.

AlinShin

Monday, November 18, 2013

သံဃာနဲ့ မဟန၊ ဘိက္ခုနဲ့ ရဟန်းကွဲပြားစေရန်




ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာသာရေးနယ်ပယ်မှာပဲဖြစ်ဖြစ် အခြားလူ့အဖွဲ့အစည်းတွေမှာ
ပဲဖြစ်ဖြစ် ရံခါမှာ စကားအခြေအတင်တွေပြောနေရတက်ပါတယ်။ နောက်ဆုံး ဖေဘွတ်
ပေါ်မှာ ဆောင်းပါးလေးပဲဖြစ်ဖြစ် ရေးမိရင်တောင် စကားအခြေအတင်ပြောလာရတာ
တွေကြုံပါတယ်။ အလင်းရှင်ကိုယ်တိုင် ဖေ့ဘွတ်ပေါ်မှာ မဟန မကောင်းကောင်းကြောင်း
ကို မိစ္ဆာအဖြစ်ခေါင်းစဉ်တပ်ပြီး ကဗျာရေးခဲ့ရာ ထိုကဗျာရဲ့အောက်မှာ သံဃာကိုဆော်ကား
သူအဖြစ် စောဒနပြု စကားဆိုလာကြပါတယ်။ ဒီလိုတွေ ဘာကြောင့်သူတို့ စောဒကပြုရတာ
လဲမေးရင် စကားရဲ့ အတ္ထဗေဒသရုပ်သကန်ကို  သူတို့နားမလည်ကြဘူး။ ပြောမယ်ဆိုရင်
ခပ်ရိုင်းရိုင်းပြောရရင် စာမတတ်ဘူးပေါ့ဗျာ။ အဲ ယဉ်ယဉ်ကျေးကျေးလေးသုံးရင် မိမိပြော
လိုသော နာမ်စားရဲ့ definition ဖွင့်ဆိုချက်ကို အပြည့်အ၀ နားမလည်ကြဘူးပေါ့။ 
သံဃာလို့ ကိုယ်ကသုံးနှုန်းလိုရင် သံဃာရဲ့ definition တွေကို အဋ္ဌကထာတို့ ဋီကာတို့
စတဲ့ ကျမ်းကြီးကျမ်းခိုင်များရဲ့ အနက်ကို မယူမိရင်တောင် အဘိဓာန်မှာ ဖွင့်ပြတဲ့ definition
တွေကိုတော့ ထိထိမိမိသိပါမှ စောဒကပြုလို့ပဲဖြစ်ဖြစ် ဆွေးနွေးလိုသည်ပဲဖြစ်ဖြစ် အစဉ်ပြေ
ကြပါမှာပါ။ သံဃာ ဆိုတာ ရဟန်းအပေါင်း၊ပရိတ်သတ်အပေါင်းကိုဆိုလိုတာပါ။ သံဃာ
လို့ပြောတိုင်း ဗုဒ္ဓမြတ်စွာရဲ့ တပည့်သားသကျပုတ္တများကိုမဆိုလိုပါ။ အဘိဓာန်ကျမ်းတွင်
သံဃာကို အပေါင်းအစုဟု ဖွင့်ဆိုသောကြောင့် ဗုဒ္ဓမြတ်စွာသာသနာ့ဝန်ထမ်းရဟန်းအ
ပေါင်းကို သံဃာတော်များဟူ၍ ခေါ်ဆိုကြခြင်းပါ။ သင်္ချာအားဖြင့် (တစ်ပါး)တည်းမှာ
သုံးပါးအထိကို ရဟန်းဟုပင် သတ်မှတ်ထားပြီး သုံးပါးအထက်ကိုသား သံဃာဟုတစ်
ဖန်ခေါ်ဆိုသတ်မှန်ပြန်သည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓသည် မိမိ၏သာသနာဝန်ထမ်းရှင်
ရဟန်းများကို ဘိက္ခုဟူ၍သာ ခေါ်ဝေါ်ပါသည်။ တစ်ဖန် ဘိက္ခုပါဠိကို   definition   
ဖွင့်သော် ဘိက္ခုဟူသည် ကိလေသာကို ပါးအောင်ကျင့်ကြံသူကိုသာဆိုပြန်သည်။ 
ဘိက္ခုဟူ၍လည်း ဘုရားသားတော်ဟူ၍ မသမုတ်နိုင်ပြန်ပေ အကြင်သူသည် ၀ဋ်ကိုသိ
၏ ထိုဝဋ်ဆင်းရဲ့ကိုလည်း သိ၏ ထိုသို့သိခြင်းကြောင့် အကြင်သူသည် တဏှာရာဂ
အာသ၀တို့ကို ပယ်သတ်၏ ပယ်သတ်သော မဂ္ဂင်အကျင့်ကိုကျင့်၏ ထိုသူ၏ နေ့ညဥ့်
တို့တွင် ခံစားအပ်သောအာရုံဟူ၍မရှိ ထိုသူကို ဘိက္ခုဟူ၍ သမုတ်အပ်၏လို့ အလင်းရှင်
ရေးသားသည်မှာ အဘိဓာန်ကိုကိုးကားခြင်းပင်ဖြစ်သည်။ ယင်းတိပိဋကပဠိ-မြန်မာအဘိဓာန်
