တစ်ယောက်တည်း ကျင့်ခြင်းသည်မြတ်၏ ။ ဆင်မင်းသည် တောထဲ၌ တစ်ကောင်တည်း
ကြောင်း ကြမဲ့ လှည့်လည်သကဲ့သို့ ရဟန်းသည် တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏။↔(ဓမ္မပဒ-၃၃၀)
မြတ်ဗုဒ္ဓတွေကိုယုံကြည်တယ်ဆိုရင် လက်အုပ်ချီမိုးရှိခိုးနေယုံနဲ့မလုံလောက်ပါဘူး။
ဖြစ်နိုင်မယ် ဆို ရင်မြတ်ဗုဒ္ဓကို ဖွားမြင်တော်မူရာ၊ တရားကျင့်တော်မူရာ၊ ဘုရားဖြစ်ပြီးနောက်
တရားဓမ္မစက်ဟောကြား ကျင်လည် တော်မူရာနဲ့ နောက်ဆုံးခရီးစဉ်ဖြစ်သော ခန္ဓာစွန့်တော်ရာ ဗုဒ္ဓသက်တည်တစ်လျှောက်
ကျင်လည်ရာမှ နောက်ဆုံး မျက်ကွယ်ပြုသည့်ဌာနအသီးသီးကို အချိန်ယူသွားလာပြီးနောက် ထိုဒေသ
လက်သုံးစကားတွေကိုပါရောနှောလေ့ လာရင်း သင်္ဂါယနာတင်ပါဠိတော်များနဲ့နှိုင်းချိန်ယှဉ်စက်ကာ
အထူးလေ့လာသင့်ပါတယ်။ အဲဒီကာလအတွင်း ဗုဒ္ဓပြောဆိုခဲ့တဲ့စကားတွေပါပဲ။ ဒီနေ့ခေတ်လို moving
မှတ်တမ်းတွေမရှိလေတော့ အခုပြောခဲ့သလိုလေ့လာရုံမှတစ်ပါး အခြားမရှိလေတော့ ခေတ်အဆက် ဆက်က
သုတေသနပြုလေ့လာခဲ့ကြသော မှတ်တမ်းများကိုလည်း တူးတူးခါးခါးပစ်ပယ်၍မသင့်ပေ။
ကိုယ်မရောက်ဘူးသော၊ ရောက်ဖူးခဲ့ပြီးပြီဖြစ်သော်လည်း
နှစ်ထမ်းကြာမြင့်နေေ သာအခါ၌လည်း ကောင်း၊ မကြားဘူးသော၊ ကြာဖူးခဲ့ပြီးပြီဖြစ်သော်လည်း
နှစ်ထမ်းကြာမြင့်နေသောအခါ၌လည်းကောင်း . .
ဒီအတွက်ကြောင့် မြတ်ဗုဒ္ဓအား ဘာသာခြားလူမျိုးခြားနိုင်ငံခြားရှိ
ကမ္ဘာကျော်ပညာရှိကြီးများရဲ့ ထုတ်ဖေါ်ပြောကြားချက်များကို
အခုလိုဆက်စပ်လေ့လာသင့်ပါတယ်။ ဒီကနေ့ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓနဲ့ဗုဒ္ဓရဲ့ စကားလုံးတွေကိုဖတ်ကြည့်လိုက်ရင်
ဗုဒ္ဓရဲ့နေထိုင်ပြုမူဆက်ဆံပုံတွေကို သိသာထင်ရှားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ဗုဒ္ဓဟာ ဘုရားမဖြစ်ခင်က သာမန်သူလိုကိုယ်လိုလူတစ်ယောက်မဟုတ်ခဲ့ပါဘူး။
လူများစွာကို အုပ်ချုပ် နေတဲ့ ရာထူးအာဏာရှိသူရဲ့ တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာကိုက
ထူးခြားနေပါတယ်။ နောက် သူ့ကိုကာမဂုဏ်ခေါ် လူသားတွေစိတ်ထင်တိုင်းထကြွသောင်းကြမ်းနိုင်လောက်တဲ့
အခွင့်အရေး မျိုးစုံကလဲ ပြည့်စုံစွာရှိနေပါတယ်ဆိုတာကလည်း ပါဠိတော်မှာရှိပြီးသားပါ။
ဒီပါဠိတော်ရဲ့မူလအစကိုလည်း ကျော်ခွသွားလို့မရပါဘူး
ကျော်မိရင် ကိုယ်နားလည်ထားတဲ့ ပါဠိ စကားလုံးအတွက် အတ္တစွန်းငြိမငြိဆိုတာကို ခိုင်ခိုင်ခံ့ခံ့မသိနိုင်လိုပါပဲ။
ဒါကြောင့် ဆန်ကောင်းစားချင်ရင် ဦးစွာပထ မ ဆန်တွေရဲ့အကြောင်းကိုသိဖို့ ဆန်ထွက်ရာနေရာဒေသထဲကမှ
ဆန်ကောင်းတွေ မြောက်များ စွာထွက်တဲ့ နယ်မြေ ကို သိအောင်အရင်လုပ်ရပြီးအဲဒီကိုသွားရောက်လေ့လာရပါလိမ့်မယ်။
ဆန်အမျိုး အမည်များစွာထဲကမှ အကောင်း ဆုံးဆန်ရဲ့အမည်နဲ့ ဘာ့ကြောင့်သူကဆန်ကောင်းဖြစ်ရတာလဲ?
