▲ ▼ ✖ ❁ ❀ ✿ ✾ ✽ ▲ ▼ ✖ ❁ ❀ ✿ ✾ ✽
ဗုဒ္ဓဘာသာတွေကို ဗုဒ္ဓရဲ့အဘိဓမ္မာအခြေခံလေးတွေသိထားစေချင်တယ်။
ဒါဆိုရင် အခုမျက်မှောက်အခြေအနေဆိုတဲ့ ပစ္စုပ္ပန်အကြောင်းနဲ့ နောက်က
ဖြစ်လာပြီးသောအတိက်အကြောင်း ။ နောက်နောင်ထပ်ဖြစ်လာဦးမယ် အနာ
ဂါတ်အကြောင်း .. စသည်ဖြင့် ဘ၀ကိုပုံပန်ချီကားကို ကြနစွာခွဲခြားစိတ်ဖြာ
သုံးသပ်နိုင်တယ်။ ဒီအတွက် ဘာအကျိုးကျေးဇူးများရမလဲမေးရင် ဂဏန်း
ချမပြနိုင်အောင်ကိုပဲ ဘ၀အတွက်အစဉ်ပြေပါတယ်။ ဒါ့ကြောင့်ပဲဖြစ်မယ်
ကာလေနဓမ္မသာကစ္ဆာလို့ ဗုဒ္ဓမြတ်စွာပြောခဲ့တာ။ နောက်မင်္ဂလာသုတ်မှာပဲ
ထက်ပြောသေးတယ် ကာလေနဓမ္မဿဝနာ၊ တဲ့။
ဒီကနေ့ နိုင်ငံရေးသမားတွေ ဗုဒ္ဓအဘိဓမ္မာကိုသိစေချင်တယ်ဗျာ။ ဒါဆိုရင်
သူတို့အတွက်သံသာရာကောင်းသွားသလို ပြည်သူတွေအတွက်လည်း
အတိဒုက္ခမရောက်တော့ဘူးပေါ့ဗျာ။ အထက်ကပြောခဲ့ဖူးသလို ဇီးကွက်မ
တို့ဟာ သူတို့ရဲ့ထင်ပေါ်ကျော်ကြားမှုကို ၀ိဘဇ္ဇမလုပ်နိုင်ဘဲနဲ့ ငါတို့ကိုကမ္ဘာ
သိဆိုပြီး မိုက်ကိုင်ကာ ကမ္ဘာ့လူထုကို ပြောချင်ရာတွေပြောနေတယ်။ ကိုယ်
ပြောနေတာတွေဟာ အပါယ်ငရဲတံခါးပေါက်ထဲရောက်နေပါလားဆိုတာသူ
တို့မသိရှာကြဘူး။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတယ်။ ဒေါ်စုကြည်လည်း
ဒီအတိုင်းပဲ . . ပြည်သူကဗိုလ်ချုပ်မျက်နှာနဲ့ သူ့ကို ချစ်လွန်းလို့ အမေစုလို့
ကင်ပွန်းတပ်ခဲ့တယ်။ ပြည်သူ့နှလုံးသားကို ယူကြုံးနိုင်လွန်းလို့ သူ့ကို လူထု
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဆိုပြီး ကဗျည်းထိုးခဲ့တယ်။ နောက်ဆုံး
သူလုပ်ချလိုက်ပုံက လူထုရဲ့အသဲကို ပြာချပစ်လိုက်တာပဲမဟုတ်လား။
ဒါတွေဟာ ဘာ့ကြောင့်အလွဲအမှားတွေဖြစ်ကုန်သလဲဆိုရင် ခေတ်ပညာ
တွေသာလေ့လာတက်မြောက်ခဲ့သော်လည်း ဗုဒ္ဓစာပေတွေအပေါ်မှာတော့
မသိကျိုးကျွံပြုခြင်းရဲ့ ဆိုးကျိုးများဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်။
ပြောချင်တာတွေကတော့အများကြီးပါ။ ဒါပေမယ့်နေ့စဉ်ရေးနေရတော့
လက်တွေလည်း ညောင်းလှပြီ။
အလင်းရှင်