သြော် ..
ဒီဒကာထောင်ထဲကထွက်လာခဲ့တာတောင် မရင့်ကျက်သေးပဲကိုး . .
ထောင်ဆိုတဲ့လောကဓံကပေးတဲ့ ဓမ္မတွေက ပြောမကုန်ဟောမကုန်ပါဘူး
ဒကာရယ် .. ။
ဟောပြောပွဲဆိုတာ .. . မျိုးက
ဘုန်းတော်ကြီးများတရားဟောသကဲ့သို့ မခက်ဘူးကွဲ့။
ဥပမာ ကဗျာလေးတစ်ပုဒ်လောက်အလွတ်ရရင်ကိုပဲပြောလို့ရတယ်။
အလင်းရှင်ရေးထားတဲ့ ကဗျာပေါင်း (၄၃၃)ပုဒ်ရှိတယ်။
ဆောင်းပါးနဲ့ဝတ္ထုတိုပုဒ်ရေ (၁၀၀၀)ကျော်ရှိတယ်
အဲဒီထဲက တစ်ပုဒ်လောက်ရအောင်ကျက်ပြီး ပြောလိုက်စမ်းပါ ဒကာရယ် . .
ဒီမှာလင့် .. . www.http://aungminkhoung.blogspot.com/
ဥပမာ .. .
̏ ထမင်းပန်းချီ ˝ဆိုတဲ့ ကဗျားလေးရှိတယ်ကွ။ အဲဒီကဗျာက အလင်းရှင်
ထောင်မကျခင်ကတည်းက ရေးထားတာ။ ခေါင်းစဉ်လေးနဲ့တင် တစ်နာရီလောက်
ဟောလို့ရတယ်။ စစ်ခွေးတွေ မွတ်ခွေးတွေ ကြံ့ကောင်တွေ စုတ်ပျက်သသတ်
အော င်ကိုပြောလို့ရတယ်။
နောက် . .
̏ သံလမ်းပေါ်က ဥသြ ငိုသံတွေ ˝ အဲဒီကဗျာလည်း ခေါင်းစဉ်နဲ့တင် မျက်ရည်ကျ
နေပြီ .. . ကဲပါလေ .. ရင်ထဲမှာ စကားလုံးတွေရှိရင် အဲဒီစကားလုံးအထုတ်ကို
ဖြည်ချပြတာဟာ စာပေဟောပြောပွဲပဲ။
ရင်ထဲမှာ စကားလုံးမရှိဘဲနဲ့တော့ ဘယ်အထုတ်ဖြည်ချပြလို့ရမှာလည်း . ..
အရည်တစ်ထုတ် ..
အဖတ်တစ်ထုတ် . .
အပြော့တစ်ထုတ် . .
အမာတစ်ထုတ် ..
အပူတစ်ထုတ် . .
အအေးတစ်ထုတ် . . အေး . .အေး အဲလို စကားလုံးအတ္ထဗေဒကိုခွဲခြားစိတ်ဖြာပြော
ဆိုခြင်းကို စာပေဟောပြောပွဲလို့ခေါ်တယ်။
ဒီလိုမဟုတ်ဘဲ ဟိုပါတီမကောင်းကြောင်း ဒီပါတီမကောင်းကြောင်း ပြောတာကတော့
̏ သွားပုတ်လေလွင့်ဟောပြော˝ လို့ခေါ်တယ်။ စာပေဟောပြောပွဲပဲဖြစ်ပါစေလို့
အလင်းရှင်ဆန္ဒပြုလိုက်ပါတယ်။
█ ░ အလင်းရှင် ░ █