ဆိုတာ ကိုသိပါမှ ကိုယ်တိုင်ကျွမ်းကျင်လိမ်မာသူ ဖြစ်ပြီး အဓိပ္ပါယ်ရှိမှာပေါ့။
ဒီလိုပါပဲ ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒကိုလေ့လာလိုသူဟာ
(၀ါ) ဗုဒ္ဓ၀ါဒကိုထဲထဲဝင်ဝင်ခိုင်ခိုင်ခံ့ခံ့သိနားလည်ချင်သူ ဟာ ဗုဒ္ဓမွေးဖွားရာဒေသတွေကို
သွားရမှာဖြစ်သလို အဲဒီခေတ်ကာလက ဓလေ့စကားအယူဝါဒများကိုလည်း သိထားပါမှ ရှု့ထောင့်ပေါင်းစုံက
တွေးမိမေးမိကြသော စကားလုံးများကို စစ်စစ်မှန်မှန်ကောက် ချက်ချ နိုင်ပါလိမ့်မယ် သို့သော်လည်းပဲ
ဗုဒ္ဓကိုယ်တော်တိုင်က ကေသမုတ္တိသုတ်မှာ ယုံကြည်မှုမယုံကြည်မှုကို ဟောထားတာကို ဖတ်ရှု့သိရှိပြီးသူအနေဖြင့်
အမှားအမှန်အကြောင်းအကျိုးကို ဆင်ခြင်သုံး သပ်နိုင် ပါတယ်။
မှတ်ချက် ပ၊ဒု၊တ၊ သင်္ဂါယနာသုံးကြိမ်သည်
အိန္ဒိယပြည်မှာ ပြုလုပ်ခဲ့ပြီး နှုတ်တိုက်ရွတ်ဆိုရတဲ့ သင်္ဂါယနာသာဖြစ်ပါတယ်။ သီဟိုဠ်ကျွန်းသို့ သာသနာပြုအလှည့်ကြသူမှာ
အသောကမင်းရဲ့သားတော် မဟိန္ဒဖြစ်တယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ပိဋကတ်ကို
လေ့လာရင် ပါဠိတော်၊နဲ့ အဲဒီပါဠိတော်ကို ကိုးကား
ချဲ့သွင်းရေးထားတဲ့ အဋ္ဌကထာဆိုတာရယ် အဋ္ဌကထာကိုပဲ ပြန်ဖွင့်ဆိုတဲ့ ဋီကာတို့ ယင်းဋီကာကို
ပြန်ဖွင့်ဆိုပြတဲ့ အနုဋီကာတို့ဆိုတာတွေကိုလည်း ဆက်စပ်လေ့လာရမှာဖြစ်ပါတယ်။ ဒီလိုလေ့လာရာမှာ
မူလဘူတဖြစ်တဲ့ ပါဠိတော်ရဲ့အစအနကိုပင်အထူးဂရုပြုရမှာဖြစ်ပါတယ်။
အဲဒီတော့ ဗုဒ္ဓဟာ သူ့ခေတ်သူအခါမှာတော့
အလွန်ချမ်းသာကြွယ်စွာနဲ့ ကာမဂုဏ်စည်းစိမ်ကိုခံစား ခဲ့ရတဲ့သူဖြစ်သော်လည်း ဘုရားအဖြစ်ကိုရောက်ဖို့
ကျင့်ရတဲ့အခါ ပင်ပန်းဆင်းရဲခံရပုံတွေ၊ ဇွဲနပဲနဲ့ကျင့်လို့ ဘုရားဖြစ် ပြန်တော့လည်း တပည့်သာဝကတွေအတွက်
နေ့မနားညမအား ကြိုးစားဟောကြား ခဲ့ရတယ်ဆိုတာကလည်း ပါဠိတော်စာပေမှာ ထင်ရှားနေပါတယ်။ သို့သော်လည်း
ဒီလိုဒီပုံဖြစ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ ပါဠိ စာပေမှာ တစ်ဆက်တစ်သားတည်းမတွေ့ရပဲ
အနည်းငယ်လောက်သာ သိသာရုံလေးတင် . . . .
