.

AlinShin

Saturday, May 30, 2015

ပြန်လမ်းပေါ်က E lite (သို့) သေလိုက် ကား


အီလိုက် မဟုတ်ဘူး သေလိုက်  . . .
သေချင်တဲ့သူတွေ လိုက်တဲ့ ကားမို့ အီလိုက် မဟုတ်တော့ဘူး
သေလိုက်ဖြစ်သွားပြီ။ ခရိုနီဗိုလ်ချုပ်ကြီးတို့ရဲ့စီးပွားရေးလုပ်
ငန်းပါ ၊ ငွေမည်းကို ငွေဖြူလုပ်တဲ့လုပ်ငန်းတစ်ခုပါပဲ။
ဒီ  ..  မပြန်လမ်းပေါ်မှာ အီလိုက်မဟုတ်တဲ့ သေလိုက်ကားကို
စီးပြီး  . .လူတွေသေကြရပြန်လေပြီ  . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
သတင်းဖြစ်စဉ်
မေ(၃၁) တံတားဦး
တံတားဦးအဝိုင်းမိုင်တိုင်အမှတ်(၃၅၇)တွင်ရန်ကုန်မှလာသောခရီး
သည်တင်Elite Express(ရန်ကုန်-ပြင်ဦးလွင်)ယာဉ်အမှတ်
(2G-7504)သည်ယာဉ်မောင်းအိပ်ငိုက်ပြီးအဝိုင်းတည့်တည့်
ဝင်တိုက်ကာအရှိန်ဖြင့်ညာဘက်အခြမ်းသို့ဆွဲသွားပြီးနံနက်(3:00)ခန့်
အချိန်လောက်တွင်ကားတိမ်းမှောက်ခဲ့ပါသည်။
ရန်ကုန်-ပြင်ဦးလွင်ခရီးစဉ်Elite Express ယာဉ်ပေါ်တွင်ကျား(၂၀) မ(၁၅)စုစုပေါင်း(၃၅)ယောက်ပါရှိလာခဲ့ပါသည်ဟုသိရသည်။
ယာဉ်တိမ်းမှောက်မှု့ကြောင်ကျား(၁)မ(၄)စုစုပေါင်းခရီးသည်(၅)
ဦးနေရာတွင်သေဆုံးပြီးဒါဏ်ရာပြင်းထန်သူကျား(၁၀)မ(၅)ကိုမန္တလေး
ဆေးရုံကြီးသို့အနှိုင်းမဲ့ပါရမီလူမှု့ကူညီရေးအသင်း။စေတနာရှင်လူမှု့ကူညီရေးအသင်းတို့ကကူညီသယ်ပို့ခဲ့ပါသည်။

မစိုးရိမ်ရသူကျန်ခရီးသည်ကျား(၉)မ(၆)တို့ကိုတံတားဦးပြည်သူဆေးရုံ
တွင်ဆေးကုသလျှက်ရှိနေကြောင်းသိရှိရပါသည်။
ယာဉ်မောင်း(၂)ဦးမှာကိုမြထွန်းနှင့်ကိုကျော်ဦးဟုသိရပြီးထွက်ပြေး
သွားကြောင်းသိရှိရပါသည်။
(သတင်းဌာနများဓါတ်ပုများယူသုံးပါကအသိပေးပါ)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget