မယားကြီးက ဒေါ်ခင်သန္တာ(ခ) မတူးမာနဲ့က မကွာရှင်းရသေးဘူး။ မတူးမာရဲ့ပထမ
အိမ်ထောင်က လားရှိုးစော်ဘွားကြီး စဝ်ခွန်မိန်းရဲ့ သားအငယ်ဆုံး
စဝ်ခွန်မိန်းနွှုက် (ခ)JERRY ဖြစ်ပါတယ်။ ထွန်းနိုင်ရွှေမှ လင်ကြီးငုတ်တုတ်
ရှိလျက် အတင်းအဓမ္မလိုက် ကြိုက်နစ်သက်ပြီး ပတ်သက်နေလို့  လင်မယား
ကတောက်ကဆ ဖြစ်ပြီး ၁၉၉၁ မှာ ကွာရှင်းလိုက်ကြရပါတယ်။
ကွာရှင်းပြီးထွန်းနိုင်ရွှေ နဲ့ယူလိုက်ကြတာပေါ့။
ပထမအိမ်ထောင်ဖြင့် သမီးတစ်ယောက်နဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ (နာမည်တွေ မဖေါ်ပြတော့ပါ)။
ထွန်းနိုင်ရွှေနဲ့ သားတစ်ယောက် ကျော်ကျော်နို်င်ရွှေ
(ခုစင်ကာပူတွင်ကျောင်းတက် - အသက် ၁၉ နှစ်) နင့် သမီးတစ်ယောက်
(ခင်ခင်ဝတီနိုင်ရွှေ - ယခု အသက် ၁၄ နစ် တို့ ထွန်းကားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် မယားပြိုင် စံနစ်ကို ၁၉၇၆ မှာ ဆြာနေဝင်း
စကျင့်သုံးခဲ့တာပဲ။ ၁၉၇၄ ခုနှစ် မှာ အခြေခံဥပဒေ အသစ်ရေးဆွဲ၊
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကြီးကျယ်စွာကျင်းပပြီး
အတည်ပြုခဲ့တာပေါ့။ အတည်ပြုအပြီး တစ်နှစ်ခွဲအကြာမှာ အဲဒီ လမ်းလျှောက်သင်ခါစ
အရွယ်ဥပဒေလေးကို မောင်နေဝင်း ရာဂစိတ် ထကြွသောင်းကျန်းလို့  ဥပဒေနှစ်ခု
ပြင်လိုက်ပါတယ်။
ပထမ ပြင်တာက အီတလီနိုင်ငံသူ ခံယူထားတဲ့ ရတနာနတ်မယ် (ခ) John Rose ကို ဦးနေဝင်း ဘောတ်ာခွေ့ နေလို့  ပြင်တဲ့ဥပဒေ။
မူလဥပဒေက မြန်မာနိုင်ငံကနေ အပြီးအပိုင် ပြည်ပထွက်ခွာသွားသူတွေ
မြန်မာနိုင်ငံကို အလည်အပတ်ပင် ပြန်လာခွင့် မပြုရ ။ အလွတ် တင်းကြပ်လှသည့်
ဥပဒေကို (နောင်တရပြီး အမိနိုင်ငံတော်သို့  အပြီးအပိုင်ပြန်လာလိုပီး
အသနားခံ လျှောက်ထားလာပါက လူပုဂ္ဂိုလ် တစ်ဦးခြင်းအလိုက် နိုင်ငံတော်မှ
သီးသန့်  လက်ခံစဉ်းစားပေးမည်) လူတိုင်းအတွက်မဟုတ်။ ဦးနေဝင်း သဘောတ်ာခွေ
့သူများသာ လို့ မရေးထားရုံတမယ်ပါ။
ဒုတိယ ပြင်လိုက်တာက ဆြာနေဝင်းရဲ့  စတုတ္ထ မယား ဒေါ်နီနီမြင့်က ကွာရှင်းစာ
လက်မှတ်ထိုး မပေးတဲ့အတွက် အရေးအခင်းကာလက သမ္မတ တစ်လ လုပ်ခွင့်ရခဲ့သည့်