မဇ္ဈိမနိကာယ်၊ပရိယေသနသုတ်၊မဟာသစ္စကသုတ်
တို့မှာ ဘုရားအလောင်းတော်ဘ၀ တောထွက် ပုံတရားကျင့်ပုံနှင့် ဘုရားအဖြစ်ရောက်ရှိခဲ့ပုံတို့ကိုလည်းကောင်း။
ဝိနည်းပိဋကတ်၊မဟာဝဂ္ဂမှာဆိုရင် ဘုရားဖြစ် သည်ကနေ အရှင်သာရိပုတ္တရာနဲ့အရှင်မဟာမေဂ္ဂလာန်တို့
ဘုရားထံရဟန်းပြုတဲ့ အထိကို တွေ့ရမှာဖြစ်သလို ဘုရားရှင်ရဲ့နောက်ဆုံးဖြစ်စဉ်ဖြစ်တဲ့ ပရိနိဗ္ဗာန်ပြုပုံတွေကိုကြတော့
ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်မှာဖေါ်ပြထားပါ တယ်။
မဇ္ဈိမနိကာယ်၊
မာဂဏ္ဍိယသုတ် မှာ
“အို . . . မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်းသောပြာသာဒ်တို့၌ တီးမှုတ်မျိုးစုံတို့ဖြင့်
တင့်တယ်စွာခံ စားစံစားလျက် နေခဲ့၏↔
အင်္ဂုတ္တရနိကာယ်၊တိကနိပါတ်၊သုခုမာလသုတ်
မှာ
“ရဟန်းတို့ . . . ငါသည်၊ ချမ်းသာစွာ။ နူးညံ့သိမ်မွေ့စွာနေရ၏ မိုးလေးလပတ်လုံး
ပြသာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။↔
ဒီပါဠိတော်အရ မြတ်ဗုဒ္ဓဟာ ဘုရားမဖြစ်မီ
ပင်ပန်းဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခ၊စေတသိကဒုက္ခ တွေမခံစားရဘူးဆိုတာပေါ်လွင်နေပါတယ်။ အဲလို
လူ့ဘောင်လူ့လောကမှာ ထီးနန်းစည်းစိမ် တွေကိုခံစား နေရတဲ့ အခိုက် အများနဲ့မတူတဲ့ စဉ်းစားမှုတစ်ခုကို
အမြဲလိုလိုတွေးတောရင်း သူ့ရဲဘ၀ကို ကာမနွံထဲကနေ ရုန်းထွက်ခဲ့ပါ တယ်ဆိုတဲ့အကြောင်းကို
အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သုခမာလသုတ်မှာပဲ
“ရဟန်းတို့ . . . . ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏။ မသိနားမ
လည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရဦးမည်ဖြစ်ပါလျက် သူအို တစ်ဦးကိုမြင်လျှင်
စိတ်မ သက်သာ စက်ဆုပ်ရွံရှာခြင်းဖြစ်တက်၏။ ငါသည်
ဤသို့ဖြစ်ရန် မသင့်လျော်ပါတကား။ ဤသို့တွေးရင်း ငါ၏ ပျိုမျစ်သောအရွယ်၌ တက်ကြွနေသော စိတ်သည်
ကျဆင်းကွယ်ပျောက်ခဲ့၏။
မဇ္ဈိမနိကာယ်၊
အရိယပရိယေသနသုတ် မှာ
“ရဟန်းတို့ . . . ငါသည်၊ ဘုရားအဖြစ်သို့မရောက်မီ ဤသို့သောအကြံဖြစ်၏
ချမ်းသာစွာ။ နူးညံ့သိမ်မွေ့စွာနေရ၏ မိုးလေးလပတ်လုံး ပြသာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။↔
အဲဒီတော့ ဗုဒ္ဓဟာ သူ့ခေတ်သူအခါမှာတော့