ကျမ်းတွင် . . . .
ကိလေသေ ဘိန္ဒတီတိ ဘိက္ခု ။ ဆိန္ဒဘိန္န ပဋဓရောတိပ ဘိက္ခု ၊ ဘိက္ခသိလောတိပိ ဘိက္ခု။ 
သံသာရေ ဘယံ ဣက္ခတိ ဣက္ခနသိလောတိ ၀ါ ဘိက္ခု ။ နီတိ၊ ဓာ။ ၃၆၉ အဘိ၊ ၀ိ။ ၂၅၄။
ဝိ၊ဋ္ဌ၊ ၁။ ၂၀၄။ သံ၊ ဋ္ဌ၊ ၁။ ၂၄၄။ အဘိ၊ဋ္ဌ၊ ၂၊ ၃၁၆ ။  ၀ိသုဒ္ဓိ၊ ၁။ ၃။ ပေတ၊ဋ္ဌ ၊ ၄၈။ နေတ္ထိ၊ ဋ္ဌ ၊ ၄၂။
သံသသရာဘေးကို ရှု့လေ့ရှိသူမှန်သမျှုကို ဘိက္ခု ဟုခေါ်သည်။ ယောပန ဘိက္ခု ဘိက္ခူနံ 
သိက္ခာသာဇိဝ သမာပန္နော ။ ၀ိ၊ ၁ ၊ ၂၈ ။  
ထို့ကြောင့် အလင်းရှင်ရေးခဲ့သော စကားများသည် ပါဠိတော်ရှိ ဘိက္ခုပုဒ်တို့ရဲ့ definition   
ပင် ဖြစ်ပါသည်။ထို့ကြောင့် ပါဠ်တစ်ချက်အနက်ဆယ်ထွေရယ်လို့ ပညာရှိများပြောစမှတ်
ထားခဲ့သည်။ဒါ့ကြောင့် တစ်ခါက ပိဋကတ်မုံသောက်တို့ရဲ့ အောင်မြေနက်သန်ဖြစ်သော 
ပခုက္ကူစာသင်တိုက်ကြီးတို့တွင် အများသိနေကြဖြစ်သော  " န မောတဿ ဘဂ၀တော " 
တစ်ပုဒ်ကိုပင်မြန်မာအနက်ပြန်ဆိုရာ ဗလာစာအုပ် တစ်အုပ်ကုန်တဲ့အထိ ထိုနမောတဿ 
ဘဂ၀တောအရဟတော သမ္မာသမ္ဗုဒ္ဓဿ။ သည် မဆုံးသေး။ ထိုကြောင့် အတ္ထဗေဒ 
သဒ္ဒါဗေဒတို့သည်အလွန်ပင် ထူးထွေများပြားလှ၏ ။ ယခုစာရေးသူအလင်းရှင်သည်ပင် 
မသိသေး။အဲဒါကိုမှ မသိဘဲ အများကမဟနတိုင်း ကိုယ်လည်း လိုက်ပြီးမဟနနေရင်တော့ 
မျက်ကန်းပုဏ္ဏားခြောက်ယောက် ဆင်းကိုစမ်းသလို တစ်ယောက်တစ်ပေါက်နဲ့ပေါ့ဗျာ။  
ဘိက္ခုဟူသည် ရဟန်း ရဟန်းဟူသည် ရဟန်းအကျင့်အလုပ်ကိုမလုပ်က ဘိက္ခုဟုခေါ်
သော ရဟန်းမဖြစ်နိုင်။ သံဃာဟူသည် သံဃာဟူသော အကျင့်အလုပ်ကိုမလုပ်က သံဃာ
ဟုခေါ်ဆို၍မဖြစ်နိုင်ပေ။ 
သံဃကို အဘိဓာန်တွင် . . .
သံဃ - သံဃီ (တိ) = အစုအစုဖြစ်သည်ပေါင်းအဖေါ်ရှိသည်။
သံဃ - သန္နိပါတ (ပ) = သံဃာအစည်းအဝေး။
သံဃ - သမုတိ (ဣ) = သံဃာတို့၏ သမုတ်ခြင်း။
သံဃ - သမဂ္ဂီ  (ဣ) = သံဃာတို့၏ ညီညွတ်ခြင်း
သံဃ- သုဋ္ဌုတာ (ဣ) = သံဃာတို့၏ ကောင်းသည်၏အဖြစ် ဟူ၍ Definition ဆိုချက်များ
ကိုတွေ့ရသည်။ ထို့ကြောင့် မဟနဆိုသော (၄၇)ယောက်တို့ဖြင့်ဖွဲ့ထားသောအဖွဲ့သည်
ငါးသိန်းမကသော သံဃာထုရဲ့ အလိုဆန္ဒနှင့်ဗုဒ္ဓအလိုဆန္ဒသည် ဗုဒ္ဓမြတ်စွာ၏အလိုဆန္ဒ
တော်နှင့် လျှော်၏မလျှော်၏  balance ချိန်နိုင်ရန် ၀ိနည်းတော်များကို ကိုးကားရပါသည်။
ထိုသို့မဟုတ်ဘဲ သံဃာ၏အလို ၀ိနည်းတော်၏အလိုသို့မဟုတ်ဘဲ အာဏာရူးများရဲ့အလို
သို့လိုက်နေပါက ထိုမဟနသည် အာဏာရူးမဟနသာဖြစ်မည်ဟု အလင်းရှင်သုံးသပ်ဆင်
ခြင်းမိပါသည်။
အလင်းရှင်


Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget