သူတို့ ရဲ့  အာဏာစက်ကို ကောင်းစွာသက်ဝင်အောင် တတ်မြောက်ကျွမ်းကျင်ခဲ့ကြပါတယ် ။
(၆)အဲဒီမှာ ကျွဲကူးရေပါဖြစ်ခဲ့ရတာက ပြည်သူအပေါ် အနိုင်ကျင့်ရုံမကပဲ မိမိ တပ်ကိုပါမိမိပြန်နင်းသလို အဖြစ်တွေ ဖြစ်လာခဲ့ကြရတာပါ ။
(၇)တစ်ကယ်တမ်းမှာ တပ်မတော်အတွင်းကအောက်ခြေရဲဘော်င
(၈)နိုင်ငံအ၀ှမ်းက ဘယ်ရဲဘော်ကိုပဲကြည့်ကြည့်ပါ အားလုံးဟာညှိုးနွမ်းစုတ်ပြတ်ပြီး
(၉)ရဲဘော်ဆိုတာ စစ်ဗိုလ်တွေရဲ့  အလုပ်အကျွေးဖြစ်ရုံသာမက လူကြီးအိမ်မှာ အိမ်အကူထပ်ခေါ်ဖို့  မလိုတဲ့အထိ အရာရာ အောက်ခြေသိမ်း လုပ်ပေးကြရပြီး မိမိရဲ့  ကိုယ်ပိုင်အလုပ်သမားသဖွယ်ပဲ ဆက်ဆံကြတာပါ ။ အဲဒီလို လုပ်ကိုင်ပေးကြရလို့ လည်းဘယ်ရဲဘော်မှ ပြောင်ရောင်လာတယ်ဆိုတာ မရှိပါဘူး ။
တပ်မတော်က ရဲဘော်ရဲ့ အရှင်သခင်ဆိုတာ မိမိရဲ့  အထက်အရာရှိသာမက သူရဲ့  ဇနီး ၊ သားသမီး ၊ ယောက္ခမ ၊ခယ်မ ၊ ယောက်ဖ အားလုံးကို သတ်မှတ်ကြောက်ရွံ့ ပေးကြရတာပါ ။
(၁၀)အလုပ်သမား အခွင့်အရေးအရ ဘယ်လိုအလုပ်သမားပဲဖြစ်ပါစေ အလုပ်ချိန်ပြီးရင်နားချိန်ဆိုတာ
သတ်မှတ်ပေးထားရပါမယ် ။မြန်မာ့တပ်မတော်က ရဲဘော်တွေမှာ နားချိန်တို့  ၊ ကိုယ်ပိုင်အားလပ်ချိန်တို့ ဆိုတာ ပုံပြင်တွေပါ ။
(၁၁)အပြင်မှာ လူ့ အခွင့်အရေးစကားတွေ ဒီလောက်သောသောညံနေတဲ့
အချိန်မျိုးမှာ တပ်တွင်းကရဲဘော်တွေအတွက်လည်း တစ်စုံတစ်ရာတော့
ပြောင်းလဲပေးဖို့  လိုနေပြီ ဆိုတာကို သိခဲ့ပါတယ် ။
(၁၂)လူ့ အခွင့်အရေးဆိုတာရဲ့ အကြောင်း ကြားတောင် မကြားဖူးကြပါဘူး ။
တိုင်းပြည်မှာ စစ်တပ်ဆိုတာ မရှိလို့ မှ မဖြစ်တာ ၊ အင်အားမကောင်းလို့ မှ မဖြစ်တာ ၊ အခုတော့မြန်မာ့တပ်မတော်ထဲကို ၀င်ချင်တဲ့ ရဲဘော်မရှိဖြစ်နေတာကို တပ်ချုပ်ကြီး အသိဆုံးပါ ။
(၁၃)ဘာလို့  တပ်ထဲကို ရဲဘော်တွေ မ၀င်ချင်ကြတာလဲဆိုတာကို တပ်ချုပ်ကြီး စားပွဲမှာ ထိုင်မေးနေရုံနဲ့ တော့ အဖြေမှန်ကို သိရလိမ့်မှာ မဟုတ်ပါဘူး ။ နှိပ်စက်ခံနေကြရလို့ ၊ ကျွန်တစ်ပိုင်းဘ၀နဲ့ နေကြရလို့ ၊ မ၀ရေစာပဲ စားနေကြရလို့ ၊ ကိုယ့်စိတ်ကိုယ် ကိုယ့်ဘ၀ကိုယ် မပိုင်ဆိုင်ရတော့လို့ ၊လူသားတစ်ယောက်ရဲ့  ဖြစ်တည်မှု ပျောက်ဆုံးသွားနေကြရလို့ ပါ ။ စစ်သားသစ် စုဆောင်းဖို့ ဘယ်လောက်ထိ ခက်ခဲတယ် ၊ ဈေးဘယ်လောက်ကြီးလို့  ၊ ဘယ်လိုပြသနာတွေတက်ခဲ့တယ်ဆိုတာကိ
(၁၄)ကာတွန်းတွေမှာ နောက်ပြောင်ကြသလိုမျိုး ကြာလာရင် ဗိုလ်တစ်ရာ ရဲဘော်တစ်ကျိပ် ဖြစ်တော့မှာပါ ။ရဲဘော်အင်အားမရှိပဲနဲ့ တော့ စစ်တပ်ကို
