by အလင်း ရှင် on Tuesday, 30 October 2012 at 05:27 ·
Facebookစာမျက်နှာကနေ့ မိုးသီးဇွန်ဆဲရေးထားတယ်လို့ စွပ်စွဲထားတာကိုတွေလို့ အခုလိုပဲရေး မိတာပါ။ ဘုန်းကြီးဆိုတဲ့ အသုံးအနှုန်းကိုကြားလိုက်တာနဲ့တင် အချို့ဗုဒ္ဓဘာသာဝင်တွေဟာ တုန်တုန် လှုပ်လှုပ်ဖြစ်သွားတယ်။ အခုလဲ မိုးသီးဇွန်က ̏လူသတ်တဲ့ဘုန်းကြီးတွေလီးပဲ̋ လို့ဆဲရေးထားပြန်တော့ Facebook မှာမကြေမနပ် နဲ့အများသိအောင်Shrar ထားပေးကြပါတယ်။
ဒါကိုပဲ ကျွန်တော်က ̏ ဘုန်းကြီး̋̋ ဆိုတာကိုပဲ အများနားလည်အောင် definition တစ်လွှာပြီးတစ်လွှာ ခွာကြည့်ကြတာပေါ့။ မခွာခင်မှာ ကိုးဘွဲ့ရဆရာတော်အရှင်အာစာရာလင်္ကာရ ပြောခဲ့တာလေးဖေါက် သည်ပြန်ချရရင်၊ ̏ဘုန်းကြီးတွေကအရက်မသောက်ပါဘူး၊အရက်သောက်တဲ့သူကဘုန်းကြီးမဟုတ်ပါဘူး˝။ လို့ဆိုပါတယ်။
ဒီလိုပါပဲ။ ဒီစကားလေးကိုနားလည်လိုက်တာနဲ့ မိုးသီးဇွန်ပြောတဲ့လူသတ်တဲ့ဘုန်းကြီးတွေလီးပဲ ဆိုတဲ အဖြေလေးက နားလည်လွယ်သွားပြီပေါ့။ ဘုန်းကြီးဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံရှိဘာသာတိုင်းက ဘာသာရေးခေါင်းဆောင်များကိုခေါ်နေကြအသုံးအနှုန်းပါ။ ဗုဒ္ဓရဲ့သာဝကရဟန်းများဖြစ်ကြတဲ့ (၂၂၇) သွယ်အကျယ်ကုဋေကိုးထောင်ကျော်သောသိက္ခာပုဒ်များကို ထိန်းသိမ်းစောက်ရှောက်တော်မူကြသော ဘိက္ခု(၀ါ)ရဟန်းများကိုရည်ရွယ်တယ်လို့ပြောလို့မရပါဘူး။ မြန်မာနိုင်ငံတွင်မက အကျယ်တ၀ံ့ပြောလို ပါက ကမ္ဘာ့နိုင်ငံအသီးသီးကဘာသာရေးခေါင်းဆောင်များကိုဆိုလိုရာရောက်ပါတယ်။
အဲ . . . သို့သော်လည်းပဲ မြန်မာစာမြန်မာစကားဆိုတဲ့ ဝေါဟာရအရ၊ မြန်မာလူမျိုးများနားလည်နေကြ ကိုယ့်ဘာသာဘုန်းကြီးများကိုပဲလို့ ထင်မိတက်ကြပါတယ်။ကျွန်တော်ကတော့ မိုးသီးဇွန်ရဲ့ ယင်း-အဓိပ္ပါယ်ပါစကားများကို အစအလည်အဆုံးမကြားသိရတဲ့အတွက်ဖတ်ရှု့ခွင့်မရတဲ့အတွက် ဗုဒ္ဓဘာ သာဘုန်းတော်ကြီးများကို ရည်ရွယ်ပြီးပြောတယ်မပြောဘူးဆိုတာမသိပါဘူး။ ဒီအတွက်ကြောင့် ဟုတ် တယ်မဟုတ်၊မှန်တယ်မမှန်၊လို့ ကျွန်တော်အဖြေပေးမှာမဟုတ်ပါ။သို့သော်လည်း စာဖတ်သူများအ တွက် ဘုန်းကြီး ဆိုသော ဝေါဟာရနဲ့ ယင်းဝေါဟာရရဲ့ဆက်ဆက်ရာသုတများကိုတော့ ကျွန်တော် ဝေငှသွားမှာပါ။
ကျွန်တော် ဆောင်းပါးတစ်ခုမှာအခုလိုပြောခဲ့ဖူးပါသေးတယ် . . . . Facebook မှာအခုလို post တင်ပေးရခြင်းဟာ ကုတ်ကုတ်ကက်ကက် အင်တာနက်လိုင်းတွေရဲ့ စုတ်ပြတ်သတ်မှုကြားထဲက အင်တာနက်ဆိုင်အချို့နဲ့ Wi-Fi ကို free ပေးထားတဲ့ လူမဆန်လူမပီသမှုများဆိုတဲ့ ဒုက္ခသုက္ခတွေကို ရင်စီးခံရင်း ပညာပါရမီအလိုငှာ၊ နောက် စာပေကိုမွေ့လျှော်နေရတဲ့အတွက် ပညာပါရမီ၊ အမှန်တရား သစ္စာနယ် မြေကိုမျက်မှောက်ပြုရချိန်မို့လည်း နိက္ခမပါရမီအပြင် မိမိအပေါ်ကိုဝေဖန်ပြစ်တင်ရှုတ်ချခြင်း နဲ့ သူတစ်ပါးအပေါ်ကို စက်ဆုတ်ရွှံရှာမုန်းတည်းခြင်းဆိုတဲ့ ခန္တီပါရမီဆိုတဲ့ ဒေါသအာဃာတတွေကို တစ်ချိန်တည်း ပယ်သတ်ခွင့်ရပါတယ်။ ပါရမီတော်များစွာထဲကမှ ပညာ၊နိက္ခမ၊ခန္တီဆိုတဲ့ သူတော် ကောင်းအမူအကျင့်များနဲ့ အတက်နိုင်ဆုံး ကြိုးစားရင်း Facebook စာမျက်နှာကို မျက်နှာမူနေတာပါ။ လို့ပေါ့။
အခုလည်း ကျွန်တော်က စာဖတ်သူများအတွက် အချိန်တွေကိုအလှူပေးလိုက်တာမျိုးပါ။ မိုးသီးဇွန်ကို ကျွန်တော်တစ်ခါမှမတွေ့ခဲ့ဘူးသလို အခုတိုင်လည်း မဆုံဖြစ်မရင်းနှီးဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒီစာဟာ မိုးသီးဇွန်ရဲ့အမှားကိုလည်းအကာအကွယ်ပြုမှာမဟုတ်သလို အမှန်ဆိုပြန်ပါကလည်း ထောက်ခံရာ ရောက်မှာမဟုတ်ပါဘူး။
ဘုန်းကြီးကို မြန်မာတွေကရဟန်း=ဘိက္ခုလို့အကျဉ်းအားဖြင့်နားလည်ထားကြပါတယ်။ ဒီနားလည်မှု တွေဟာမမှားပါဘူး၊သို့သော် လုံးဝဥဿုန်မှန်သလားဆိုတော့လည်း မမှန်ပါဘူး။ စာပေနယ်မှာတော့ . . . ဥပသမ္ပဒါ ရှစ်ပါးရှိရာမှာ ဉတ္တိစတုတ္ထကမ္မုပသမ္ပဒါနဲ့ ရဟန်းဖြစ်သူ ယင်းတို့ဟာ ပါရာဇိကလို့ခေါ် တဲ့သိက္ခာပုဒ်တွေကို စောင့်ထိမ်းသူကိုလည်း ဘိက္ခု လို့ခေါ်ပါတယ်။ ̏ဘိက္ခကောတိ ဘိက္ခု̋ ဆိုပြီး အနက်သဒ္ဒါ ထုတ်ပြတဲ့ ၀ိဂြိုဟ်ရှိတဲ့အပြင် ̏ဘိက္ခတီတိဘိက္ခု̋ လို့လည်းဝိဂြိုဟ်ပြုထားပါတယ်။ ဒါတွေ ကိုမြန်မာမှုနားလည်းရမယ်ဆိုရင် ̏ဆွမ်းခံအိမ်သို့ ချဉ်းကပ်ရသူခြေသလုံးကိုမှီပြီးဆွမ်း(ထမင်း)စားရသူ၊ အ၀တ်စုတ်စုတ်နွမ်းနွမ်းတွေကို သစ်ခေါက်ဆိုးဝတ်ရသူ . . . စသည်ဖြင့်အနက်အဓိပ္ပါယ် များစွာရှိ ပါတယ်။ ကြားဖူးကြမှာပါ၊ ပါဋ္ဌ်တစ်ချက်၊အနက်ဆယ်ထွေ ဆိုတဲ့စကားဟာ ပါဠိတစ်လုံးရဲ့ အနက်တွေ ဆယ်လီဆယ်ဆရှိတာကိုပြောတဲ့ ရှေးလူကြီးသူမတွေစကားဟောင်းလိုပါပဲ။
ဒါ့ကြောင့် ဘိက္ခု ဆိုတာ ဗုဒ္ဓရဲ့တပည့်သားသံဃာများကိုခေါ်ဝေါ်ညွှန်းဆိုမှုပြုနိုင်သလို အိမ်ယာတည် ထောင်လူတို့ဘောင်မှာမနေတဲ့အပြင် စီးပွားဥစ္စာတို့ကိုမရှာကြံဘဲ အကုသိုလ်မဘက်ပဲ ယောနိသော မနသိကာရ ဆိုတဲ့ သင့်လျှော်တဲ့နှလုံးသွင်းဆင်ခြင်မှုများနဲ့ ဘာဝနာပွားများအားထုတ်နေသူများကို လည်း ဘိက္ခုလို့ ခေါ်ဆိုလို့ရသလို ပရိဗိုဇ် တွေကိုလည်းခေါ်ပါတယ်။
အဲဒီတော့က ဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာဗေဒမှာတော့ ဘိက္ခု သစ္စာဆိုဒ်အောင်နေတဲ့သူပါပဲ။ ဖြစ်ပြီး ပျက်နေတဲ့လောကကို မုန်းနေတယ် . . . . အတ္တကြီးစိုးတဲ့ စစ်အာဏာရူးများရဲ့ လော ဘတွေဒေါသ တွေကို သတိထားဆင်ခြင်ပြီး မိမိကိုယ်စိတ်နှလုံးမှာ ဒီလိုမျိုး(စစ်အာဏာရူးသန်းရွှေ)စတဲ့ ဒီသူယုတ် တွေရဲ့ အကုသိုလ်များကို သတိထားသံဝေဃပွားနေသူများကိုလည်း ဘိက္ခုလိုခေါ်ပါတယ်။ ဒါ့ကြောင့် သူတောင်းစားပင်ဖြစ်လင့်ကစား အခုပြောခဲ့သလို သတိသဝေဃတရားများပွားများကာ သစ္စာသိ နေသူများဟာ ဘိက္ခုတွေပါပဲ။ ဒါ့ကြောင့်ပဲထင်တယ် ̏ ဘိန္ဒတိ ပါပကေ အကုသလေဓမ္မေတိ ဘိက္ခု ̋ ယုတ်မာသောအကုသိုလ်တရားတွေကို မပြုလုပ်လို ဖျက်ခွဲတက်သောကြောင့် ဘိက္ခုလို့ခေါ်ကြောင်း ကို ဋီကာဝိဂ္ဂဟပြုထားတာကိုလည်း ကျွန်တော်လေ့လာဖူးပါတယ်။
ကျွန်တော် ပုပ္ပါးတောင်သွားတုန်းက အဘဘိုးမင်းခေါင်ရုပ်တုရှေ့မှာ ဦးချကန်တော့တော့ အမည်မသိ လူတစ်ယောက်က ̏သေသွားပြီးသူ̋ ̏ဘာမှန်းမသိတဲ့သူကို . . လူကကန်တော့ရလား̋ ̏လူဆို တာနတ်ထက် တောင်မြတ်သေးတယ်ဆိုတာဗုဒ္ဓဘာသ၀င်မှန်ရင်သိတယ်̋ ဆိုတဲ့သာဓကာများနဲ့ ကျွန် တော့ကို ဆုံးမဖူးပါတယ်။ အဲဒီအခါ ကျွန်တော်က အခုပြောခဲ့တဲ့အတိုင်း ဘိက္ခုဝိဂြိုဟ်ပါဠိတွေရွတ် အနက်လှည့်ပြပြီး၊ လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ ̏သရဏဂုံဝိနိစ္ဆယကျမ်း̋ ကိုဖတ်ဖို့ပြောပြီး ထိုကျမ်းမှာပါတဲ့သာဓကတွေကို လိုရင်းထုတ်ပြလိုက်တဲ့အခါ ̏ ငါကမင်း လောက်မှမသိတာကိုကိုး̋ . . . ̏ဘုန်းကြီးကို စာချမိရက်သား ဖြစ်သွားတယ်̋ . . . ̏ကောင်းပါတယ် . . ငါလည်း အခုတော့ အဘဘိုး မင်းခေါင်ကြီးကို ကန်တော့ရမှန်း သိသွားတာပေါ့။̋ လို့ပြောဖူးပါတယ်။ ဒါ့ကြောင့် ဘိက္ခုသဒ္ဒါရဲ့အနက် ဟာ များပေမယ့် လိုရင်းအားဖြင့်တော့ ကိလေသာကိုနှင်ထုတ်သူပါပဲ။ ဒီကနေ့ခေတ်မှာ ခေတ်စားနေ တဲ့ အဘဘိုးမင်းခေါင်(၀ါ)အောင်မင်းခေါင်ဆိုတာ သက်ရှိထင်ရှားရှိစဉ်က လူသာမန်တို့မကျင့်နိုင်တဲ့ ကိလေသာကို နှင်ထုတ်ကာ ဒါနသီလအထူးပြုခဲ့သူပါပဲ။ ကျွန်တော်က အဲဒါကို အတုကျ တုပပြီး လူအများနားလည်တဲ့စကားနဲ့ AUNG MIN KHOUNG လို့နာမည်တပ်ခဲ့တာပါ။ ဒီလိုဆိုတော့ ကျွန်တော့ကို ဘိုးတော်လားမေးရင် ဗမာဘိုးတော်တင်မကဘူး၊ မွတ်ဆလင်ဘာသာအရ ယုံကြည် ကြတဲ့ သကြားဘာဘာတို့၊ကွမ်းဘာဘာတို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က စပတ်(စ်)ရှားဘုရင်ဂူ သင်္ချိုင်းကိုလည်း အားရင်သွားဖြစ်တာပါပဲ။ ကျွန်တော်လည်း အဘဘိုးမင်းခေါင်နီးနီးသီလ ထိမ်းပါတယ်။ ညနေတိုင်း သူငယ်ချင်းတွေအိမ်လာခေါ်ပြီးမတိုက် ရင်မသောက်ပါဘူး။ အဲ . . . ဒါ့ကြောင့် သူငယ်ချင်းတွေလာမခေါ်တိုင်းမသောက်ဖြစ် ဘူးလားမေးရင် . . . သူတို့လာမခေါ်ရင် ကျွန်တော်ကသွားခေါ်တယ်လေ . . . ဟာ . . ဟ . . .။
ဒါ့အပြင် သူများသားပျိုသမီးပျိုများကိုလည်း ကျွန်တော်အထူးရှောင်ပါတယ်။ သူတို့ခွင့်မပြုရင် ကျွန် တော် နမ်းတောင်မနမ်းပါဘူး။ အဲ . . . ဟို . . လမ်းဘေးမှာ မုန့်ဟင်းခါးစားသလိုပေါ့ဗျာ။ ဆိုင်က ဟင်းရည်ထပ်လိုချင်တဲ့အခါ မုန့်ပန်းကန်ထဲက မုန့်ဟင်းခါးကို အဖတ်မစားဘဲ အရည်ကိုဇွန်းနဲ့ စစ် သောက်လိုက်တယ်၊ ပြီးတော့မှ အဒေါ်ကြီး မုန့်ဖတ်များသွားတယ် ဟင်းရည်နဲနဲပေးပါဦးပေါ့။ ဟား . . . ဟား . . . ဟား ။ ဒါ့ကြောင့် ကျွန်တော့ကိုကျွန်တော် AUNG MIN KHOUNG လို့နာမည်ပေးထားတာ ပါ။ ကျွန်တော့ကြောင့်လည်း အဘအောင်မင်းခေါင်ကြီး နာမည်ပျက်ပေါင်းများနေပါပြီ။
ဟုတ်ကဲ့ပါ။ ဒါ့ကြောင့် လူသားကမ္ဘာမှာ လူသားများဖြစ်ကြသော ကျွန်တော်တို့ဟာ ဝေါဟာရ၀သေန ဆိုတဲ့အတိုင်း ခေါ်ဝေါ်ခြင်းခေါ်ဝေါ်ရိုးအနေနဲ့ ကိုယ်အိမ်မှာ အလှူလုပ်လို့ ဆွမ်းစားပင်ရာမှာ ရဟန်း ဟုတ်ဟုတ်မဟုတ်ဟုတ် သာမဏေများကိုပါ ဘိက္ခုလို့ခေါ်တဲ့ ထုံးစံရှိပါတယ်လို့ ကျမ်းပြုဆရာ တော်အရှင်မြတ်တို့က ဖွင့်ဆိုကြဖူးပါတယ်။ ကိုယ့်မျက်စေ့ရှေ့မှာ မြင်နေရတဲ့ ရဟန်းတုရဟန်းယောင် များကိုယ်တိုင်က သူ့ကိုယ်သူ ဘိက္ခုလို့ဝန်ခံရင် ဘိက္ခုလို့ပဲခေါ်ရပါတယ်တဲ့။
ဒီနေရာမှာ ကျွန်တော်သတိရမိတဲ့ ဘုန်းကြီးတစ်ပါးအကြောင်းကို ရင်ဖွင့်တင်ပြပါရစေ . . .
