.

AlinShin

Monday, February 4, 2013

ရွှေတိဂုံမြတ်ဘုရားက ဂေါပကတို့ ခင်ဗျားတို့သမီးပျိုလေးတွေကိုပါ အစမ်းပေးသုံးခိုင်းလိုက်ပါဦးလား။

by အလင်း ရှင် on Friday, 19 October 2012 at 22:43 ·
ဘယ့်နှယ့်ဗျာ။
မပြောလဲမပြောချင်။

မပြောချင်လို့မပြောဘဲနေပြန်တော့ အခုလို ဂေါပကအကောင်တွေ အတွက် အခွင့်အရေးရပြန်တာပေါ့။
ဟို . . . ကျန်ခဲ့ပြီဖြစ်တဲ့ သုံးနှစ်လောက်ဆီက ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ကသိမ်တော်ကြီးမှာ
ဂေါပကတွေ သိမတော်ဘုရားတော်ငွေတွေကိုခိုးလို့ ထောင်ကျကြ တယ်လို့ ကျွန်တော်သတင်းကြားခဲ့ပါတယ်။
ဒါ့ကြောင့် ဒီလို ဂေါပကမဟုတ်တဲ့ (ဂေါန)တွေအကြောင်း ကို သိလည်းမသိချင်ပါဘူး။
ကြာနီကန်ဆရာတော်ဘုရားကြီးပြောသလို (ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေ) ဖြစ်ကြတဲ့ အဲဒီလို ဂေါပကများကို
အထင်လည်းမကြီးမိပါဘူး။ လမ်းမရော အဲလိုဘုရားတွေမှာပါ တိုက်ပုံအင်္ကျီဝတ် အ၀ါရောင်ရင်ထိုးတံဆိပ်လေးတွေတပ်တားတဲ့သူတွေကိုတွေ့ရင်
အ၀ီစိငရဲကိုသတိရမိလို့ ရင်တုန် ပန်းတုန်ဖြစ်ရပါတယ်။
အခုလည်း ပြည်မြန်မာဂျာနယ်မှာ ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသားခရီးသွားများအတွက် wi-fi ကိုသုံး လို့ရပြီတဲ့။
(အဲဒီဂေါနတွေကိုမေးချင်တယ်) ရွှေတိဂုံဘုရားမှာရှိတဲ့ အောက်ခြေမုဒ်ဦးကစလို့၊ ဘုရားကြီးစိန်ဖူးတော်အထိကို မြန်မာနိုင်ငံ သားများရဲ့ ချွေးနှဲစာတွေနဲ့လှူဒါန်းထားတာပါ။
နိုင်ငံခြားသားများရဲ့ သဒ္ဓါယိုဖိတ်ပြီး ဖင်ပူးထောင်း ထောင်ကာကန်တော့ပြီး လှူဒါန်းထားတဲ့ ဒေါ်လာငွေတွေနဲ့ချည်းပဲ မဟုတ်ပါဘူး။ ခေတ် အဆက်ဆက် က ဒီမြန်မာနိုင်ငံဘုရင်တွေ ပြည်သူပြည်သားတွေရဲ့အင်အား လုပ်အားဓန ရွှေငွေများနဲ့သာ ဘုရားကြီး ဟာ ရွှေတောင်ကြီးလိုဖြစ်နေတာပါ။
ဒီလောက်လေးတော့ ဂေါပကတွေသိနားလည်စေချင်ပါတယ်။
ဟို . . . တစ်လောဆီကပဲ အင်တာနက် ထဲမှာရော ဂျာနယ်တွေမှာပါ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရေးသားဖေါ်ပြထားတဲ့ ဓမ္မစေတီခေါင်း လောင်းကြီးကိုပဲကြည့်ပါဦး။
