Share ခြင်းဖြင့်ဗုဒ္ဓဘာသာကိုကာကွယ်ပါ။ပူးတွဲဓာတ်ပုံပါဆောင်းပါးကိုဖတ်ပါ။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မုန်းတာနဲ့ ဘာသာတရားကိုမထိပါးမပုတ်ခပ်သင့်ပါ
ဘူး။ မျက်မှောက်ခေတ်မှာ Data ကိုအကူကရိယာနဲ့သိမ်းဆည်းလာခဲ့တာနှစ်ရာ
ခန့်သာရှိပါသေးတယ်။ ဗုဒ္ဓဘာသာမှာ ပိဋကတ်သုံးပုံဆိုတဲ့ Data အကြီးကြီးကို
ကရိယာမဲ့သိမ်းဆည်းလာခဲ့တာ နှစ်ပေါင်း နှစ်ထောင်ကျော်သွားပါပြီ။
ရှင်မဟာကဿပထေရ်မြတ်ကြီးရဲ့ကြီးမားတဲ့ဉာဏ်အမြှော်အမြင်ကြောင့် ဒီနေ့
တိုင်အောင် ပိဋကတ် Data တွေကို သံဃာတော်များသိမ်းဆည်းနိုင်ခဲ့တာပါ။
မှာဘုရားရှင်စပွင့် ရာမှ နှစ်ပေါင်း (၂၅၀၀) ကျော် ၀ိနည်းများ ထိန်းသိမ်း၍ ဓမ္မခန္ဓာ
ပေါင်းရှစ်သောင်းလေးထောင်ကျော်တို့ပါဝင်သော ပိဋကတ် (၃) ပုံကိုအာဂုံဆောင်
ကာ ̏ အကူကရိယာမဲ့ ˝ အလွတ်ကျက် မှတ်လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့
ရတာပါ။ လွယ်လှတာတော့မဟုတ်ဘူး။ ဒါ့ကြောင့်လည်း ယခုစာရေးသူအလင်း
ရှင်ကိုယ်တိုင် ̏ အာဂုံမဆောင်နိုင်ခဲ့ပါဘူး˝ ရှင်မဟာကဿဖ ဦးဆောင်၍ညီတော်
အနန္ဒာပါဝင်သော ရဟန္တာ (၅၀၀) စုစည်းပြီးပထမ သံဃာယနာ တင်အခမ်းအနား
မှအစ ပြုပြီး အဆင့်ဆင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်
မှာ သံဃာတော်များ ပင်မဟုတ်ပါလား ။ ဤသို့ ပိဋကက် (၃) ပုံကို အလွှတ်
အကူကရိယာမဲ့ အာဂုံဆောင်၍လက်ဆင့်ကမ်း ပို့ချနေစဉ် အိန္ဒိယ နှင့် နီပေါ နိင်ငံ
တ၀ိုက်တွင် ဆိုးရွားလှစွာသော အငတ် ဘေးကြီးကျရောက်လာရာ သံဃာတော်
များကို လောင်းလှူဖို့နေနေသာသာ တိုင်းသူပြည်သား များပင်အငတ်ဘေးဒါဏ်
မခံနိင်ဘဲသေသူကသေ ပြေးသူများက တိုင်းပြည်မှ ထွက်ပြေး နှင့်ဒုက္ခ ခံစားနေ
ရချိန် လှူသူရှိမှ ဆွမ်းကွမ်းပြည့်စုံရသောရဟန်း၊ သံဃာတော်တို့ အဖို့တွင်ဆိုဖွယ်
ရာမရှိချေ ဆွမ်းအငတ်ခံ ရပေမယ့် စာဝါအကျက် မပျက် ဆရာတော်များကလဲစာ
ချမပျက် သာသနတာဝန်ထမ်းဆောင်ရင်း ဗိုက်ဆာလျှင် ရေသောက် ရေဆွမ်း
ဘုန်းပေးပြီ ညအခါ ဆွမ်းနှင့်တူတာဆို ၍ ဘာအဖတ်မျှ ၀မ်းတွင်းမရှိဝမ်းဟာ
သောအခါ ၀မ်းပူ၊ ရင်ပူ၊ သက်သာစေရန် သဲအိတ် များကို ၀မ်းဗိုက်တွင်ကပ်၍
၎င်း ရင်ဘတ်တွင်ကပ်၍၎င်း အဆာဖြေ ခဲ့ရပြီ ။ချို့ကိုယ်တော်များမှာစာဝါ
ကျက်မှတ်ရင်းသွေးအန်ပြီး ပျံလွန်တော်မူ သည်မှာ အပါးပေါင်းမရေတွက်နိင်ပါ။
သို့သော် ယင်းအချိန်က သာသနာမကွယ်အောင် အသက်ပေးစောင့် ရှောက်ခဲ့
သည်မှာ သာသန အာဇာနည်ရဟန်းသံဃာ များပင်ဖြစ်ပါသည်၊။
ယခုအချိန်တွင်မြန်မာနိုင်ငံရှိ ..
နိုင်ငံရေးသမားများ .. စစ်အာဏာရှင်များက သံဃာတော်များကိုသတ်ကွင်းထဲ
ပို့နေတာကိုမြင်ကြားရ၍ စိတ်မကောင်းဖြစ်မိပါသည်။ လယ်တီသိမ်ကိုလည်းဖျက်၊ သံဃာကိုလည်းသတ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်မှာ ဗုဒ္ဓဘာသာ
မလေး၊အင်ဒို၊ပါကစ္စတန်၊အာဖဂန်၊အစရှိတဲ့နိုင်ငံများကဲ့သို့ ကွယ်ပသွားနိုင်မည့်
အခြေအနေသို့ဆိုက်ရောက်နေသည်ကို သုံးသပ်မိသည်။
ဒ့ါကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးသမားများ ပိဋကတ်ကိုတော့ ထိကပါးရိကပါး
မလုပ်ကြမပြောကြပါနဲ့လို့ အလင်းရှင်ဆရာတော် (ဘဒ္ဒ န္တကောဝိဒ) မှမေတ္တာ
ဖြင့်အသိပေးလိုက်ပါတယ်။
█ ░ အလင်းရှင် ░ █