ဆူနာမီ နဲ့ အာဏာရှင်
♙♟♔♕♖♗♘♚♛♜♝
နင်ဟာ . .
သစ်ပင်ပေါင်း (၇၀၀၀၀) ကျော်ထဲကမှ . . ရက်စက်တဲ့ ဆူနာမီကို အန်တုခဲ့တဲ့ ..သူ . .။
ငါဟာ . . .
သန်းပေါင်းခြောက်ဆယ်ကတည်းကမှ
ခေတ်အဆက်ဆက်အာဏာရှင်တွေကို
အန်တုဘက်ပြိုင်ခဲ့တဲ့ . . သူ . . ။
နင်လဲ . . . မသေခဲ့။
ငါလဲ . . . မသေခဲ့။
သို့သော် ။ ။
နင်ဘ၀ဟာ . . . .
ဂျပန်ပြည်သူအစိုးရရဲ့ ပံ့ပိုးချစ်ခင်မှုကိုရခဲ့ပေမယ့် . . ။
ငါဘ၀ဟာ . . .
ကိုယ့်ကိုယ်ကို ကုတ်တွယ်ထားရတဲ့သစ်ပင်လို . . လူ။
ဘယ်လိုပဲဖြစ်ဖြစ် . .
နင့်ကို . . ငါ . . ဂုဏ်ယူမိပါတယ် . . ။
နင်ဟာ . .
ဆူနာမီကို အနိုင်ရခဲ့တဲ့သူ။
ငါဟာ . . .
အာဏာရှင်ကို အနိုင်ရခဲ့တဲ့သူ။
အလင်းရှင်