ဒီနေ့ခေတ်မှာ . . ၀န်ထမ်းရေးရာဌာနဆိုင်ရာတွေမှာလည်း စစ်တပ်ကနေအသွင်
ပြောင်းတဲ့ (ဗိုလ်ကြီး ဗိုလ်မှူးး)တွေဟာ အရပ်ဘက်ရာထူးများကိုယူပြီးလာစာနှစ်ခု
နဲ့ နိုင်ငံကိုဖျက်နေတယ်ဆိုတာအများအသိပါ။သူတို့ကို ပြည့်သူ့ဝန်ထမ်းတွေက
“ မိုးကျရွှေကို”လို့ခေါ်တဲ့အပြင် “ နှစ်သီးစား” သမားတွေလို့လည်းခေါ်ဝေါ်ကဲ့ရဲ့
ကြပါတယ်။
သာသနာရေးကိုပြန်ကြည့်ရင်လည်း ဒီအတိုင်းပဲ .. ခေတ်ပေါ်ဂိုဏ်းတွေတစ်ဖွဲ့ပြီး
တစ်ဖွဲ့ပေါ်ပေါက်လာခဲ့တယ်။ (မဟန) (မဘသ) (၉၆၉) ဆိုတဲ့ဂိုဏ်းတွေပေါ့။
သူတို့ပေါ်ပေါက်လာရတဲ့ရည်ရွယ်ချက်က “ ဗုဒ္ဓဘာသာကိုထွန်းကားဖို့၊ကာကွယ်ဖို့”
ပါ။တကယ်တန်းလုပ်ရပ်တွေက ထိုသဘောကိုမဆောင်ပါဘူး။
လက်တွေ့ပြောရင် . .
လယ်တီသိမ်စေတီတော်ကိုမကာကွယ်ခဲ့သည့်အပြင်“သဘောထားထုတ်ပြန်ချက်”
ကိုတောင် ပြည်သူသိရန် တရုတ်ကြီးနဲ့စစ်ခွေးတို့သိရန် မကြော်ငြာခဲ့ဘူးဆိုတာ
မျက်စေ့မကဏ်းသူတိုင်းသိတယ်။ နားမကဏ်းသူတိုင်းကြားတယ်။
ကဲ ဒီလိုဆိုရင် ဒီအဖွဲ့အစည်းကြီးရှိနေတာဟာ ဘာအတွက်ရှိနေတာလည်း ?
“စစ်အစိုးရအလိုကျ ၀ိနည်းတရားများကိုလိုသလိုထုတ်သုံးဖို့ . . ။”
“ကြံ့ခိုင်ရေးကိုထောက်ခံသည့်ရဟန်းသံဃာကိုတရားဟောခွင့်ပေးဖို့”
“ကြံ့ခိုင်ရေးကိုမထောက်ခံအလင်းအမှန်ဟောတဲ့ရဟန်းသံဃာကို
တရားဟောခွင့်ပိတ်ဖို့ ထောင်ချဖို့”
“စစ်အစိုးရရဲ့အာဏာတည်မြဲရေးကို ကျားထောက်ကျားကန်ပေးဖို့ .. .။”စသည်ဖြင့်
ဖွဲ့ထားတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလိုထင်ရှားနေပါတယ်။
သရဏဂုံဆိုတာ ဒီအဖွဲ့ကြီးကိုထောက်ခံမှတည်တာမဟုတ်ပါဘူး . .။
ဗုဒ္ဓ၊ဓမ္မ၊သံဃဆိုရာမှာ ဘုရားရှင်ဖွဲ့စည်းပေးခဲ့သော အရှင်ကောဏ္ဍညတို့ကအစ
ထားလို့ဗုဒ္ဓရဲ့ဓမ္မ၀ိနယကိုလိုက်နာကျင့်ကြံတော်မူကြကုန်သောသံဃာအပေါင်း
ကိုဆိုသည်။ စစ်ခွေးအလိုကျဖွဲ့ထားသော ဂိုဏ်းများ ဂဏများကိုမဆိုလိုပါဘူး။
စစ်ခွေးတို့က သူတို့အာဏာတည်မြဲရေးအတွဲ့ ပြည်သူကို သံဃာဂိုဏ်းလှည့်ကွက်
ကုလားဖန်ထိုးတဲ့ သရုပ်သဏ္ဍာန်ဂိုဏ်းများဟာ ဗုဒ္ဓအလိုတော်ကျမဖြစ်နိုင်ပါဘူး။
ဘုရားရှင်ကလည်းပဲ သူ့သာသနာမှာ ဗုဒ္ဓ၊ဓမ္မ၊သံဃကလွဲလို့ အခြားနာမည်ဂိုဏ်း
တက်တဲ့အဖွဲ့အတုအယောင်ဆောင်တွေကို သံဃရာတနာအဖြစ်ကိုးကွယ်ရန်

မညွှန်ကြားခဲ့ပါဘူး။ ငါဘုရားမရှိသည့်နောက်မှာ ငါဘုရားဟောခဲ့သည့် ဓမ္မကို
သာဆရာအဖြစ်အားထားကိုးကွယ်ကြလို့သာဟောခဲ့ပါသည်။
ဒါ့ကြောင့် စစ်ခွေးအလိုကျဖွဲ့ထားသောဂိုဏ်းများအား မထောက်ခံ၍ သရဏဂုံ
မပျက်ပါဘူး။ သရဏဂုံဟူသည်ကလည်း သူတစ်ပါးပေးလို့ကမ်းလို့ရတဲ့အရာမျိုး
မဟုတ်ပါဘူး။
ကာယကံရှင်ဟာ လူဖြူလူမည်း မည်သူပင်ဖြစ်စေ နောက်ဆုံးစကားမပိသူမ
ပြောတက်သူပင်ဖြစ်ပါစေ ဗုဒ္ဓ၊ဓမ္မ၊သံဃကိုကြည်ညိုမိပါကာ သရဏဂုံတည်
နိုင်ပါသည်ဟု အဋ္ဌကထာဆရာမြတ်တို့ကဖွင့်ဆိုကြပါသည်။ထို ဗုဒ္ဓ၊ဓမ္မ၊သံဃ ကိုကိုးကွယ်ဆည်းကပ်သူတို့အား “ မဟာယန” ဟုဆိုဆို “ ထေရာဝါဒ”ဟု
သမုတ်သမုတ် ထိုနှစ်လီကိုအစစ်အတုရယ်လို့ ခွဲခြားဝေဖန်မဆိုစကောင်းပါ။
ကြံတစ်ချောင်းကို အဖြားကစုတ်လျှင်လည်း ကြံပဲ၊ အရင်းကစုတ်လျှင်လည်း
ကြံပါပဲ။ ချွင်းချက်အနေနဲ့ “ရသာအချို” အပေါ့နဲ့အလေးသာကွာခြားပေမည်။
ထို့ကြောင့် တကယ်တန်းဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူသည်ခေတ်ပေါ်
ဂိုဏ်းဂဏများနှင့် ဗုဒ္ဓ၀ါဒကိုခွဲခြားနားလည်နိုင်စွမ်းရှိရန် ပိဋကတ်ကိုဖတ်ရှု့
လေ့လာဖို့လိုအပ်ပါသည်ဟု တိုက်တွန်းလိုက်ပါသည်။
█ ░ အလင်းရှင် ░ █