ကဗျာတွေ စာတွေတွေ့လိုက်တာနဲ့ လောဘမျက်လုံးနဲ့ကြည့်
တဲ့သူတွေရှိသလို ဒေါသမျက်လုံးနဲလည်းကြည့်ကြတဲ့သူတွေ
ရှိတယ်။ ဒါက ဖေ့ဘွတ်ပေါ်တင်ပြောတာမဟုတ်ဘူးကွ။ အပြင်
လောကစာပေနယ်မှာရောပြောတာ။ ဥပမာကွာ အလင်းရှင်
ဘယ်ဂျာနယ်မှမှ မပါခင်တုန်းက အယ်ဒီတာတွေ လက်ရွံ့တယ်
ဒေါဒေါသနဲ့ကြည့်တာ။ ဟော ဂျာနယ်တစ်ခုမှာ ကလောင်တစ်ခုနဲ့
ပင်တိုင်ရေးနေတယ် လည်းဆိုရော သူတို့တိုက်ကိုလည်း
စာမူပေးပါထည့်မယ်လေ ဆိုတဲ့လေသံတွေဖြစ်သွားတယ် ဒါ
လောဘနဲ့ကြည့်တာ။ အဲလိုမျိုးမဖြစ်ရဘူး။ စာမူကောင်းရင်
သုံးရမယ် မကောင်းရင် မသုံးနဲ့ နောက်ဆုံးကုန်ကုန်ပြောလိုက်မယ်
ချီးကုန်းပစ်လိုက်ပေါ့ကွာ။
ကဲ . . ဒီတော့က ဖေ့ဘွတ်ပေါ်မှာလည်း အလင်းရှင်ေ၇းတယ်ဆို
ပြီး ဒါငါတို့ ဆရာတော်ကွဆိုပြီး Like ရမ်းမလုပ်နဲ့ ဖတ်ကြည့်
ဒီဆောင်းပါဟာ ကဗျာဟာ ဘယ်သူ့ကို ကိုယ်စားပြုပြီးရေးတာ
လည်းဆိုတာ စီစစ်ရမယ်။ ဝေဖန်ရမယ်။ ပြီးမှ လောကအကျိုး
ဓမ္မအကျိုးအတွက်ဆိုရင် ရဲရဲကြီးသာ Like ပစ်ကြ။ Tag တွေ
လုပ်ပစ်ကြ။ နောက်ဆုံးလုပ်လွန်းအားကြီးတော့ ဖေ့ဘွတ်ကနေ
No Permissions ဆိုပြီး Box တစ်ခုတက်လာတဲ့အပြင် မင်းကို
Tag လုပ်ခွင့် (၁၄)ရက်ပိတ်လိုက်ပြီအထိ ဖြစ်သွားရော။
အေးပြောချင်တာ ဒါပဲကွ။ အာဏာရှင်အတွက်ရေးတဲ့ဆောင်းပါး
လားဓာတ်ပုံလား ခရိုနီ
အတွက်ရေးတဲ့ဆောင်းပါးလား ဓာတ်ပုံလား မွတ်ဒေါင်းတွေ
တင်နေတာလား ဒါတွေကို စီစစ်ဝေဖန်ပြီးမှ Like လုပ်ကြပါ။
နောက် Comment ရေးတာပြောမယ်။ ရမ်းမရေးနဲ့ကွစာကို
သေချာအနက်လှန်ကြည့်တက်ရတယ်။
ဥပမာငါစာတစ်ကြောင်းစီပြမယ်။ “ထမင်းစားပြီးသော်လည်း”
ဒါကိုဒီစာကြောင်းကို သေချာစီစစ်ပြီးမှဝေဖန်ရမယ်။ ထမင်း
စားပြီးသော်လည်းဆိုကတည်းက “သော်လည်း” ဆိုတာ
သံသယတ္ထဇောတကနိပါတ်ပုဒ် လို့ခေါ်တယ်။ ထမ်းစား တာကို
သံသယဖြစ်နေတယ်။ ဒါ့ကြောင့် Comment ဝေဖန်ရေးသူဟာ
တိုက်ရိုက် ထမင်းစားတာကို စောင်းပေးပြီးရေးလို့ဝေဖန်လို့မရဘူး
သဘောပေါက်လား။ ဒါ့ကြောင့်စာကြောင်းရဲ့ရှေ့နောက်ကိုစကား
ဆက်ဆက်မှုကိုပါလေ့လာရတယ်။ အခုမင်းတို့ဖြစ်နေပုံတွေက
ဘဦးရေကူးနေသည်လောက်တက်ရုံနဲ့ Comment ပေါက်ကရ
တွေရေးနေတော့ ငါတို့စာရေးရတာလက်ပျက်တယ်ကွာ။
အခုငါပြောတာ အတ္တနောမတိမဟုတ်ဘူးနော် ငါကိုယ်တိုင်
ပိဋကတ်စာပေသင်ကြားရင်း ဒီလိုရေးရတယ်ဒီလိုမှတ်ရတယ်
ဆိုတာကို ပါဠိပါရဂူကြီးများရဲ့ Noet တွေကနေထုတ်ပြောနေတာ။
အခုမင်းတို့ဖြစ်ပုံတွေက သဒ္ဒါအတ္ထဗေဒကို ဖင်မှန်းခေါင်းမှန်း
မသိဘဲ ငါ့ရဲ့ပိုစ့်အောက်တွေမှာ သောက်အဆင့်မရှိတဲ့ comment
တွေနဲ့ဆရာကြီးအထာလာလုပ်နေတာတွေ ကိုယ့်ကိုယ်ရှက်တက်
ဖို့ကောင်းတယ်။ ရှက်တက်ရင် စာတက်အောင်သင်ကြပါ။ ပြီးမှ
comment ရေးပါ။ အခုငါ့အောက်မှ ငါ့ကိုဆန့်ကျင်ဘက်ရေးနေတဲ့
ကောင်တွေရဲ့ Comment အဆင့်က တို့ဘုန်းကြီးကျောင်းက သင်
ပုန်းကြီးတက်နေတဲ့ ကျောင်းသားကိုရင်လေးရဲ့ပိုစ့်တွေအောက်မှာ
ရေးရမယ့်အဆင့်ကွ။ အဲလိုလေးနားလည်ပြီးမှရေးကြ သိလား။
အလင်းရှင်
— with Kula Rakkhita and 18 others. တဲ့သူတွေရှိသလို ဒေါသမျက်လုံးနဲလည်းကြည့်ကြတဲ့သူတွေ