ဒါကို နိုင်ငံခြားသားတွေက  ဒီရွှေတိဂုံဘုရားကြီးပေါ်ကနေ ရက်ရက်စက်စက်တွန်းချ ခိုးယူသွားခဲ့လို့ ရန်ကုန်မြစ်ဝမှာ နစ်မြုတ်ခဲ့ရတာပဲမဟုတ်လား။ ဒီလောက်လေးကိုသိယုံနဲ့ တင် နိုင်ငံခြားသားနဲ့ပြည်သူပြည်သားတွေရဲ့ တန်ဘိုးတွေကို ရွှေတိဂုံဘုရားဂေါပကတွေ နားလည်ဖို့ ကောင်းပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဘုရားခေါင်းတွေဖြတ်/၀ယ်နေတာ ဘယ်သူတွေတုန်း? လို့ ခင်ဗျားတို့ဂေါပကတွေကိုမေးရင် ဖြေတက်ပါ့မလား? နိုင်ငံခြားကအတင်းဈေးကြီးပေးပြီးလိုက်ဝယ်ခိုင်း လို့ပဲမဟုတ်လား? အဲဒီတော့ စည်းပွားရေးပျက်နေတဲ့ ပြည်တွင်းဘာသာခြားတွေက တစ်နိုင်ငံလုံးအနှံ့ ဘုရားခေါင်းတွေလိုက်ဖြတ်ကြတာပေါ့။
စပ်မိလို့ပြောရရင် . . . စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ရွာမှာတည်တဲ့ စေတီတော်ကြီး တည် ပြီးလို့ဘယ်လောက်မှမကြာပါဘူး စိန်ဖူးအခိုးခံလိုက်ရတာပဲမဟုတ်လား။
ဒါတွေကျုပ်ကလိုက်ရှင်းပြနေရတော့ အချိန်လဲကုန်တယ်။ ကျုပ်လည်းပင်ပန်းတယ်။ ခင်ဗျားတို့ဘက် က အခုလိုအပြုသဘောဆောင်ပြီးပြောတာကို မဟာအမှားလို့ထင်ရင် ကျမ်းကိုကျမ်းကားနဲ့ကျုပ်ကို ပြန်လှန်ပြောဆိုနိုင်ပါတယ်။ ဒီထက်ပိုပြီးခင်ဗျားတို့ကို ရှင်းပြနေရရင် ကမ္ဘာစစ်တုန်းကဖြစ်ပျက်ခဲ့တာ တွေကိုပါ ထည့်ပြောပြရတော့မယ်။ အဲဒီအခါကျရင် ကျုပ်ကို နိုင်ငံခြားသားတွေကို မုန်းတီးရေးသမား လို့စွပ်စွဲခေါင်းစဉ်တပ်လိမ့်မယ်။ ကျုပ်တို့မြန်မာပြည်သူလူထုတွေရဲ့ ဘ၀သမိုင်းစာမျက်နှာတွေ ဆင်းရဲ နွမ်းပါးနေကြတာဟာ ကျုပ်တို့ညံ့ဖျင်းနေကြလို့မဟုတ်ဘူး။ ကျုပ်တို့ရဲ့ဘ၀အောင်ညွှန့်အောင် ညှောင့် လေးတွေကို ကိုလိုနီနိုင်ငံခြားသားတွေနဲ့ ယခုခေတ်မျက်မှောက်ရှိစစ်အာဏာရူးယစ်မူးတဲ့ သန်းရွှေတို့ ကြောင့်ပါပဲ။
ကမ္ဘာ့စစ်ဥပဒေမှာ (စစ်ရှုံးသူဟာ အမှား၊ စစ်နိုင်သူသည်သာ အမှန်)ဆိုတဲ့အတိုင်း ကျုပ်တို့မြန်မာပြည် ဟာ စစ်ရှုံးခဲ့ရလို့ ဒီနိုင်ငံခြားသားတွေကြောင့် ကျုပ်တို့ရဲ့အဖိုးတန် ဘာသာရေးသာသနိကတွေ ဆုံးရှုံးသွားခဲ့ရသလို မြန်မာအမျိုးသမီးတွေအပျိုရေပျက်ခဲ့ရတာတွေကို ကျုပ် ဋီကာမချဲ့ချင်ပါဘူး။ ချဲ့ကားပြနေစရာလည်းမလိုပါဘူး စာတက်စာဖတ်တဲ့ မြန်မာပြည်သူပြည်သားတိုင်းသိတယ်။
ဒါပေမယ့်။ အခုခင်ဗျားတို့က ရွှေတိဂုံဘုရားကြီးမှာ နိုင်ငံခြားသားတွေကိုသာ wi-fi ကိုပေးသုံးမယ် ဆိုတော့   ခင်ဗျားတို့ဘက်က ဘယ်လို ဆင်ခြေကောင်းကောင်းတွေပေးလည်း နောက်ကျန်အမှားပါ ပဲ။လိမ်စဉ်ပဲ။ ခင်ဗျားတို့ (မျောက်ပြဆန်တောင်းတဲ့အလုပ်မှာ) ကျုပ်တို့ပြည်သူပြည်သားတွေ ထဲက ကွန်ပျူတာနည်းပညာရှင်တွေကို လုပ်အားဒါနအနေနဲ့ တရားဝင်ခေါ်သုံးမယ်ဆိုရင် ကုသိုလ်တ ရားကို လိုက်စားကြတဲ့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာတွေတင်မတစ်ခြားဘာသာခြားတွေတောင် လာပြီး လုပ်အားဒါနပြုကြမှာပါ။ မယုံရင် ဒီ facebook မှာတင်ပြီးခေါ်ကြည့်ပါ။ မြန်မာနိုင်ငံဟာ အာဏာရှင် ခေါင်းဆောင်တွေကလွဲပြီး ကျန်တဲ့အခြားဘာသာခြားတွေပါ ကုသိုလ်ဆိုတာကို မြတ်နိုးတယ်။ လေးစားတယ်။ ဘာသာတရားကို တကယ်သက်ဝင်ယုံကြတာပါ။
ဒီလိုတန်ဘိုးရှိတဲ့တန်ဘိုးကိုနားလည်တဲ့ ပြည်သူပြည်သားတွေကိုတော့ wi-fi ကိုပေးမသုံးတဲ့အပြင် နိုင်ငံခြားသားတွေအတွက်ကြတော့ အစဉ်ပြေအောင် ကွန်ပျူတာကိုပါ အလကားထားပေးထားတယ် ဆိုတော့ (မောင်ရင် . . . ဂေါပတို့) (ရွှေတိဂုံဘုရားထက်ကြီးတဲ့ . . . ရွှေတိဂုံဘုရားကဂေါပကတို့) အများကြီးလွန်သွားပြီ။ အခုအချိန်မီပြန်ပြင်လိုက်ပါ။ ဘုရားဖျက်၊ကျောင်းဖျက်တဲ့ ငယ်စင်ကာလိုနိုင်ငံ ခြားသားများကို အထူးအခွင့်အရေးမပေးသင့်ပါဘူး။ ကျုပ် ခင်ဗျားတို့ကို facebook ကနေ မေတ္တာရပ် ခံအပ်ပ်ါတယ်။ ပြည်သူတွေရဲ့ ဂုဏ်ကိုမနှိပ်ချပါနဲ့။ လမ်းဘေးကော်ဖီဆိုင်မှာတောင် ရေခဲရေသောက်ပြီး wi-fi ကို free သုံးလို့ရနေတဲ့အချိန်လေးမှာတောင် ခင်ဗျားတို့ ရွှေတိဂုံဘုရားဂေါပကများက တောဆန် နေကြပါနဲ့။ ကျုပ်ပြောတာကိုမယုံရင် Dagon center တို့ Lanmataw center တို့၊ Tokyo Donat  တို့အစရှိတဲ့နေရာတော်တော်များများ wi-fi တွေ free ရနေပါတယ်။
ဒါကိုပဲ ခင်ဗျားတို့ရွှေတိဂုံဘုရားဂေါပကများက (နိုင်ငံခြားသားများကို အစမ်းပေးသုံးရတယ်လို့) ဆို တော့က ကျုပ်ကို မိုက်ရိုင်းတယ်လို့မထင်ပါနဲ့ (ခင်ဗျားတို့သမီးပျိုလေးတွေကိုပါအစမ်းပေးသုံးခိုင်း လိုက်ပါဦးလား။) အခုလိုပြောလိုက်တော့ နှုတ်အာကြမ်းတဲ့သူရယ်လို့ အပြစ်တင်မစောကြပါနဲ့။ ကျုပ် တို့ပြည်သူလူထုဟာ ရာထူးအာဏာလုပ်ပိုင်ခွင့်ရှိနေကြတဲ့သူတွေမတရားလုပ်တာကိုသိရင်သူတို့ကို အမှုဆင်ပြီးထောင်ချလို့မရဘူး။ မွတ်ဆလင်နိုင်ငံတွေမှာလို မိုင်းတွေပေါတယ်ဆိုရင် သေချာပါတယ် ကျုပ်တို့အခုလိုမျိုးမတရားလုပ်နေကြတဲ့ ရွှေတိဂုံဘုရားဂေါပများနဲ့ အခြားသောအဖွဲ့အစည်းတွေကို ဆဲမနေဘူးဗျို့ ။ မိုင်းစာကျွေးလိုက်မယ်။ ဟိုမှာမတွေ့ဘူးလား။ စက်တင်ဘာတုန်းက ရဟန်းသံဃာ များကို အာဏာရူးသန်းရွှေတို့အဖွဲ့က ဂန်းစာကျွေးလိုက်တာ ဘုန်းကြီးတွေတနင့်တပိုးနဲ့စားသွားရှာ တယ်ပဲမဟုတ်လား။ ကျုပ်တို့မှာလည်း အဲလိုလက်နက်တွေရှိရင် ဘုရားဘဏ္ဍာတော်တွေကို မတော်မတရားစားနေကြတဲ့ ဂေါပတွေ၊ဘုရားထက်ကြီးတဲ့ဘုရားလူကြီးတွေ . . . .