Share ခြင်းဖြင့်ဓမ္မဒါနဝေငှပါ။
ရှေးဆတော်ကြီးတွေက အလွန်အမင်းကိုဝိနည်းလေးစားတော်မူကြသလို
ရဲရင့်တော်မူကြတယ်။ ၀ိနည်းကိုမငဲ့ဘဲ ပြီးလွယ်စီးလွယ်မလုပ်တက်ကြဘူး
̏ ဒီဒကာတွေကတော့ စစ်ခွေးဆိုးကြီးသန်းရွှေရဲ့ လက်ပါးစေတွေပဲ ရယ်လို့
လည်း သူတို့ခိုင်းစေတဲ့အတိုင်း လုပ်မပေးဘူး။ လောက၀တ်ကိုမငဲ့ကွက်ဘဲ
ဓမ္မ၀တ်ကိုသာ ငဲ့ကွက်တော်မူကြတယ်။
ဝိနည်းအရာကိုမဆိုထားနဲ့ဦး မင်းအစိုးရနဲ့ပတ်သတ်လာရင်သံဃာတော်များ
ကို တိုင်းသူပြည်သားများက ငြိုငြင်မှာစိုးလို့ ခပ်ပြတ်ပြတ်ပြောလေ့ရှိတယ်။
ယုတ်စွအဆုံးတရားဟောတရားနာတဲ့နေရာမှာတောင် မင်းအစိုးရရယ်လို့
ဦးစားမပေးဘူး။ သံဃဂုဏ်ကို အထိပါးမခံလိုတဲ့သဘောလို့ အလင်းရှင်ယူ
ဆမိပါတယ်။
တစ်ခါတုန်းကပေါ့ .. .
ဘကြီးတော်လက်ထက် သာသနာပိုင်ဆရာတော်များကို နန်တော်တွင်းအန္တရာယ်
ကင်းဖို့ ပရိတ်ရွတ်ပင့်တယ်။ အဲဒီခေတ်က ̏ ဆရာတော်ဦးဗုဓ်က သာသနာပိုင်
ဆရာတော်အဖြစ် ရာထူးမရဘူး˝ (မယူချင်လို့ပါ) ဆရာတော်ဦးဗုဓ်ဟာသာသနာ
ပိုင်ရာထူးမရှိပေမယ့် ပရိယတ္တိနေရာမှာ ထူးလွန်းချွန်လွန်းထက်လွန်းတော့ မင်းအ
စိုးရကလက်မလွှတ်ကြဘူးပေါ့။ ဒီတော့ နန်းတော်ထဲ အန္တရာယ်ကင်းပရိတ်ရွတ်မှာ
ဆရာတော်ဦးဗုဓ်ကလည်း မပါမပြီးပေါ့။
နန်းတော်ထဲ ပရိတ်ရွတ်ရမယ့်နေရာမှာ သာသနာပိုင်ဆရာတော်အသီးအသီးတို့
ရောက်ရှိနေတဲ့အပြင် မရှေးမနှောင်းဆရာတော်ဦးဗုဓ်လည်းရောက်တယ်။ ဘ
ကြီးတော်မင်းကြီးနဲ့တကွမူမတ်သေနာပတိများ ရံရွေတော်များလည်းအစုံအညီ
ရောက်ကာနေရာယူထားကြတယ်။ အားလုံးစုံညီနေတဲ့အချိန် ပရိတ်ရွတ်ဖို့ ဆရာ
တော်ဦးဗုဓ်က ချောင်းဟန့်တယ်။ အဲဒီအခါ အနားရှိဆရာတော်တစ်ပါးက ̏ နန်း
မတော်ကြီးမရောက်သေးဘူးဘုရား˝ လို့ ခပ်တိုးတိုးလေးနှစ်ကိုယ်ကြားပြောလိုက်
တယ်ဆိုရင်ပဲ .. ဆရာတော်ဦးဗုဓ်က
̏ နန်းတွင်းအန္တရာယ်ကင်းပရိတ်ရွတ်တာမိဘုရားကြီးပါမှအန္တရာယ်ကင်းမှာလား˝
အဲဒီလိုကို ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တယ်။
ဘကြီးတော်မင်းကြီးက ဆရာတော်ဦးဗုဓ်အကြောင်းကိုသိနေလေတော့ ..
̏ ရပါပြီဘုရား ရွတ်တော်မူချီးမြှင့်တော်မူပါဘုရား˝ လို့လျှောက်လိုက်ရတယ်။
ကဲ .. ဗျာ .. ညီတို့ညီမတို့ရေ .. .
တို့များရဲ့ သံဃဥသျှောင်မထေရ်တော်မြတ်တွေဟာ မပြောပလောက်တဲ့ကိစ္စလေး
တွေမှာတောင် လောက၀တ်ကိုမငဲ့ဘူး။ ရှင်းရှင်းပြတ်ပြတ် ပြောကြလုပ်ကြတယ်
ဆိုတာ သမိုင်းတွင်တဲ့ ဥဒါန်းစကားများပဲ။
ဟော .. ဒီနေ့ခေတ်ကတော့ ..
အဲလို ၀ိနည်းဓမ္မရိုသေလေးစားကြတဲ့ မထေရ်ကျော်များရဲ့ သမုတ်တည်ထားကိုး
ကွယ်ခဲ့ကြသော သိမ်တော်တွေကို လွယ်လင့်တကူဖျက်ဖို့ သြ၀ါဒပေးရဲတဲ့ ပေး
ခဲ့တဲ့ (မဟန)ဥက္ကဌကြီးက မင်းတို့ငါတို့မျက်ဝါးထင်ရှားအတွေ့သားပဲမဟုတ်လား
ကြီးလေးတဲ့ သိမ်တော်မြတ်ကို ဖယ်ရှားဖို့အတွက် . ..
(၁)မင်းအစိုးရကို . . ငဲ့ကြတယ် ..
(၂)လောဘသက္ကာယကို . . . .ငဲ့ကြတယ် . . ။
(၃)(မဟန)ဥက္ကဌဆိုတဲ့သေရင်မပါမဲ့ ဂုဏ်ဒြပ်ကြီးကို . . . ငဲ့ကြတယ် . . ။
(၄)နံပါတ်အ၀ါကြီးနဲ့ခန့်ခန့်ကြီးစီးရတဲ့ ဇိမ်ခံကားကြီးကို .. ငဲ့ကြတယ် . .။
(၅) သေတဲ့အခါ မင်းခန်းမင်းနာနဲ့ချရမဲ့ဈာပနကြီးကို .. . ငဲ့ကြတယ် . .။
ဒီလိုမငဲ့သင့်တဲ့ ၀ိနည်းဓမ္မများကို ငဲ့ပြီး .
ငဲ့သင့်တဲ့ အထက်ဘဝဂ်၊ အောက်အဝီစိတိုင်အောင် ပညတ်ထားတဲ့
မြတ်စွာဘုရားရှင်၏ ပညတ်တော်၊ အာဏာတော်ကို ဖျက်စီးလွန်ကျူးတဲ့ အာဏာဝီတိက္ကမန္တရာယ်ဘေးသင့်မည်ကိုတော့ မငဲ့မကြောက်ကြသည်မှာ
အလွန်ပင် ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း . .
ဤဓမ္မဒါနကုသိုလ်ကို လက်ပတောင်းတောင်စောင့်နတ်များအားပေးဝေပါ၏
ဘ၀ကိုကြောခိုင်းထွက်ခွာသွားတော်မူသော ဖခင်ကြီးဆရာစံအားပေးဝေပါ၏
█ ░ အလင်းရှင် ░ █