သူ့ဘွဲတော်က ဦးဥတ္တမပါ။ ဆရာတော်ဦးဥတ္တမပေါ့။ ထင်ထင်ရှားရှားအများသိအောင်ပြောရရင် မြန်မာ နိုင်ငံမှာ ပထမဦးဆုံးသော ဒေါက်တာဘွဲရတဲ့သူဖြစ်တဲ့အပြင်၊ ဂျပန်နိုင်ငံရဲ့အဓိကရတက္ကသိုလ်ကြီးမှာ ပါမောက္ခလုပ်လာတဲ့သူပါ။ ဒီကနေ့ခေတ်ဘုန်းကြီးတွေနဲ့ယှဉ်ပြရရင် ဂျပန်နိုင်ငံမှာတောင် ပါမောက္ခ လုပ်စာသင်ပြခဲ့သူလို့ပြောမှတော့ ပါးပါးလေးဒေါက်တာဘုန်းကြီးမဟုတ်ဘူးဆိုတာရယ် . . . မြန်မာနိုင် မှာ ပထမဦးဆုံးသော ပြည်ပနိုင်ငံမှာဒေါက်တာဘွဲ့ရတဲ့သူဆိုရင် ဘယ်သူဘယ်နတ်မှ ငြင်းမရပါဘူး။ အဲလိုမျိုးပုဂ္ဂိုလ်မို့လို့လည်း ကျွန်တော်အောင်မင်းခေါင်က အမွန်းတင်နေရတာပေါ့။
ဒါ့အပြင် စာပေနယ်မှာသာမက မြန်မာနိုင်ငံရေးရဲ့ လွပ်လပ်ရေးဗိသုကာကြီးတစ်ပါးဆိုရင်လည်း ဘယ် သူမှမငြင်းလိုကြပါဘူး။ ပြည်ပနိုင်ငံမှာ စာတွေသင် ဒေါက်တာဘွဲ့တွေရ ပြီးတော့ ထိုထိုနိုင်ငံတွေမှာ ဘာသာရေးခေါင်ဆောင်အဖြစ်တာဝန်ယူတဲ့အပြင် ထိုထိုသောတက္ကသိုလ်ကြီးတွေမှာ စာသင်ပေးနဲ့ သူ့ဘ၀ကိုသူလှအောင်ရေးနိုင်ခဲ့ပေမယ့် ဘ၀မလှကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့အဖြစ်အစနစ် ကိုရင်နာပြီး မြန်မာနိုင်ငံအထက်အောက် တောရောမြို့ပါမကျန် နိုင်ငံရေးတရားတွေဟောခဲ့တယ်။
အင်္ဂလိပ်ကြိမ်ကြိမ်ကျခံခဲ့ရပါတယ်။ဆရာတော်လောင်းလျာကို စစ်တွေမြို့၊ရူပရွာရပ်ကွက်တစ်ခုမှာ သာမန်ကုန်သည် များဖြစ်ကြတဲ့ ဦးမြနဲ့ ဒေါ်အောင်ကျော်သူဇနီး မောင်နှံတို့က ပြာသိုလပြည့် ကျော်(၁) ရက်တနင်္လာနေ့မှာဖွားမြင်ခဲ့ပါတယ်။ သားဦးရတာဖြစ်ပြီး အမည် မှာပေါ်ထွန်းအောင် ဖြစ်ပြီးသုံး နှစ်ကြာပြီးနောက် ညီအလတ်ကျော်ထွန်းအောင်ကို ဖွားမြင်ခဲ့ပါတယ် အငယ်ဆုံးညီမကလေးမှာ မအိမ်စိုးလို့အမည်မှည့်ခေါ်စေပါတယ်။ဆရာတော်သည် ငယ်စဉ်က စစ်တွေ မြို့အင်္ဂလိပ်ကျောင်းမှာ (၅)တန်းအထိကျောင်းတက်ခဲ့ပြီး စာတော်ဉာဏ်စွမ်းအားထက်သော ဆရာတော်လောင်းလျာ ပေါ်ထွန်းအောင်အား အင်္ဂလိပ်ဘုန်းကြီးတစ်ပါးက ကာလကတ္တားမှာပညာသင်ရန် မွေးစား မည်ဖြစ်သည့်အထိကို ထူးချွန်ထက်မြက်သူသူငယ်ကလေးတစ်ယောက်ဖြစ်ပါတယ်။ (၁၃)နှစ်အရွယ် ရောက်တဲ့အခါ စစ်တွေမြို့ရွှေစေတီကျောင်းဆရာတော်ထံတွင် သိမ်မွေ့နက်နဲခက်ခဲ လှစွာသော ဗုဒ္ဓစာပေများကိုသင်ကြားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ပညာရှာရာမှာ ရောင့်ရဲလိုစိတ်မရှိတဲ့ ဆရာ တော်လောင်းလျာ မောင်ပေါ်ထွန်းအောင်မှာ လူဝတ်ကိုစွန့်ခွာပြီးရှင်သာမဏေပြုခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ဧရာဝတီတိုင်း၊မအူပင်မြို့ကနေ စစ်တွေကို အလည်အပတ်ကြွရောက်လာသော