ဥပဒေပညာရှင် ဆြာဒေါက်တာမောင်မောင် ကနေပြီး မယားပြိုင် ဆိုတဲ့ဝေါဟာရကို
တီထွင်ပေးလိုက်ရပါတယ်။
အဲဒီလိုလဲ ဥပဒေကိုပြင်လို်က်တော့ FAR EASTERN ECONOMIC REVIEW ဂျာနယ်က
ကာတွန်းလေးနဲ့ ဖဲ့ပါလေရော။ ပုခက်ပေါ်က ဆံပင်ကောက်ကောက် ၁၅ -လ သမိးအရွယ်
ဗိုလ်မလေး က မျက်လုံးလေး ပြူးပြီး ပုခက်ပေါ်က ဆင်းပြေးဖို့ 
ဟန်ပြင်နေပြီး ဆြာနေဝင်းက ဗိုက်ပူပူ ဖွားဖက်တော်က ပျော့ပျော့နဲ့  ပါးစပ်က
ပြုံးဖြဲပြ ပြီး တဏှာရာဂဝေနေတဲ့ မျက်နာနဲ့  ပုံပေါ့။
ရေးထားတာက နာတတ်ရင်လဲသေလောက်အောင်ရေးထားတာ။
Ne Win plot to rape it's own infant law. နေဝင်း
သူကိုယ်တိုင်ရေးဆွဲထားတဲ့ မွေးကင်းစ ဥပဒေလေးကို မုဒိန်းကျင့်ရန်
ကြံစည်နေပုံ တဲ့။
တကယ်က ရတနာနတ်မယ်က နိုင်ငံတော်ကို ပြန်သာလာတယ်။ နိုင်ငံခြားသားပတ်စပို့ 
ကိုင်ထားလျှက်ဘဲ။ အဲဒီတုန်းက လူဝင်မှုဥပဒေက ဘယ်နို်င်ငံခြားသားမဆို
ဗွီဇာကို (၇ ) ရက်ဘဲပေးပါတယ်။ ဘယ်လိုအကြောင်းနဲ့ မှ
သက်တမ်းတိုးခွင့်မပေးပါဘူး။ ခြွှင်းချက် နိုင်ငံတော် စီမံကိန်းများမှာ
တာဝန်ထမ်းဆောင်နေသူကိုတော့ ချွင်းချက်ပေးထားပါတယ်။
ထိုစဉ်က လူတွေက ပြောကြတယ်။ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသူကြီး အတွက်ဆိုတော့ ဗွီဇာ မဟုတ် ဆာဗွီတိုတဲ့။
ရတနာနတ်မယ်နဲ့  ပေါင်းနေစဉ်က ဒေါ်နီနီမြင့်ကို မြစ်ကြီးနား ကောလိပ် မဲဇာ
ပို့ထားပြီး ဒေါ်နီနီမြင့်ရဲ့ မောင်နဲ့ ညီမတို့ ကို
နိုင်ငံတော်ပိုင်ပစ္စည်းအလွှဲ သုံးစားမှုတွေ နဲ့ မဟုတ်တမ်းတရားစွဲ။
သတင်းစာ မျက်နာဖုံးတွေပေါ်မှာ အမြဲဖေါ်ပြ။ ရတနာနတ်မယ်နဲ့က ရက်တစ်ရာ
မပြည့်ခင်ကွဲကြပါတယ်။
အဲဒီတော့ ဒေါ်နီနီမြင့်ကို ပြန်ပေါင်းဖို့  သံတော်ဆင့်တွေလွှတ် အခေါ်တော်
ပင့်စေပါတယ်။ ဒေါ်နီနီမြင့်က အမှုတွေ မေးတော့ သတင်းစာတွေထဲ အမြဲထည့်
ဖေါ်ပြနေတဲ့ အမှုတွေကို ဗိုလ်နေဝင်း တန်ခိုးနဲ့  ပျောက်စေ ဖြစ်သွားပါလေရော။
scrap with the balls .ကောင်းတွေမှာ ပြောသလိုပေါ့။ ဘောဖျက် ဘောဖျက် ဆရာမက
ခိုင်းလိုက်လျှင်ပေါ့။
ဆြာနေဝင်းတို့ ကတော့ နိုင်ငံတော်အပေါ် အဲဒီလို သစ္စာရှိခဲ့ပြသည်။ အခုလဲ
ဥာဏ်တော်မြင့်ပါတဲ့ သံတော်ဆင့်က ယတြာချေလေသလားမသိ။ ဂျာနယ်ထိပ်ဆုံးမှာ
ထွန်းနိုင်ရွှေနဲ့ မယားငယ်ပုံကို ဦးစားပေးတင်ထားတယ်။ ဆရာတော်ပုံက
ဘေးရောက်နေတယ်။ ဆရာတော်ရဲ့  ဘွဲ့ တော်ကိုတောင် အောက်မှာ ယောင်လည်လည်။
အဖြစ်သည်းပြနေတယ် ။ ခိုးပေါင်းရဲသူက ပေါင်းတာ မပြောလိုပေမည့်။
သံတော်ဆင့်က ဒီဇါတ်လမ်းဘယ်လိုရှိနေတယ် ကောင်းကောင်းသိတာပေါ့ ။
မယားကြီးရှိနေမှန်းလဲ သိနေတာဘဲ။
မယားကြီးက ကွာမပေးတာ မဟုတ်ဘူး။ လင်မယားနှစ်ဦး လုပ်ခဲ့တဲ့ စီးပွားရေးမှာ
လက်ရှိ ထွန်းနိုင်ရွှေနဲ့  နှစ်ဦးသားဆိုင်နေတာက
ပွားများပိုင်ဆိုင်ထားတဲ့ ဓန အင်အားက အမေရိကန်ဒေါ်လာ -၂ ဘီလျံ ( US$ TWO
Billion) လောက်ရှိပါတယ်။ ကွာရှင်းမယ်ဆိုလျင် ထက်ဝက်ပေးဖို့
တောင်းဆိုနေတာပါ။
ဒါကို မယားငယ်က တပြားတစ်ချပ်မှ မပေးရ အကျပ်ကိုင်နေပါတယ်။
ထွန်းနိုင်ရွှေက ဦးသန်းရွှေတို့အိမ်နဲ့ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး
ဒါတောင် ဒေါ်လာ၂ ဘီလျံလောက်ရှိတယ်။ သန္တာရွှေတို့ဘာတို့
အမ တွေ ညီမတွေက ဘယ်ပြောကောင်းမလဲ
၁-ယောက် စီကကို ၃ - ၅ ဘီလျံလောက်ချမ်းသာ နေတာ..။
ဒါနဲ့  တဆက်ထဲပေါ့။ ထွန်းနိုင်ရွှေနဲ့  ခင်သန္တာ (မတူးမာ)တို့  ၁၉၉၁ မှာ
လက်ထပ်တယ်။ ၁၉၉၂ ..ဧပြီလ ၂၃ -ရက်နေ့ မှာ ဦးသန်းရွှေ အာဏာသိမ်းတယ်။
အာဏာသိမ်းပြီး နှစ်လလောက်အရမှာ မတူးမာရဲ့ ပထမ ခင်ပွန်း ဦးဂျယ်ရီ ဟာ
ညဦးပိုင်း အိမ်အပြန် ပြည်လမ်းပေါ်မှာ လိုက်ပို့တဲ့ ကားပေါ်က အဆင်းမှာ
ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။
အဲဒီတော့ သူ့ ညီအကိုမောင်နှမတွေ အခုရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဦးခွန်ထွန်းဦး (ညီအကိုဝမ်းကွဲ တော်) တို့တတွေပါ အလောင်းရှာကြတဲ့အထိ
အလုပ်ရှုပ်ကုန်ပါတယ်။ ရဲစခန်းလူပျောက်တိုင်ကြ။ ရင်ခွဲရုံကို ရှာကြရ။
နှစ်ပတ်ခန့် နေမှ ပြန်ရောက်လာပါတယ်။
မေးတော့ အဖေါ်နဲ့ တွေ့ လို့  တာချီလိတ်ဘက်ကနေ ယိုးဒယားဖက်အထိ ရောက်သွားနေလို့ ပါပေါ့။ ဟိုတွေကလဲ လူအ တွေမှတ်လို့။ တာချီလိတ်ဖက်တွေက ဆွေမျိုးတွေကိုမေးတော့။ သူပြောတဲ့ သူ့အဖေါ်ဆိုသူက ဂျပန်ရောက်နေတာ။