အင်အားရှိလာအောင် တည်ဆောက်ဖို့  မဖြစ်နိုင်ပါဘူး ။
(၁၅)အရေအတွက်ဆိုတာပြီးရင် အရည်အသွေးပိုင်း ပြသနာပါ ။ ဟိုအရင်တုန်းကတော့ တပ်မတော်ဗိုလ်ရွေးအဖွဲ့ ဆိုတာ ဒေါင်ဒေါင်မြည် လက်ရွေးစဉ် ဆိုတာမျိုးကို ရွေးလာရာကနေ နောက်ပိုင်းမှာတော့မြန်မာ့တပ်မေ
ရရာယူခဲ့ကြတာပါ ။ အဲဒီကာလက တပ်ထဲ ၀င်လာကြတဲ့သူတွေဆိုတာကလဲ
နိုင်ငံကို ချစ်မြတ်နိုးစိတ် ဆိုတာထက် နှစ်ဘယ်လောက်ကြာရင် ဘယ်ရာထူးရပြီ ၊
ဘယ်လောက်ချမ်းသာပြီ ဆိုပြီးတော့ တွက်ချက်ဝင်ခဲ့ကြတာပါ ။ အရာအားလုံးပျက်ဆီးရတဲ့အထဲမှာ တပ်မတော်သားတွေရဲ့ 
စိတ်ဓာတ်ရေးရာခံယူချက်တွေပါ ပါသွားခဲ့ကြရပါတယ် ။
(၁၆)နောက်ထပ် ပိုဆိုးတဲ့အချက်က မြန်မာ့တပ်မတော်ရဲ့  ဇနီးအမျိုးသမီးများ
အလုပ်ထဲဝင်ပါမှု ၊ မလျော်သြဇာ သုံးစွဲမှုတွေပါ ။ ဒါကတော့ အရင် သွားလေသူ
တပ်ချုပ်ကြီး က ထားခဲ့တဲ့အမွေဆိုးပါ ။ တပ်ထဲမှာ တပ်ရင်းမှုးထက် တပ်ရင်းမှုးကတော်ကို ပိုကြောက်နေရတာ များပါတယ် ။
(၁၇)တပ်မတော်ထဲမှာ အကွက်ကောင်း ၊ ခွင်ကောင်း မိကြ နေရာရကြတဲ့ သူတွေကတော့ မယုံနိုင်လောက်အောင်ကို ကြီးပွားချမ်းသာကြတာပါ ။
တပ်ရင်းမှုးအဆင့်လောက်ဆိုရင် မတရားချမ်းသာနေကြတာများပါတယ် ။
(၁၈)အခု အရပ်ဘက်မှာ ဒီမိုကရေစီ လမ်းစ မြင်လာရတဲ့အခါ အရင်ကလို အရပ်ဘက်အုပ်ချုပ်ရေး ၀င်ပါစရာ မရှိကြတော့တဲ့ စစ်တပ်အကြီးအကဲများဟာ အခုမှ မိမိတပ်ကို မိမိပြန်လှည့်ကြည့်ချိန် ၊ စစ်ဆေးကြပ်မတ်ချိန် ရပါတယ် ။ အံ့သြစရာ ကောင်းတာက တပ်မှုးအများစုငြီးငြူတာက အဲဒီဒဏ်ကို မခံနိုင်ပါဘူးတဲ့ ။
(၁၉)အရပ်သားတွေ ဒီမိုကရေစီရတဲ့အချိန်ကြမှ ငါတို့ က စစ်အာဏာ သိမ်းခံရတယ်လို့ ပြောကြပါတယ် ။
(၂၀)တစ်ကယ်က ပြည်သူတွေ နှစ်ပေါင်းများစွာ အဲဒီထက်ဆိုးတဲ့ ဖိဆီးနှိပ်စက်မှု ဒဏ်ကို ခါးဆီးခံခဲ့ကြရတာပါ ။
(၂၁)အခုတော့သူတို့ မှာမှ ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ဓာတ်ပျက်ဆီးမှုတွေ၊ စိတ်ဓာတ်ချွတ်ချုံကြမှုတွေကို အံ့သြစရာတွေ့ ရပါတယ် ။
(၂၂)စစ်သားတစ်ယောက်မှ ရှိအပ်တဲ့ ခံယူချက် ၊ စိတ်ဓာတ်ဆိုတာမျိုး နည်းနည်းမှမရှိပဲ ရာထူးမတက်တော့ရင် ထွက်မယ် ၊ ဘာလို့ နေရမှာလဲနဲ့  တပ်တွင်းမှာပဲ စိတ်ဓာတ်ယိုယွင်းပျက်ဆီးနေကြတဲ့
(၂၃)တပ်မတော်ကိုယ်တိုင်ရဲ့  အတွင်းလှိုက်စားနေတဲ့ ခြစားမှုတွေ ရှိနေပါတယ် ။
(၂၄)တပ်ချုပ်တစ်ယောက်အနေနဲ့  မိမိရဲ့  တပ်မတော်အတွင်းမှာ ဘယ်လို ပြသနာတွေ ရှိနေတယ် ၊ ဘယ်လို မှားယွင်းချွတ်ချော်မှုတွေ ရှိနေတယ် ၊