အာဏာရူးတွေ. .  ပြည်သူပိုင်ပစ္စည်းတွေကို အာဏာရူးတွေနဲ့ပေါင်းပြီး လုပ်စားနေကြတဲ့ ခရိုနီတေဇ၊ခရိုနီခင်ရွှေ၊ခရိုနီ ဋ္ဌေးမြင့်အစရှိတဲ့ နာမည်ပျက်သမားများကို မိုင်းစာကျွေးပစ်မယ်။ ကျုပ်ကိုယ်တိုင် မြန်မာနိုင်ငံတစ်မျိုး သားလုံးအတွက် အသေခံပြီး (ဇီဝိတတပ်ပေါင်းစု) အဖွဲ့ဖွဲ့ပြီးတိုက်မယ်။
အေး . . .  အခုတော့၊ ကျုပ်တို့မှာ (လောက်လေးခွ)တောင်ကိုင်ရင် ၁၉/င ပုဒ်မနဲ့ဖမ်းနေလို့၊ ကျုပ်တို့ လက်ထဲမှာ လက်နက်ကလည်းမရှိတော့ မိုက်လုံးကြီးနေကြတဲ့ အာဏာရူးသန်းရွှေနဲ့တကွအပေါင်းအ ပါတွေ မျက်နှာသစ်ခွင့်ရနေကြတာပေါ။
ကျုပ်တို့ပြည်သူတွေမှာလည်း ဒူးနဲ့မျက်ရည်သုတ်နေကြရတော့တာပေါ့။  ဒါ့ကြောင့် ရွှေတိဂုံဘုရား ဂေါပကနဲ့ဆွေမျိုးတော်စပ်သူတွေကိုလည်း ရှေ့မျက်နှာနောက်ထားပြီးပြောပါရစေ . . .  ကျုပ်နဲ့အတူ ကျုပ်တို့ပြည်သူလူထုတွေကို အခွင့်အရေးမပေးဘဲ နိုင်ငံခြားသားများကိုသာအခွင့်အရေးပေးတဲ့ ရွှေတိ ဂုံဘုရားဂေါပကများကို ဆန့်ကျင့်ကြပါ။ ရှုတ်ချကြပါ။ ဒီကောင်တွေရဲ့ ဒီကောင်တွေအိပ်နေရင် ဗိုက် ကိုကျော်မသွားမိစေနဲ့ ခင်ဗျားတို့ငရဲကြီးလိမ့်မယ်။ သူတို့ဗိုက်ထဲမှာ ရွှေတိဂုံဘုရားကြီးရဲ့ဘဏ္ဍာတော် တွေရှိတယ်။ ကောင်းတဲ့သူတော်ကောင်း ဂေါပကများတော့ ကန်တော့ပါတယ်။ ငါးခုံးမတစ်ကောင် ကြောင့် တစ်လှေလုံးပုတ်တက်တဲ့အတွက်ကျုပ်ကိုအပြစ်မတင်ကြပါနဲ့။ ဒါ့ကြောင့် ဒီကောင်တွေကို ကျုပ်နဲ့အတူအခုလိုကျွေးကြော်ကြပါ။
မြန်မာပြည်သည် . . .  တို့ပြည်ပါ ။
ရွှေတိဂုံဘုရားကြီးသည် . . . တို့ပြည်သူတွေရဲ့ ချွေးနှဲစာတွေရဲ့သင်္ကကေတပါ။
ဒါ့ကြောင့် တိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေအောက် မထားပါနဲ့။
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒို့ ပြည်သူတွေကိုမနှိမ်ပါနဲ့။ ခင်ဗျားတို့ကိုယ်တိုင်ကလည်း မြန်မာပြည် သူပြည်သားတွေပါပဲ။
ဒါ့ကြောင့် ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသားတွေသာမက ဘယ်သူမဆို ကိုယ့် computer နဲ့ ကိုယ့် tablet နဲ့သုံးခွင့်ပေးပါရန်
facebook ဆိုတဲ့ မေတ္တာရင်ပြင်လွှာကနေ တစ်ဆင့် အသိပေးလိုက်ပါတယ်။

