ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။ သို့သော်လည်း မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့သူမဖြစ်ရ အောင် ယနေ့ကမ္ဘာမှာထင်ရှားနေတဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာများကိုပါအတွင်းကျကျ လေ့လာခဲ့ပါတယ်။ ကျွန်တော် sumday schoo မှာ ကိုယ်တိုင်ဂစ်တာတီးပြီး ဓမ္မတေးများကိုသီဆိုခဲ့ပါ တယ်။ ခရစ်စမတ်ညဟာ စ်တာတီးရလွန်းလို့လက်တွေညောင်းတဲ့အပြင် ခြေထောက်တွေပါ မသယ် နိုင်အောင်ဖြစ်ရဲတဲ့ အမှတ်တရအပျှော်ဆုံးနေ့တွေပါ။
သေချာတာကတော့ ကျွန်တော့အမေနဲ့အဖေဟာ
ခရစ်ယာန်ဘာသာဝင်များမဟုတ်ကြလို့ပါ ဟုတ်ခဲ့ မယ် ဆိုရင် အခုအချိန်မှာ ကျွန်တော်ဟာခရစ်ဘာသာရေးဘုန်းေ တ်ာကြီးတစ်ပါးဖြစ်နေလောက်ပါပြီ။ူ
ခရစ္စမတ်ရက်တွေမှာ အနမ်းချိုချိုလေးတွေပေးခဲ့တဲ့ ကျွန်တော့ချစ်သူအပြင် ကျွန်တော့်ကို
ကူပျှော်ပေး ခဲ့တဲ့ (သို့) ကျွန်တော်ကိုပျှော်ရွှင်မှုရေချိုတွေ ချိုးသောက်ခွင့်ပေးခဲ့တဲ့
ကျွန်တော့်သူငယ်ချင်းခရစ်ယာန် ဘာသာဝင်များကိုလည်း အခုတိုင်မမေးနိုင်သေးကြောင်း ဒီပိုစ့်လေးကနေ
မေတ္တာစာလွှာညွှန်းခွင့်ပြုပါ။
ဒါ့အပြင် မွတ်ဆလင်ဘာရေးဆိုင်ရာများကို
သွန်သင်ပြခဲ့တဲ့ ကျွန်တော့်ရဲ့အတန်းဖေါ်သူငယ်ချင်း မောင် ၀င်းလှိုင်ကိုလဲ ယခုဝေမျှသက်သေခံလျှက်ရှိသော
အလ္လာအရှင်မြတ်ရဲ့ ဘာသာပြန်ကျမ်းများနဲ့ သတိရကြောင်း မတွေ့ဖြစ်ပေမယ့် ကျွန်တော့်ရင်ထဲမှာ
တစ်သက်တာမေ့လို့ရမှာမဟုတ်ကြောင်း ရင်ဖွင့်ပါရစေ။
ကျွန်တော်ဟာ အဲဒီလို ယခုတိုင်အချိန်ရရင်ရသလို
ကမ္ဘာပေါ်မှာပေါ်ပေါက်ခဲ့တဲ့ ထူးခြားဖြစ်စဉ်များကို အတွင်းကျကျလေ့လာဖြစ်ခဲ့ပါတယ်။ အများသိကြတဲ့
ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဆင်းသွားရင် ရောက်နိုင်တဲ့ မွတ်ဆလင်ဘာသာကိုသက်ဝင်ယုံကြည်သူဖြစ်ပြီး
အိန္ဒိယနိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ သော စပါးသျှား ဘုရင်ကြီးရဲ့ အုတ်ဂူကို မွတ်ဆလင်ဘာသာဝင်
သူငယ်ချင်းကိုမင်းမင်းနဲ့အတူ သွား ရောက်ဂါရ၀ပြုဆုတောင်းပေးခဲ့ဖူးပါတယ်။
ကျွန်တော်ဟာ ဘာသာရေးအစွန်းရောက်သူမဟုတ်ဘဲ
. . . မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူး ပြောင်းကာ မြတ်သောရဟန်းဘ၀ဖြင့် ပျံလွန်တော်မူသွားခဲ့သော
ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာပါ မောက္ခဆရာဦးဆန်းလွင် ရေးသားတဲ့ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ
လူတစ် ယောက်အကြောင်း စာအုပ်ပါအတိုင်း open mine စိတ်ဓာတ်နဲ့ ဘာသာရေး/လူမှုရေး/နိုင်ငံရေး/စီးပွား
ရေးတွေကို အစဉ်တစ်စိုက်အားစိုက်ထည့်ကာ လေ့လာခဲ့သူပါ။
ဟုတ်မဟုတ်ကိုလည်း ယခု ဓာတ်ပုံပါဖြစ်သော
မွတ်ဆလင်ဘာသာကျမ်းစာအုပ်များ ကသက်သေခံ လျှက်ပါ။ ဒါ့ကြောင့် ကျွန်တော့ပိုစ့်တွေမှာ ဘာသာရေးအရ
မည်သည့်ဘာသာကိုမှ စော်ကားကျူး ကျော်တာမျိုးမရှိပါဘူး။ သို့သော်လည်း ယခု ၂၀၁၂ ခုနှစ်မှာ
မြန်မာနိုင်ငံတွင် အီဒ်းနေ့အထိမ်းအမှတ်ပွဲ မဖြစ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအ၀ှမ်းလုံးမှာရှိတဲ့နွားအချို့လည်မျိုလှီးအသတ်ခံရတဲ့ ဆင်းရဲဒုက္ခက လွတ်မြောက်ခဲ့ကြတဲ့အတွက် ထိုထိုသောနွားများအတွက်ဝမ်းမြောက်မိကြောင်းကိုတော့
ပိုစ့်တင်ဖူးပါ တယ်။
ဒါကလည်း ဘာသာရေးအရစော်ကားတာမျိုးမဟုတ်ဘဲ
တရိစ္ဆာန်များအားသနားကျင်နာကရုဏာထား သောအမှုမျိုးသာဖြစ်ပါတယ်ဆိုတာ အခုပိုစ့်လေးက သက်သေပြလိုက်တာပဲမဟုတ်ပါလားခင်ဗျာ။
ယခု ကျမ်းစာအုပ်များကို မွတ်ဆင်ဘာသာဝင်ဘာသာဝင်များ ဖတ်ရှု့လိုပါက ကျွန်တော့မေးကိုပို့လိုက်
ပါ၊ ကျွန်တော်ပေးပို့လိုက်ပါ့မယ်။
ကျေးဇူးတင်ပါတယ်။
မြန်မာ့မွတ်ဆင်လူမျိုးများအတွက်
ဓမ္မဒါနပြုပါသည်။