(၂၅)ဘယ်လို အဆင်မပြေမှုတွေ ရှိနေတယ်ဆိုတာ သိရှိအောင် လေ့လာအားထုတ်စေချင်ပါတယ် ။ အဆင့်ဆင့် လိမ်ညာပြလာနေတဲ့ စာရင်းဇယားတွေတင်ပြချက်တွေ နားထောင်နေရုံ ၊ ထိုင်ကြည့်နေရုံနဲ့ တော့ အမှန်ကို သိမှာ မဟုတ်ပါဘူး ။
(၂၆)ဒါကလည်း တပ်ချုပ်တစ်ယောက် အနေနဲ့  အမှန်ကို သိချင်လိမ့်မယ် ၊ ပြုပြင်ချင်စိတ် ၊ အသစ်တည်ဆောက်လိုစိတ်ရှိမယ်လို့  ထင်မိလို့ သာပါ ။
(၂၇)အဲဒီလို မဟုတ်ပဲ ဒါတွေအားလုံးဟာ ကိုယ်သိပြီးသားတွေ ၊ အားလုံး ကိုယ်တိုင်ဖြတ်သန်းခဲ့ဘူးပြီးသာ
(၂၈)စစ်အာဏာက ဖျက်ဆီးလိုက်တဲ့အထဲမှာ တိုင်းပြည်သာမကတပ်မတော်ကိုယ်တို
(Credit Pyay Chit Thu)
မုရင်းလင့်
https://www.facebook.com/
------------------------------
တရားရမိတယ်..
ကိုကိုစစ်သားများအနေနဲ့..
နိုင်ငံရေးကိုလှည့်ကြည့်စရာမလို
ဝင်ပြီးဝေဘန်ဖို့ကို...အချိန်မေ
စစ်တပ်ထဲမှာတင်... ဝေဘန်စရာတွေလုပ်ရမှာတွေ..
များမှများပဲလေ..
ကုန်ကြမ်းတွေကို နယ်ကျော်ပြီးရှာနေစရာမလိုဘူးလို
ပြောလိုပါတယ်....၊
ကာကွယ်ရေးအသုံးစရိတ်နည်းတယ်လို့
hightlight လုပ်ပြီး ဘ၀င်လေဟတ်နေကြသောကိုကိုများ..
ပတ်ဝန်းကျင်နိုင်ငံတွေက frigate တွေတပ်တော်ဝင်တာကိုအားကျ..
Rafale fighter တွေ အစီးပေါင်းရာနဲ့ချီဝယ်တာတွေကို သွားရေကျ..
Missile System တွေ upgrade လုပ်တာကို ငန်း...
ခင်ဗျားတို့မေ့နေတာက
ရှေ့တန်းကရဲဘော်တစ်ယောက်စားခွက်
ဘယ်လောက်ဆိုးရွားနေတဲ့ စားစရာတွေရှိနေမမလဲဆိုတာ..
သာမန်စစ်သားမိန်းမတွေ.ကလေးတွေရဲ
.တောက်ပြောင်ပါ့မလားဆိုတာ..
ခြေပြတ်လတ်ပြတ်ဒုက္ခိတတွေရဲ့ နစ်နာမှုတွေ..
ဒါတွေကျတော့..ဘယ်သကောင့်သားမှ..
ရေးသားတာ..ဝေဘန်တာ..တင်တာမတွေ့ပ
လေးစားတယ်ဗျာ..
ပြည်သူ့တပ်မတော်..တဲ့ဗျာ..
ဘုရားစူးပါရစေရဲ့..
နောက်ပြီး..တစ်ခုမေးပါရစေ..
ခင်ဗျားတို့ကအောက်ခြေမှာ...
ဒီလိုလဲဖြစ်နေကြသေးတယ်..
ဘာကို..ဘယ်သူ့ကို..သစ္စာရှိနေကြတ
ခေါင်းစဉ်ပျောက်နေသောသစ္စာစောင့်
ဖြစ်နေပြီနော့...
အကြံတစ်ခုပေးချင်တယ်..
ဒီလက်နက်တွေဝယ်ချင်ရင်တော့..
ကာကွယ်ရေးအသုံးစရိတ်များနေမှမဟု
ခင်ဗျားတို့ဘဘတွေပိုင်ဆိုင်မှုရ
စုပြီးလက်နက်မျိုးစုံဝယ်ကြည့်လိ
မယုံရင်လုပ်ကြည့်လိုက်..
ချက်ချင်းကို အရှေ့တောင်အာရှမှာ..
ခေတ်မှီဆန်းပြားတဲ့လက်နက်တွေပို
တပ်မတော်..ဖြစ်ကိုဖြစ်စေရမယ်...
Tun Wai shared Pa Yit's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com