ဆရာတော် ဦးဂန္ဓမာအပြန်တွင် မအူပင်သို့လိုက်ပါလာပြီးယင်းမအူပင်မှတစ်ဆင့်ရန်ကုန်မြို့ ၊ရန်ကုန်မြို့ မှတစ်ဆင့် တောင်ငူမြို့သို့ရောက်ရှိခဲ့ပြီး တောင်ငူမြို့ရှင်သာမဏေစာမေးပွဲမှာ ၀င်ရောက်ဖြေဆိုရာ ပထမရတဲ့ အတွက် နာမည်သတင်းထွက်ခဲ့ပါတယ်။ ပညာရနံ့ထွက်နေသော ဆရာတော်လောင်းလျာကို တောင်ငူမြို၊ ကျွန်းကုန်းရရပ်ကွက်ရှိ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့ ရှမ်းအမျိုးသမီးကြီးက သားယော က်ျားအဖြစ် မွေးစားချင်တယ်လို့ပြောတဲ့အခါ ဆရာတော်လောင်းလျာက ̏ ကျွန်တော့ကို သားသမီး အဖြစ်မွေးစားချင်ရင် ကာလကတ္တားမှာ ပညာသင်ဖို့လွှတ်မလား̋ လို့ပြန်မေးပါတယ်။ အဲဒီအခါ ပညာလို လားသော အမျှော်အမြင်ကြီးတဲ့ရှမ်းမကြီးဟာ ဆရာတော်လောင်းလျာကို (၁၇) နှစ် ကျော်ကျော်မှာ လူဝတ်နဲ့ ကာလကတ္တားကို ပညာသင်လွှတ်ခဲ့ပါတယ်။
ဆရာတော်လောင်းလျာမောင်ပေါ်ထွန်းအောင်ဟာ ကာလကတ္တားမှာ (၁၇)-(၁၈)-(၁၉) နှစ်မှာပဲ အင်္ဂလိပ်ပညာ(၁၀)တန်းကိုအလွတ်ပညာသင်အဖြစ်နဲ့အောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြန်လာ တဲ့ဆရာတော်လောင်းလျာမောင်ပေါ်ထွန်းအောင်ဟာ အဲဒီနှစ်မှာပဲ အိန္ဒိယကနေပြန်လာပြီး ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်မှာ ကိုရင်ဝတ်ဖြင့် သူငယ်ငယ်ကလေ့လာသင်ယူခဲ့တဲ့ ဗုဒ္ဓစာပေများကို သင်ယူ ဆည်းပူးခဲ့ပြန်ပါတယ်။
ယင်းမှာပညာသင်ကြားနေစဉ် စစ်တွေမြို့ကဆွေနီးမြိုးစပ်တော်စပ်တဲ့ ဘုံဘယ်ဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကနေ ပဉ္စင်းဒါယကပြုလျှက် အသက်(၁၉)နှစ်(၂)စွန်းတွင်ရဟန်းပြုခဲ့ပါတယ်။ ပခုက္ကူမှာ ဗုဒ္ဓစာပေများကိုသင်ကြားရင်းအိန္ဒိယကို နောက်တစ်ကြိမ်သွားရောက်ခဲ့ပါတယ်။
အခုလိုနောက်တစ်ကြိမ်အသွားမှာ အိန္ဒိယနိုင်ငံရေးကလည်းပြောင်းလည်းလာသလို ဆရာတော် လောင်းလျာဖြစ်တဲ့ ဦးပဉ္စင်းအရှင်ဥတ္တမဟာ နိုင်ငံရေးမျက်စေ့ပွင့်လာခြင်းပဲဖြစ်ပါတယ်။ အဲဒီမှာ ဗင်နိုဂိုရှ်အမည်ရှိတဲ့ အိုင်စီအက်အရာရှိကြီးက အလုပ်မှထွက်ပြီး အမျိုးသားကောလိပ်တစ်ခု တည် ထောင်ခဲ့တဲ့အတွက် အဲဒီကောလိပ်မှာ ဆရာတော်အရှင်ဥတ္တမက ပါဠိနဲ့ဗုဒ္ဓဘာသာကိုသင်ကြားပို့ချ တာဝန်ယူခဲ့ပါတယ်။ ဆရာတော်ဟာ သူတစ်ပါးအား ပါဠိပရော်ဖက်ဆာအဖြစ် သင်ကြားပို့ချပေးတဲ့ အပြင် သူကိုယ် တိုင်ကလည်း သက္ကဋ၊ဘင်္ဂလီ၊နာဂရီစတဲ့ရှေးဟောင်း ဟိန္ဒူကျမ်းစာတွေကိုပြန်သင် ယူပါတယ်။ ယင်းအန္ဒိယမှာ အမျိုးသားလှုပ်ရှားမှုတွေကိုပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
(၁၉၀၅)ခုနှစ်မှာ ဆရာတော်ဟာ ပညာလုံ့လအားကြီးတော်မူသောဆန္ဒကြောင့် ပြင်သစ်နိုင်ငံကို သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်းစုလေးမျှသာရှိတဲ့ဂျပန်ဟာ ကမ္ဘာရဲ့(၅) ပုံ (၁) လောက်ရှိတဲ့လူအင်အားများပြားတဲ့ ရုရှားကိုစစ်နိုင်ခဲ့ပါတယ်။ ဆရာတော်ဟာ အဲဒီ တော့မှ အာရှတိုက်သားဂျပန်များရဲ့ ဇွဲလုံ့လ၀ီရိယကို အားကျအတုယူလိုစိတ်နဲ့ ဂျပန်ပြည်ကို သွားဖို့အတွက် မြန်မာပြည်ကို ပြန်လာခဲ့ပြီး (၁၉၀၇)ခုနှစ်ဖေဖေါ်ဝါရီလမှာ(၄)ရက်နေ့မှာစင်္ကာပူမြို့ကို သင်္ဘောနဲ့ထွက် ခွါခဲ့ပြီး၊ (၁၈)ရက်နေ့မှာ ဂျပန်ကျွန်းကြီး ယိုကိုဟာမားဆိပ်ကမ်းကို မတ်လ(၇)ရက်နေ့ မှာရောက်ခဲ့ ပါတယ်။ တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံတက္ကသိုလ်ကျောင်းရဲ့ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီထံကို . . . မိမိ သည် ရဟန်း(၉)၀ါရပြီး အင်္ဂလိပ်ဘာသနဲ့တကွ၊ ပါဠိဘာသာ၊သင်သကရိုက်ဘာသာ၊ဘင်္ဂလီ၊နဂရီအား လုံး(၈)ဘာသာကိုကျွမ်းကျင်တက်မြောက်ကြောင်း . . . အမတ်ကြီးရဲ့ ကျောင်းမှာ ဆရာအဖြစ်ခန့်လို ပါက ဦးပဉ္စင်းကိုအကြောင်းကြားပါလို့။ စာရေးလိုက်တယ်။ (၂)ရက်ပဲကြာတယ်။ အဲဒီတက္ကသိုလ် ကျောင်းမှာ သင်သကရိုက်ဘာသာနဲ့ပဠိဘာသာတို့ကိုသင်ကြားပေးဖို့ ပရော်ဖက်ဆာ အဖြစ် ခန့်အပ်ပြီး အခြားဆရာများနည်းတူ လခရခဲ့ပါတယ်။
အဲဒီတက္ကသိုလ်မှာ (၂)ကျော်စာသင်ပေးခဲ့ပြီး မြန်မာပြည်ကိုပြန်လာခဲ့ပါတယ်။ ကဲ စာဖတ်သူတို့ခင်ဗျာ အခုလို ဇွဲလုံ့လ၀ီရိယအားကြီးတဲ့ပညာတက်အကျော်အမောကြီးတစ်ပါးဟာ မြန်မာပြည်နိုင်ငံရေးထဲကို ၀င်ရောက်ပါတော့တယ်။ ဒီလိုဘက်စုံထူးချွန်ပြောင်မြောက်တဲ့ ဘုန်းတော်ကြီးဟာ ဒေးဒရဲအပိုင် ဆုကလပ်ရွာမှာ (၁၉၂၂) ခုနှစ်မှာ တရားဟောခဲ့ရာ ဖျာပုံအရေးပိုင်မင်းကတရားစွဲဆိုခဲ့တဲ့အတွက် ကျောင်းကုန်းမြို့မှာ တရားဟောနေရင်း ပုလိပ်များကလာရောက်ဖမ်းဆီးကာ မအူပင်အကျဉ်းထောင် မှာ ထောင်ကျခဲ့ပါတယ်။ ဆရာတော်နဲ့ တစ်ခေတ်တည်းဆိုသလို ဦးဝိသုဒ္ဓ၊ဦးဝိစာရ(ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြရင်းပျံလွန်တော်မူခဲ့) ဦးစန္ဒောာသ(ဗားကရာဆရာတော်) စတဲ့ ဘုန်းတော်ကြီးများ ဟာ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးမျက်စေ့ဖွင့်ပေးခဲ့ပါတယ။်
