သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့
Friday, February 14, 2014
-
-
(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
-
သပိတ်စခန်းကို စီးနင်းရာတွင် အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။
“ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။
ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖယ်ရှားတာပါ။ ဒီရပ်ကွက်က လူတွေကလည်း သပိတ်စခန်းကလူတွေကို ရိုက်မယ်လုပ်နေလို့ ကျနော်တို့က လုံခြုံရေးအရ ကူညီပေးတာပါ”
- “ဒီမိုကရေစီထက် ကိုယ့်လယ်ပဲ ကိုယ်ပြန်လိုချင်တယ်”
- http://blog.irrawaddy.org/2014/02/blog-post_3480.html
သီတဂူဆရာတော်ကြီး၏ သီတဂူရွှေဥရာစုသစ်စက္ကုဒါနဆေးရုံဖွှင့်ပွဲ အခန်းအနားသို့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း လာရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည့် အစီအစဉ် မတိုင်ခင် သပိတ်စခန်း ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်စခန်းတွင် ပါဝင်ဆန္ဒပြခဲ့သူ ၄ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရေးယူခံရပုံကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2014/02/blog-post_3480.html တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ထူးခြားမှုမရှိတဲ့အတွက် သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ ဆန္ဒပြ တောင်းဆိုသွားမယ် ဟု သပိတ်စခန်းဖွင့်သူတို့က ပြောခဲ့သည်။