အလွန်ချမ်းသာကြွယ်စွာနဲ့ ကာမဂုဏ်စည်းစိမ်ကိုခံစား ခဲ့ရတဲ့သူဖြစ်သော်လည်း ဘုရားအဖြစ်ကိုရောက်ဖို့
ကျင့်ရတဲ့အခါ ပင်ပန်းဆင်းရဲခံရပုံတွေ၊ ဇွဲနပဲနဲ့ကျင့်လို့ ဘုရားဖြစ် ပြန်တော့လည်း တပည့်သာဝကတွေအတွက်
နေ့မနားညမအား ကြိုးစားဟောကြား ခဲ့ရတယ်ဆိုတာကလည်း ပါဠိတော်စာပေမှာ ထင်ရှားနေပါတယ်။ သို့သော်လည်း
ဒီလိုဒီပုံဖြစ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ ပါဠိ စာပေမှာ တစ်ဆက်တစ်သားတည်းမတွေ့ရပဲ
အနည်းငယ်လောက်သာ သိသာရုံလေးတင်တွေ့ရသော်လည်း တကယ့်ကိုလေးစားလိုက်နာသင့်ကြည်ညိုသင့်ပါတယ်။
မင်းစည်းစိမ်နဲ့ မိန်းမခြင်ထောင်ထဲကနေ
ထွက်လာတယ်ဆိုကတည်းကိုက ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ဟာ အတော်ကို ချီးမွန်းဖွယ်ရာပါ။ အဲ သို့သော်လည်း
ဒီနေ့ခေတ်မှာတော့ ရဟန်းတော်ဆိုသူတွေဟာ တရားပွဲတွေရဲ့အခြံအရံမှာ ငွေတွေကိုအလှူခံယူနေတာပါပဲ။
န၀ကမ္မ၀တ္ထုငွေ . . တဲ့။ ပိဋကတ်သုံးပုံမှာ ဘုရားနဲ့ရဟန္တာ ထေရ်မဟာသံဃာတော်တို့ ငွေကိုင်လို့အလှူခံ
တဲ့ဇာတ်ဝတ္ထုကြောင်းများ ကျုပ်တို့မကြားမဖတ်မိပါ။ စာမနှံ့တာကြောင့်များလားမသိ ရဟန်းများကို
ငွေအလှူခံ သင့်ကြောင်း ကိုင်သင့်ကြောင်း သိက္ခာပုဒ်ရှိရင် ပါဠိပဲဖြစ်ဖြစ်မြန်မာပြန်လေးပဲ
ရရ လိုချင်ပါတယ်။ အဲဒီ ဗုဒ္ဓ၀စနံ ဖြစ်သော ထိုစကားတော်လေးကို ပူဇော်ချင်လို့ပါ။
အင်း . . . ကျုပ်ထင်ပါတယ်။ ဗုဒ္ဓမဟောခဲ့တာဟာ
ဒီငွေကိုအလှူမခံမိဖို့ပါပဲ။ ဒါဆို ဘာလို့ဒီနေ့ခေတ် ဘုန်းကြီး တွေအလှူခံသိမ်းပိုက်နေတာလဲ
. . . ၀ိနည်းကိုမရိုသေ . . မလေးစားတဲ့ . .
. ဒီမြန်မာနိုင်ငံ အတွင်းအပြင်မှာရှိ နေကြတဲ့ ဗုဒ္ဓသားတော်အဖြစ်ခံယူသူများဟာ ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ကို
တကယ်ပြုနေတာဟုတ်ပါလေစ ဆိုတာ မေးသင့်တယ် တွေးသင့်တယ် ။
ထိုထိုသောဘုန်းကြီးများက ဘိုးတော်အောင်မင်းခေါင်ကိုအပြစ်တင်ရှုံ့ချတယ်။
သူကမရှိတော့ပါဘူး။ မရှိတဲ့သူ ရဲ့ရုပ်တုရုပ်ပုံကို ဓာတ်ပုံရိုက်ဝေဖန်နေမယ့်အစား တကယ်ရှိနေတဲ့
ဗုဒ္ဓသာသနာတော်ကို ပြုပြင်ဖို့ စာရေးပါလား တရားဟောပါလား ။ နောက်ဆုံးအားမတန်လို့ မာန်လျှော့ရတယ်ဆိုရင်တောင်
အခုစာ ရေးသူလို ပြည်သူသိ အောင် ရေးသားဝေငှလိုက်ပါလား။
ကြိုးစား၍ ဆက်လက် ရေးသားပါဦးမည်
By : အလင်းရှင်
aungminkhoung.blogspot.com
No comments :
Post a Comment