by အလင်း ရှင် on Thursday, 10 May 2012 at 22:39 ·
ကောင်မလေးရေ
ငါဟာ
သွားတစ်ချောင်းရဲ့ သတ္တိလို
ခပ်မာမာတွေကို ကိုက်ဝါးရင်း . . .
မျက်လုံးတစ်လုံးရဲ့ သတ္တိလို
အရောင်တွေကို ခွဲစိတ်ရင်း . . .
အတောင်တစ်ခု သတ္တိလို
အလွှာအထပ်ထပ်ကို ပျံသန်းရင်း . . . .
ငါ့ကိုယ်ငါ ပုံစံဖျက်ပစ်ခဲ့တယ်။
ကောင်မလေးရေ
ငါဟာ
မာနဆိုတဲ့ အစိုင်အခဲကို
သွားကောင်းကောင်း
မျက်လုံး ထင်ထင်
တောင်ပံအရာတွေနဲ့
စိမ့်ဝင်ရောနှောခဲ့ရတယ်။
ကောင်မလေးရေ
ဒီလိုနဲ့ငါဟာ
အထည်ဒြပ်တစ်ခုကို
စိတ်မွှာနိုင်ခဲ့သလို
စပ်တွဲပုံဖေါ်နိုင်ခဲ့တယ်။
ဒါ့ကြောင့်
အိပ်တန်းပြန်ငှက်တစ်ကောင်လို
ဒြပ်စင်တစ်ခုရဲ့ ၀န်ကို
ပေါ့ပေါ့ပါးပါး ထမ်းရင်း
ငါ့သစ်ပင်နား ကိုရောက်ခဲ့တယ်။
By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment