ဘယ်လိုပဲရေးေေ၇းရေးပါ ရေးချင်သလိုရေးချင်ရာရေးမှာပဲ။
ပန်ချီဆရာလည်းဒီတိုင်းပဲ သူဆွဲခင်ျသလိုဆွဲမှာပဲ သို့သော်
ဘောင်လေးတစ်ခုထဲမှာဝင်နေရမယ်လေ။ အချို့ ဦးဇင်းရေးတဲ့ကဗျာတွေမှာ
စာသားတွေလုံးဝမကောင်းဘဲ ခေါင်းစဉ်လေးတင်လှနေတာမျိုးလေးရှိတက်တယ်။
အခုတင်ထားတဲ့ (ကဗျာရွတ်တဲ့ . . မြို့) ဆိုတာလေးလိုပေါ့။ အဲလို ခေါင်းစဉ်
တစ်ခုတည်းနဲ့တင် ကဗျာက ပေါ်လွင်သွားတာမျိုးပေါ့။ နောက် (ထမင်းပန်းချီ)
ဆိုတဲ့ကဗျာလေးလည်း ခေါင်းစဉ်တစ်ခုထဲနဲ့တင် အဓိပ္ပါယ်ပြည့်စုံသွား
တာမျိုးဖြစ်အောင်ပေါ့အကယ်၍ စာပေဟောပြောပွဲတွေမှာ ပြောကြစတမ်းဆိုရင်
ကဗျာခေါင်းစဉ်လေးကို ချဲ့ကားပြီးပြောလိုက်တာနဲ့တင် တစ်ပွဲစာရေသွာတာမျိုး
အချို့ကဗျာခေါင်းစဉ်တစ်ခုကို သုံးရက်လောက်စဉ်းစားရဖူးတယ်။
(လအိပ်ယာဝင်တဲ့ .. ည) တဲ့ အဲဒီခေါင်းစဉ်လေးကို ဦးဇင်းသုံးရက်လောက်စဉ်း
စားယူရဖူးတယ်။ စဉ်းစားရမှာပြင်းလို့မရဘူး။နော် . . ကြာလာတော့ကျက်ထားမှ
တ်ထားတဲ့ စာတွေကိုမေ့ကုန်တယ် . . ကိုယ်ကအတွေးဘက်ကို ဦးတည်သွား
တဲ့အတွက် ဉာဏ်မှာအတွေးဉာဏ်ကလွှမ်းမိုးသွားတယ်။ အဲဒီအခါ ကျက်ဉာဏ်နဲ့
မှတ်ဉာဏ်နဲ့က ကိုယ်အသုံးမပြုတော့တဲ့အတွက် သူတို့အားနဲ
သွားတယ်။ ဒါ့ကြောင့် ဦးဇင်းဖုန်းနံပတ်တွေ လမ်းနာမည် တွေ ဘာမှမမှတ်
တက်တော့ဘူး။ ကိုယ်ကအမြဲအတွေးဉာဏ်ကိုပဲ အသုံးချနေတော့ ကျန်တဲ့
ဉာဏ်တွေက ထုံထိုင်းသွားတယ်ကွာ . . ကိုယ်တွေ့လေးပြောမိတာပါ။ အကယ်၍
ကဗျာကောင်းကောင်းနဲူ့စကားစုကောင်းကောင်းရဖို့ မစဉ်းစားချင်ရင်
လုံးဝမရပါဘူး။
ဦးဇင်းရဲ့ ကဗျာတွေ ဆောင်းပါေးတွမှာ တွေးထားတာကို စာဖတ်တက်ရင်သိပါတယ်။
ဒိလိုပြောတာ ကြွားနေတာမဟုတ်ဘူးနော် အတွေးဉာဏ်လွမ်းမိုးသွားတဲ့အတွက်
ဦးဇင်းမှာ အခြားမှတ်ဉာဏ်တွေအအားနဲသွားပြီး သုံးလို့မရတော့ဘူးဆိုတာကိုပြော
ချင်လို့ပါ။ နောက် ၀န်ခံရရင် ပရိတ်တွေရွတ်တဲ့အခါ အပိုဒ်တွေလုံးဝမမှတ်မိတော့ဘူး။
ဦးဇင်းတစ်ပါးတည်း ပရိတ်ရွတ်လို့မရဘူး။ ဘာလို့လည်းဆိုရင် အပိုဒ်တွေအစဉ်အတိုင်း
မမှတ်မိတော့ဘူး။ ဒီတစ်ခုက အတော်ကိုစိတ်ပျက်စရာကောင်းတယ်နော်။
ဒါ့ကြောင့် ဗုဒ္ဓလက်ထက်တော်မှာ ဧတဒဂ်ရတဲ့အသျှင်မြတ်တွေကိုကြည့်ရင် တစ်ပါးကို
တစ်ခုစီပဲရကြတယ်ကွ။ ဒါဘာလည်းဆိုရင် သဗ္ဗညုတရွှေဉာဏ်တော်ရှင်ဘုရားနဲ့
ကျန်တဲ့သာဝကတို့ရဲ့ ထူးခြားတဲ့ကွာခြားချက်ပဲ။ ဒါ ဒီအကြောင်းတွေကို ပိဋတက်
တော်က ထုတ်ပြီးပြောချင်ပါတယ်။ စာဖတ်သူတွေပျင်းနေမှာစိုးလို့ပါ။
█ ░ အလင်းရှင် ░ █