ကဲ . . . ပြောစရာဖြစ်လာပြန်ပြီ၊ ဒီစကားကိုကျွန်တော်ဆက်ပြောရင် ဒီနေ့ခေတ်ဘုန်းကြီးတွေ ကျွန်တော့ကို ၀ိုင်းသတ်ကြလိမ့်မယ်။ အာဏာရှင်စစ်အစိုးရကို အခုနာမည်ကြီးနေပါတယ်ဆိုတဲ့ ဘုန်း ကြီးအချို့ဟာ ပြည်သူလူထုအတွက် မျက်စေ့ဖွင့်ပေးခဲ့သလား။ ဒါဆို ကျွန်တော်ထင်ပါတယ်။ မိုးသီးဇွန် ဆဲရေးတဲ့ လူသတ်တဲ့ဘုန်းကြီးလီးပဲဆိုတာ အာဏာရှင်အလိုကျဘုန်းကြီးများကိုပဲရည်ရွယ်တာဖြစ်ပါ လိမ့်မယ်။ ဒါ့ကြောင့် မိုးသီးဇွန်တကယ်ဆဲခဲ့ရင်လည်း ငရဲမကြီးနိုင်ပါဘူး။ ဖရုဿဝါစာအနေသင့်ရုံ လောက်ပဲဖြစ်မှာပါ။ ဒီလိုဝေဖန်ဆုံးဖြတ်တယ်ဆိုကတည်းက ကျွန်တော်က မြန်မာနိုင်ငံရဲ့တရားသူကြီး တစ်ဖြစ်လဲ ငရဲလူကြီးလေ။
ဒါ့ကြောင့် အာဏာရှင်သက်စိုးရှည်သမျှ အများပြည်သူတွေဟာ ငတ်မွဲသေပဲမဟုတ်လား။ အခုလည်း ရန်ကုန်မြို့နဲ့တကွ တကယ့်ကောင်းတဲ့နေရာတွေမှာ ဘယ်သူတွေပိုင်နေလည်း အာဏာ ရှင်ရဲ့အပေါင်း အပါတွေပဲမဟုတ်လား။ အာဏာရှင်ဆိုတာ လူမျိုးပဲခြားပါတယ်။ ရက်စက်တာခြင်းက တော့ ထူးမခြား နားပါပဲ။ ဇာဂနာတို့သွားမရှိတော့ဘူး၊ ဟံသာဝတီဘဘဦးဝင်းတင်တို့ သွားမရှိတော့ဘူး။ ကဲ့ . . . ချစ်ဗမာတို့ရေ . . . ပြည်သူကိုသတ်၊ပြည်သူတွေယုံကြည်တဲ့ဗုဒ္ဓဘာသာဘုရားသား တော်တွေကို သေနပ်နဲ့ပစ်သတ်တဲ့ ဒီအာဏာရှင်ကိုမဆန့်ကျင်ဘဲ အလိုကြိုက်အလိုက်ဆောင်နေတဲ့ ဘုန်းကြီး တွေဟာ ပြည်သူကိုသတ်တာနဲ့ခြားနားပါ့မလား။ သံဃာကိုသတ်တာနဲ့ခြားနားပါ့မာလား။ အဲဒီလို သံဃာကိုသတ်ဖြတ်တာကို ဆရာတော်ဦးဥတ္တမ၊ဦးဝိစာရအစရှိတဲ့ဘုန်းတော်ကြီးများလို ဆန့်ကျင် တရားဟောရမယ့်အစား/မဟောကြားဘဲနေတာ သူတို့ဘုန်းကြီးအောင်လုပ်နေတာနဲ့တူမနေဘူးလား။
သို့ပါ၍ မိုးသီးဇွန်ဆဲရေးခဲ့တဲ့ လူသတ်တဲ့ဘုန်းကြီးတွေလီးပဲ ဆိုတာ။ ဗုဒ္ဓဘာသာ ဘုန်းကြီးများရော . . . ခရစ်ယာန်ဘုန်းကြီးများရော . . ဟိန္ဒူဘုန်းကြီးများရော . . . မွတ်ဆလင်ဘုန်းတော်ကြီးများရော . . . စသည်ဖြင့် စသည်ဖြင့် ထိုထိုသောသီလ၀န္တာဘုန်းကြီးအရှင်မြတ်များကို ဆဲရေးရာမရောက်ပါဘူး။ ဒါဆိုဘယ်ဘုန်းကြီးကိုဆဲသလဲမေးရင် လူသတ်တဲ့ဘုန်းကြီးပါပဲ။ လူသတ်တဲ့ဘုန်းကြီးဟာ ဘာသာရေး အဆုံးအမအရ ဘုန်းကြီးမဟုတ်တော့ပါဘူး။ သူဟာ သင်္ကန်းကြီးဝတ်ထားလဲ ဘုန်းကြီးမဖြစ်တော့ ပါဘူး။ ဒါ့ကြောင့် လူသတ်တဲ့ဘုန်းကြီးလို့ပြောကာဆဲမိတဲ့အတွက်ဘာသာရေးကိုစော်ကားရာ မရောက် ဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။ မှားရင်လည်းမှားမှာပေါ့လေ ကာယကံရှင်မှပဲ ဘယ်သူ့ကို ဦးတည်ပြီးဆဲတယ်ဆိုတာသိမှာပေါ့။နေ့ခြင်းပြီး ရေးရတဲ့အ တွက် စာကျစာကျန်အမှားများကို သီးခံပေးပါရန်နဲ့ ဆရာတော်ဦးဥတ္တမရဲ့ ဘ၀ဖြစ်စဉ်စာအုပ်ကို pdf ဖိုင်နဲ့ဖတ်လို့ပါက ကျွန်တော့ရဲ့www.alinshin.com .. http://aungmink houng.blogspot.com ကိုဆက် သွယ်လိုက်ပါခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
www.alinshin.com
No comments :
Post a Comment