by အလင်း ရှင် on Tuesday, 30 October 2012 at 05:11 ·
ကမ္ဘာဟာ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းပြီးလည်နေသလို
လူသားယဉ်ကျေးမှုတွေကလည်း တစ်နိုင်ငံဆီမှာတစ်နိုင်ငံဆီကိုအလည်အပတ်ရောက်စမြဲပါပဲ။
အမေရီကန်ရဲ့ music တွေ movie တွေဟာ ဟို နိုင်ငံရောက်ပြီး ဘာသာတစ်မျိုးနဲ့ရှိနေလိုက်
ဒီနိုင်ငံရောက်ပြီးဘာသာတစ်ပုံနဲ့ရှိနေလိုက်နဲ့ ကျွန်တော်တို့မြန်မာ နိုင်ငံမှာလည်း မျက်မြင်ကိုယ်တွေ့တွေပဲမဟုတ်ဘူးလား။
ဒီလိုကမ္ဘာဟာယဉ်ကျေးလာတာလား၊ ယဉ်ကျေးမှုတွေကနေ နောက်ပြန်လှည့်နေသလားဆိုတာ မသိနိုင်အောင်ပါပဲ။
ကျွန်တော်လူဖြစ်လာတာသက်တမ်းဟာ နှစ်လေးဆယ်ကျော်မို့ ကျွန်တော်နဲ့ကမ္ဘာတစိမ်းတရံစာမဟုတ်တာ တော့သေချာပါတယ်။
ကျွန်တော်ငယ်ငယ်ကတည်း ဇိနတ္ထပကာသနီကျမ်းစာအုပ်ကြီးတွေကို ဖတ်ခဲ့ရပါတယ်။
အဖေက သူ့သားသမီး တွေကို လူ့ယဉ်ကျေးမှုထဲမှာ ၀င်ဆန့်စေချင်တဲ့ဆန္ဒကြောင့်လားတော့မသိ
အဲဒီစာအုပ်ကြီးတွေမှာ ကာလာဓာတ် ပုံတွေနဲ့ သရုပ်ဖေါ်ပုံတွေထည့်ထားတော့ ကလေးဖြစ်သောကျွန်တော်တို့ဟာ
စာမဖတ်ချင်တာတောင် စာအုပ်ထဲ က သရုပ်ဖေါ်ပန်းချီပုံတွေက ကျွန်တော်တို့ကဘေးဝကို လွှမ်းမိုးပစ်လိုက်တယ်။
နွေရာသီကျောင်းပိတ်ရက်ဟာ ဇိနတ္ထပကာသနီကျမ်းစာအုပ်(ပ)တွဲ(ဒု)တွဲ(တ)တွဲတွေနဲ့ ကျွန်တော်ဟာ မိန်းမော နေဖြစ်ခဲ့တယ်။
မျက်စေ့ညောင်းရင် သူငယ်ချင်းတွေနဲ့ ကလေးကစားနည်းပေါင်းများစွာကစားခဲ့တယ်။
အခု တော့ အာဏာရူးသန်းရွှေစတဲ့အာဏာရှင်များရဲ့ ရက်စက်မှုတွေကို ရင်စီးခံရရင်း ကျွန်တော်သည်လည်းကောင်း ကျွန်တော်ကုတ်တွယ်မိရာ မြန်မာနိုင်ငံလေးသည်လည်းကောင်း ယိုင်နဲ့နေပါပြီ။
ဒါ့ကြောင့် ငယ်ကပျှော်ရွှင်ကြည်နူးခဲ့သမျှဟာ အာဏာရူးတွေရဲ့ငရဲခန်းထဲမှာ ငရဲခံရလို့ လောင်ကြွမ်းကုန်ခမ်းခဲ့ ရပါပြီ။ ဒီနေ့တော့ ပြည်မြန်မာသတင်းမှာ ဆင်းရဲသူဆင်းရဲသားများရဲ့ဘ၀ကို ကယ်တင်လိုတဲ့ ဘာရာဇီးနိုင်ငံသူ လေးဟာ သူမရဲ့အပျိုစင်ဘ၀ကို ရောင်းချပြီး ဆင်းရဲနွမ်းပါးသူများကို အိမ်ဆောက်ပေးသွားမယ်လို့ဆိုပါတယ်။
ကျွန်တော်ငယ်ငယ်ကဖတ်ခဲ့ရသော ဇိနတ္ထပကာသနီကျမ်းစာအုပ်မှာ ဗုဒ္ဓလောင်းလျာများဟာ ဘုရားဖြစ်ဖို့အ တွက် ဒါနပါရမီအစရှိတဲ့ ပါရမီဆယ်ပါးကိုဖြည့်ဆည်းရတယ်လို့ဆိုပါတယ်။ ထိုဆယ်ပါးကိုပဲကိုယ်ခန္ဓာနဲ့ရင်းနှီး လှူရတဲ့ဒါနဥပပါရမီတစ်ပါး၊
အသက်ကိုရင်းလှူတာကိုတော့ ဒါနပရမတ္ထပါရမီတစ်ပါး၊ ဒီနှစ်ပါးနဲ့ ရိုးရိုးဒါနနဲ့ပေါင်း လိုက်ရင် ဒါနပါရမီမှာသုံးပါရပါတယ်။ ဆယ်ပါးကိုသုံးလီပေါင်းလိုက်တော့ ပါရီအပါးသုံးဆယ်ဖြစ်သွားတယ်။
အခုဘရာဇီးနိုင်ငံသူလေးက အဲဒီပါရမီဆယ်ပါးထဲက ဘယ်ပါရမီမှာပါတယ်ဆိုတာကို စာဖတ်သူများသာ ဆန်း စစ်ကြည့်ပါတော့။
အခုလို အတွေးကောင်းကောင်းနဲ့ မရှိရှိတာကိုမရရတာနဲ့လှူလိုတဲ့ ဒီဘရာဇီးနိုင်ငံသူလေးကို ပါရမီမြောက်အလှူတွေများလားလို့ ကျွန်တော်တွေးမိရင်း . . . . .
By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment