၂၀၀၇ ခုနှစ်က သံဃာနှင့် ဒီမိုကရေစီလှုပ်ရှားသူများ
အကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင်
ဓာတ်ပုံ
များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။
သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Face Book တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။

သံဃာထုရဲ့ ရွံရှာစက်စုပ်ဖွယ်ရာ ယင်းစစ်ခွေးအား မေတ္တာကျိန်စာပွားများကြပါကုန်လော့