ဒီစာဖတ်သူများမှလည်း ထပ်ဆင့်အသိပေးဝေငှကုသိုလ်ပြုပေးပါရန် AungMinKhoung မှ တောင်းပန် ပါရစေ။
နိုင်ငံခြားသားတွေ ခိုးယူခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းအကြောင်းကိုပါ ကူးထည့်ပေးလိုက်ပါတယ်။ မြန်မာယဉ်ကျေးမှု့တွေကို နိုင်ငံခြားသားတွေက တန်ဘိုးထားခဲ့တာလား ကြေးတွေကိုအရည်ကျိုလက်နက်လုပ်ခဲ့တာကို ရွှေတိဂုံဘုရားကဂေါပကအမည်ခံ ဂေါနနွားများကိုသတိသံဝေဃရစေချင်လို့ပါပဲခင်ဗျာ။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရသည်
 ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊   သံဃရာဇာဆရာတို့ဖြစ်ကာ   လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု   ပြောကြားခဲ့ သည်။
၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။မှန်လျှင်သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောကညဏပဏ္ဍိတ်အမတ်အား  `ရာဇပရောဟိတ´ဘွဲ့တော်ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။

ခေါင်းလောင်းတော်ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန်ပိဿ (၁၈၀၀၀၀)(တန်ချိန် ၂၉၀)ရှိကာ ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့  တင်လှူပူဇော်ခဲ့သည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏   ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။
ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြားစွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား   ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး  နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော   နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။
(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။

၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊   အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
        ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။

အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး   ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။
နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။
အဲလိုသမိုင်းဝင်တွေကို ဖျက်ဆီးနေတဲ့နိုင်ငံခြားသားတွေကိုတော့ ၀ိုင်ဖိုင်အလားကားပေးသုံးတယ်။
တို့ပြည်သူတွေကြတော့ . . . . တော်တော် စောက်သုံးမကြတဲ့ ရွှေတိဂုံဘုရားကဂေါပကတွေ လုပ်
တော့ ဘာသာရေးခေါင်းဆောင်အလုပ် တကယ်သရုပ်ဆောင်ပြနေတာက လူ့ငနွားလောက်တောင်
အတွေ့အခေါ်မရှိဘူး။ တော်ပါပြီးပြောလဲ ငပြောပါပဲ မှတ်တမ်းအရရေးသိမ်းလိုက်တာပါ။

By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget